VIDEO
တရုတ်နိုင်ငံတွင် နွေဦးစိုက်ပျိုးရေးလုပ်ငန်း အပြည့်အဝ လည်ပတ်
ပေကျင်း၊ မတ် ၂၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံတွင် COVID-19 ကူးစက်ပျံ့ပွားချိန်၌ပင် နွေဦးစိုက်ပျိုးရေးလုပ်ငန်းများ မှာ ပုံမှန်အတိုင်း ရှေ့ဆက်နေခဲ့သည်။ ကောင်းမွန်သည့် ကောက်ပဲသီးနှံ များ အထွက်တိုးစေရန်
လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများတွင် လွယ်ကူချောမွေ့စွာလုပ်ဆောင်နိုင်ရန်နိုင်ငံတစ်ဝန်းတွင် အစီအမံများဆောင်ရွက်ခဲ့သည်။
နွေဦးစိုက်ပျိုးရေးလုပ်ငန်းသည် တရုတ်နိုင်ငံ၏ လယ်ယာစိုက်ပျိုးရေး ကဏ္ဍအတွက် အလွန် အရေးပါသည်။ နွေဦးစိုက်ပျိုးရိတ်သိမ်ခြင်းသည် တရုတ်နိုင်ငံ၏ တစ်နှစ်စာ ကောက်ပဲသီးနှံ ထွက်ရှိမှု ထက်ဝက်စာပမာဏရှိသည်။ တစ်နည်းဆိုရသော် နွေဦးစိုက်ပျိုးရိတ်သိမ်းမှုသည်တရုတ်နိုင်ငံရှိ နိုင်ငံသူနိုင်ငံသား ၁.၄ ဘီလီယံကို ကျွေးမွေးနိုင်သည့် ပမာဏလည်းဖြစ်သည်။
သို့ရာတွင် ယခုနှစ်၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုနှင့်ကြုံတွေ့ ရာ တရုတ်နိုင်ငံအနေဖြင့် စိန်ခေါ်မှုနှင့်ကြုံတွေ့ရပြီး ၎င်းအားကိုင်တွယ်ဖြေရှင်းသည့် နည်းလမ်းများမှာ မှတ်သားဖွယ်ကောင်းလှသည်။
စားသောက်ကုန်များ လုံလောက်စွာ စဉ်ဆက်မပြတ်ဖြည့်ဆည်းနိုင်ရေးသည် တရုတ်နိုင်ငံ၏ အဓိက ဦးစားပေး တစ်ခုဖြစ်သည်။
တရုတ်နိုင်ငံတွင် COVID-19 ဖြစ်ပွားမှုများအကြား စားနပ်ရိက္ခာများပြတ်လပ်မှုမရှိရန် အစိုးရ က ကိုင်တွယ်ဖြေရှင်းသည့်နည်းလမ်းများရှိသည်။
ထိုအထဲတွင် ကျေးလက်ဒေသများတွင် ကပ်ရောဂါ ထိန်းချုပ်မှုကို လိုအပ်ချက်နှင့်အညီ အံဝင်ခွင်ကျရှိစေရန် စီမံထားခြင်း ဖြစ်သည်။ ၎င်း၏ အဓိပ္ပါယ်မှာ မတူညီသည့် ကူးစက်ရောဂါပျံ့ပွားမှု အန္တရာယ်အဆင့်အပေါ်မူတည်ပြီး မတူညီသည့် အစီအမံများကို ဆောင်ရွက်ခြင်းပင်ဖြစ်သည်။
ထိုသို့ဆောင်ရွက်ရာမှ ကောက်ပဲသီးနှံ ထွက်ရှိမှုကို တိုးမြင့်စေပြီး လယ်ယာမြေတိုင်း စိုက်ပျိုးရိတ်သိမ်းနိုင်ကာ လုံလောက်သည့် ကောက်ပဲသီးနှံ အထွက်နှုန်းကိုရရှိစေသည်။
ထို့အပြင် လုပ်ငန်းအလိုက် ငွေကြေးထောက်ပံ့မှုများကိုလည်း လုပ်ဆောင်ထားပြီး၎င်းတို့မှာ
(၁) ဆန်နှင့် ဂျုံအတွက် အစိုးရမှ အခြေခံ ရည်ညွှန်း ဈေးနှုန်းသတ်မှတ်ပေးခြင်း
(၂) ယွမ် ၂၆၀ ဘီလီယံ နီးပါး (အမေရိကန်ဒေါ်လာ ၃၇.၁ဘီလီယံ) ခန့်ကို ကျေးလက် သမဝါယမ လုပ်ငန်းများမှထုတ်ချေးပေးခြင်း
(၃)ယွမ် ၁၅၀ ဘီလီယံ ကျော်( အမေရိကန်ဒေါ်လာ ၂၁.၄ ဘီလီယံ) ကို လယ်ယာစိုက်ပျိုးရေး အထူးချေးငွေအဖြစ်သတ်မှတ်ပေးထားခြင်း တို့ပါဝင်သည်။
လယ်ယာစိုက်ပျိုးရေးကဏ္ဍအတွက် စုစုပေါင်းထုတ်ချေးငွေ ယွမ် ၃.၈၇ ထရီလီယံ ယွမ် (အမေရိကန်ဒေါ်လာ ၅၅၂ ဘီလီယံ) အထိရှိခဲ့သည်။
ထို့အပြင် စိုက်ပျိုးရေး အတွက်လိုအပ်သည့် မျိုးစေ့များ၊ မြေ ဩဇာများ နှင့် ပိုးသတ်ဆေးများ ကိုလည်း အလုံအလောက် ဖြည့်ဆည်းပေးခဲ့သည်။
တရုတ်နိုင်ငံက ကပ်ရောဂါ ထိန်းချုပ်ရေးနှင့်အတူ စိုက်ပျိုးသီးနှံများအထွက်တိုးရေးအတွက်ပါ တတ်နိုင်သလောက် အကောင်းဆုံးကြိုးပမ်းဆောင်ရွက်လျှက်ရှိသည်။
၎င်းမှာနွေရာသီ စိုက်ပျိုးသီးနှံများ အထွက်တိုးခြင်း၏ ပင်မ သော့ချက်များပင်ဖြစ်ပေသည်။ (Xinhua)
Continue Reading