Connect with us

WORLD

ရုရှားနိုင်ငံက အီဂျစ်နိုင်ငံကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ၂၅ သန်းပံ့ပိုးပေးမည်ဟုဆို

ရုရှားနိုင်ငံမော်စကိုမြို့ရှိ ကူးစက်ရောဂါနှင့် အဏုဇီဝဗေဒဆိုင်ရာ အမျိုးသားသုတေသနဌာန (NIC) "N.F. Gamalea”တွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး သုတေသနပြုလုပ်နေသည်ကို ဩဂုတ် ၆ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) 

ရုရှားနိုင်ငံ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့(RDIF)သည် အီဂျစ်နိုင်ငံ ဧရာမဆေးကုမ္ပဏီကြီးနှင့် စက်တင်ဘာ ၃၀ ရက်က သဘောတူလက်မှတ်ရေးထိုးခဲ့ရာ ယင်းသဘောတူညီချက်အရအီဂျစ်သို့ “Sputnik V”  ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး  ၂၅ သန်း ပံ့ပိုးမည်ဖြစ်ပြီး အီဂျစ်လူဦးရေ၏ လေးပုံတစ်ပုံကို လွှမ်းခြုံနိုင်မည်ဟု မျှော်လင့်ရကြောင်းသိရသည်။  

ရုရှားနိုင်ငံ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ(RDIF) ၏ စက်တင်ဘာ ၃၀ ရက် ထုတ်ပြန်ချက်အရRDIFသည် အီဂျစ် ဧရာမဆေးကုမ္ပဏီကြီးဖြစ်သည့် Pharcoနှင့် သဘောတူညီချက်ရရှိထားပြီဖြစ်ကြောင်း ၊ အီဂျစ် ကျန်းမာရေးဝန်ကြီးဌာန၏ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်အတွက် အထောက်အပံ့အဖြစ် အီဂျစ်သို့  “Sputnik V”ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး၂၅သန်းပံ့ပိုးမည်ဖြစ်ကြောင်းသိရသည်။ 

RDIF ၏အမှုဆောင်အရာရှိချုပ် Kirill Dmitriev ကအဆိုပါသဘောတူညီချက်ကြောင့် အီဂျစ် လူဦးရေသန်း ၁၀၀ ခန့်၏ လေးပုံတစ်ပုံသည် ထိရောက်လုံခြုံမျုရှိသည့် ကာကွယ်ဆေးကိုရရှိစေမည် ဖြစ်ကြောင်းဆိုသည်။နောင်လာမည့်လ အနည်းငယ်တွင် အီဂျစ်၌ ကာကွယ်ဆေးပမာဏအလိုက် ထုတ်လုပ်ရန်အပါအဝင်RDIFနှင့် တစ်ဆင့်တိုးပူးပေါင်းဆောင်ရွက်မှုများလုပ်ဆောင်ရန် စဉ်းစားနေကြောင်း Pharcoဥက္ကဋ္ဌကဆိုသည်။ 

ထိုမတိုင်မီ RDIFသည် မက္ကဆီကို၊ ဘရာဇီး၊ အိန္ဒိယ၊ ဥဇဘက်ကစ္စတန်၊ နီပေါနိုင်ငံများနှင့် “Sputnik V”  ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးပံ့ပိုးရန် သဘောတူညီချက်ရရှိထားပြီဖြစ်ရာ ၎င်းတို့အနက် မက္ကဆီကိုသို့ ကာကွယ်ဆေး ၃၂ သန်း၊ ဘရာဇီးသို့ သန်း ၅၀ ၊ အိန္ဒိယသို့ သန်း ၁၀၀ ပံ့ပိုးတင်သွင်းသွားမည်ဖြစ်ကြောင်းသိရသည်။ 

ကူးစက်ရောဂါနှင့် အဏုဇီဝဗေဒဆိုင်ရာအမျိုးသားသုတေသနဌာန (NIC) “N.F. Gamalea”မှသုတေသနပြုထုတ်လုပ်သည့်  “Sputnik V”ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကိုရုရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနကဩဂုတ် ၁၁ ရက်တွင် မှတ်ပုံတင်ထားခြင်းဖြစ်ကြောင်းသိရသည်။ ရုရှားသည် ကမ္ဘာလုံးဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးလုပ်ငန်းစဉ်တွင် ရှေ့ဆောင်အခန်းကဏ္ဍက ပါဝင်ကြောင်း ရိုက်တာသတင်းဌာန၏ သတင်းများကဆိုသည်။ 

ဗိုင်းရပ်စ်နှင့်ဇီဝဗေဒနည်းပညာဆိုင်ရာ အမျိုးသားသုတေသနစင်တာ(VECTOR)က သုတေသနပြုလျက်ရှိသည့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတစ်မျိုး၏ လက်တွေ့စမ်းသပ်မှုသည် စက်တင်ဘာ ၃၀ ရက်တွင် ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ရုရှားဖက်ဒရေးရှင်းစားသုံးသူအခွင့်အရေး ကာကွယ်ထိန်းသိမ်းရေးနှင့် စောင့်ကြည့်ရေးဌာန၏ သတင်းများကိုကိုးကား၍ RIA Novostiသတင်းဌာနကယင်းနေ့တွင် ဖော်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.