Connect with us

WORLD

အင်္ဂလန်တွင် လော့ခ်ဒေါင်းကာလ ထပ်တိုးနိုင်၊ အစ္စရေးတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှုများစတင်

ဗြိတိန်နိုင်ငံ လန်ဒန်မြို့၏ မြင်ကွင်းအချို့အား နိုဝင်ဘာ ၁ ရက်က တွေ့ရစဉ် ((Photo by Tim Ireland/Xinhua)

ပေကျင်း၊ နိုဝင်ဘာ ၂ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

အင်္ဂလန်တွင် လော့ခ်ဒေါင်းကာလ ထပ်တိုးနိုင်ကြောင်းနှင့် အစ္စရေးတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှုများစတင်နေပြီဖြစ်ကြောင်း နိုဝင်ဘာ ၁ ရက် သတင်းများအရ သိရသည်။

(၁) ကမ္ဘာလုံးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ထုတ်ပြန်သော ကိန်းဂဏန်းများအရ နိုဝင်ဘာ ၁ ရက် ဗဟိုဥရောပ စံတော်ချိန်(CET) ၁၃ နာရီ ၄၉ မိနစ်အထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ အတည်ပြုလူနာ အရေအတွက်သည် ပြီးခဲ့သောရက်ကထက် ၄၇၃,၃၁၁ ဦး တိုးမြင့်လာပြီး အသစ်ထပ်တိုးသေဆုံးသူ ၆,၅၇၈ ဦး ရှိရာ စုစုပေါင်း အတည်ပြုလူနာ ၄၅,၉၄၂,၉၀၂ ဦး နှင့် စုစုပေါင်း သေဆုံးသူ ၁,၁၉၂,၆၄၄ ဦး ရှိကြောင်း သိရသည်။

 ဗြိတိန်နိုင်ငံ လန်ဒန်မြို့၏ မြင်ကွင်းအချို့အား နိုဝင်ဘာ ၁ ရက်က တွေ့ရစဉ် ((Photo by Tim Ireland/Xinhua)

အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ ပေကျင်း စံတော်ချိန် နိုဝင်ဘာ ၂ ရက် ၈ နာရီ ၂၄ မိနစ်အထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ အတည်ပြုလူနာ စုစုပေါင်း ၄၆,၄၀၂,၃၃၈ ဦး၊ စုစုပေါင်း သေဆုံးသူ ၁,၁၉၉,၅၀၀ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။ အမေရိကန်နိုင်ငံသည် တစ်ကမ္ဘာလုံးတွင် ကပ်ရောဂါအခြေအနေ အဆိုးဝါးဆုံး နိုင်ငံဖြစ်ပြီး အတည်ပြုလူနာ ၉,၁၉၅,၀၆၈ ဦး နှင့် သေဆုံးသူ ၂၃၀,၈၈၄ ဦး ရှိကြောင်း သိရသည်။

(၂) သတင်းအချက်အလက်များ

အင်္ဂလန်တွင် နိုဝင်ဘာ ၅ ရက်မှစ၍ လော့ခ်ဒေါင်း တစ်လ ချမည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က အောက်တိုဘာ ၃၁ ရက်တွင် ကြေညာခဲ့သည်။ လော့ခ်ဒေါင်းကာလတွင် ကိုရိုနာ ကူးစက်မှုနှုန်း မလျော့ကျသွားပါက လော့ခ်ဒေါင်းကာလကို ထပ်တိုးနိုင်ကြောင်း ဗြိတိန် အစိုးရအဖွဲ့ရုံး ဝန်ကြီး Michael Goveက နိုဝင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။

 ဗြိတိန်နိုင်ငံ လန်ဒန်မြို့၏ မြင်ကွင်းအချို့အား နိုဝင်ဘာ ၁ ရက်က တွေ့ရစဉ် ((Photo by Tim Ireland/Xinhua)

အစ္စရေးနိုင်ငံတွင် နိုဝင်ဘာ ၁ ရက်မှစ၍ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှုများ စတင်နေပြီဖြစ်ကြောင်း သိရသည်။ စမ်းသပ်မှု အောင်မြင်မည်ဆိုပါက လာမည့်နှစ် နွေရာသီတွင် ထွက်ရှိနိုင်မည် ဖြစ်ကြောင်း ကာကွယ်ဆေး သုတေသန ဌာနက ဆိုသည်။ “BriLife”ဟု အမည်ရသည့် ၎င်းကာကွယ်ဆေးသည် အစ္စရေးနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ အစ္စရေး ဇီဝဗေဒ သုတေသန ဌာနမှာ သုတေသနပြုလုပ်ခြင်းဖြစ်ရာ ဇွန်လပိုင်းက တိရစ္ဆာန်တွင် စမ်းသပ်မှုအောင်မြင်ခဲ့ကြောင်း သိရသည်။ ကာကွယ်ဆေးကို ကြီးကြပ်ရေးဌာနက ခွင့်ပြုပြီးဖြစ်ရာ လက်တွေ့စမ်းသပ်မှုကို ပြုလုပ်တော့မည်ဖြစ်ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၅ ရက်တွင် ကြေညာခဲ့သည်။

ဩစတြေးလျနိုင်ငံ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရပ်ကျေးကူးစက်မှုအသစ် မရှိကြောင်း ၊၎င်းမှာ ၅ လကြာကာလအတွင် ပထမဆုံးအကြိမ် ကူးစက်မှုမရှိခြင်းဖြစ်ရာ ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးနည်းလမ်းများကို တစ်ဆင့်တိုးဖြေလျော့ရန် အခွင့်အလမ်း ဖြစ်လာကြောင်း ယင်းကျန်းမာရေးဝန်ထမ်းအရာရှိတစ်ဦးက နိုဝင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။

တောင်ကိုရီးယားနိုင်ငံတွင် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးစနစ်တည်ဆောက်မှု ပို၍တိကျစေရန် social distance အဆင့်သတ်မှတ်ကျင့်သုံးမှုများကို ဘက်စုံ ချိန်ညှိသွားမည်ဖြစ်ကြောင်း သဘာဝဘေးအန္တရာယ်လုံခြုံရေးစီမံမှုဗဟိုက နိုဝင်ဘာ ၁ရက်တွင် ကြေညာခဲ့သည်။ social distance သတ်မှတ်ချက်သစ်သည် ကပ်ရောဂါကာကွယ်ရေးအဆင့် ၃ သတ်မှတ်ချက်တွင်အခြေခံ၍ အသေးစိတ်ခြင်း ဖြစ်ပြီး ၁.၅ အဆင့်နှင့် ၂.၅ အဆင့် ထပ်တိုးထားရာ ရောဂါကာကွယ်ထိန်းချုပ်ရေး အဆင့်၏စံချိန်များသည် ဒေသမတူညီပါက ကွာခြားမှုရှိကြောင်း သိရသည်။ အဆင့် ၁.၅ နှင့် ၂.၅ ကို ဒေသတစ်နေရာကူးစက်မှုအဆင့်အဖြစ် သတ်မှတ်ထားပြီး အဆင့် ၂.၅ နှင့် အဆင့် ၃ ကို တစ်နိုင်ငံလုံးအတိုင်းအတာကူးစက်မှုအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။ အဆင့် ၂.၅ တွင် လူ ၅၀ အထက် စုဝေးခြင်းကို တားမြစ်ထားပြီး အဆင့် ၃ တွင် လူ ၁၀ ဦးအထက် စုဝေးခြင်းကို တားမြစ်ထားကြောင်း သိရသည်။(Xinhua)