Connect with us

WORLD

အီရတ်တွင် ညမထွက်ရအမိန့် ထပ်မံကြေညာ၊ အရှေ့အလယ်ပိုင်းနိုင်ငံများတွင် ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများ တွန်းအားပေး ဆောင်ရွက်လျက်ရှိ

အီရတ်နိုင်ငံ ဘဂ္ဂဒက်တွင် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုများ ပြုလုပ်နေသည်ကို ဇန်နဝါရီ ၃၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဒိုဟာ၊ ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ)

ကိုရိုနာဗိုင်းရပ်စ်သည် အရှေ့အလယ်ပိုင်းဒေသများတွင် ပြန့်ပွားနေဆဲဖြစ်သည်။ ဖေဖော်ဝါရီ ၁၃ ရက်က အီရတ်တွင် ညမထွက်ရအမိန့် ကျင့်သုံးရန် နောက်ထပ်တစ်ကြိမ် ကြေညာခဲ့ကြောင်းနှင့် လက်ဘနွန်၊ အစ္စရေးစသည့် နိုင်ငံများတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများ ဆက်လက်တွန်းအားပေး လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

အီရတ်ကျန်းမာရေးဝန်ကြီးဌာန၏ ဖေဖော်ဝါရီ ၁၃ ရက် ထုတ်ပြန်ချက်များအရ ယင်းနေတွင် အသစ်ထပ်တိုးအတည်ပြုလူနာ (၂,၁၉၀)ဦးနှင့် စုစုပေါင်းအတည်ပြုလူနာ (၆၄၁,၆၂၈)ဦး၊ စုစုပေါင်း သေဆုံး လူနာ (၁၃,၁၆၄)ဦးရှိကြောင်း သိရသည်။ ကပ်ရောဂါပြန့်ပွားမှုကို ဟန့်တားရန် တစ်နိုင်ငံလုံး ဖေဖော်ဝါရီ ၁၈ ရက်မှ မတ် ၈ ရက်အထိ ညမထွက်ရအမိန့် ထပ်မံကျင့်သုံးရန် အချိန်မှာ တနင်္လာနေ့မှ ကြာသပတေးနေ့အထိ နေ့စဉ် ည ၈ နာရီမှ နောက်တစ်နေ့မနက် ၅ နာရီ ၊ သောကြာနေ့မှ တနင်္ဂနွေနေ့အထိ တစ်ရက်တာလုံး သတ်မှန်ရန် အီရတ်ကျန်းမာရေးဝန်ကြီးဌာနနှင့် အမျိုးသား လုံခြုံရေးအဆင့်မြင်ကော်မတီက ယင်းနေ့တွင် ဆုံးဖြတ်ခဲ့သည်။

 အီရတ်နိုင်ငံ ဘဂ္ဂဒက်တွင် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုများ ပြုလုပ်နေသည်ကို ဇန်နဝါရီ ၃၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

 အီရတ်နိုင်ငံ ဘဂ္ဂဒက်တွင် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုများ ပြုလုပ်နေသည်ကို ဇန်နဝါရီ ၃၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကာတာကျန်းမာရေးဝန်ကြီးဌာန၏ ဖေဖော်ဝါရီ ၁၃ ရက် ထုတ်ပြန်ချက်များအရ ယင်းနိုင်ငံတွင် အသစ်ထပ်တိုး အတည်ပြုလူနာ (၄၅၃)ဦးနှင့် စုစုပေါင်းအတည်ပြုလူနာ (၁၅၆,၈၀၄)ဦး၊ စုစုပေါင်း သေဆုံးလူနာ (၂၅၅)ဦး ရှိကြောင်း သိရသည်။ ကာတာနိုင်ငံ၏ တစ်ရက်အတွင်း ထပ်တိုးအတည်ပြုလူနာ ဦးရေ ဆက်တိုက် မြင့်တက်လျက်ရှိရာ ကပ်ရောဂါလှိုင်းသစ် ကနဦးအရိပ်အရောင်ပြနေခြင်းဖြစ်နိုင်ကြောင်း ကာတာကျန်းမာရေး ဝန်ကြီးဌာနက ယင်းနေ့တွင် ပြောကြားခဲ့သည်။ ထို့ကြောင့် ပြည်သူလူထုအနေဖြင့် ကပ်ရောဂါကာကွယ်တားဆီးရေးနည်းလမ်းများကို လက်တွေ့လိုက်နာကြစေလိုကြောင်း၊ လာမည့် ရက်သတ္တပတ် တစ်ပတ်မှ နှစ်ပတ်အတွင်း နေ့စဉ်ထပ်တိုးလူနာ အဆက်မပြတ်တိုးမြင့်လာပါက ရောဂါကာကွယ်တားဆီးရေးနည်းလမ်းများကို ပိုမို တင်းကျပ်စွာ လုပ်ဆောင်နိုင်ချေရှိ ကြောင်း ဆိုသည်။

လက်ဘနွန်နိုင်ငံတွင် ဖေဖော်ဝါရီ ၁၃ ရက်က အသစ်ထပ်တိုးအတည်ပြုလူနာ (၂,၉၀၆)ဦးနှင့် စုစုပေါင်းအတည်ပြုလူနာ (၃၃၆,၉၉၂)ဦး၊ စုစုပေါင်း သေဆုံးသူ(၃,၉၆၁)ဦး ရှိကြောင်း လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းများအရ သိရသည်။ ယင်းနေ့တွင် ပထမအသုတ် Pfizerကိုဗစ်ကာကွယ်ဆေးကို လက်ဘနွန်က လက်ခံရရှိပြီး ကာကွယ်ဆေးထိုးနှံမှုများကို ဖေဖော်ဝါရီ ၁၄ ရက်တွင် စတင်လုပ်ဆောင်ရန် သတ်မှတ်ထားသည်။ ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ပါးစပ်နှာခေါင်းစည်း ဆက်လက်တပ်ဆင်ရန်၊ လူနေမှုဘဝတွင် ခပ်ခွာခွာနေရန်နှင့် တစ်ကိုယ်ရေကျန်းမာရေးကို ဂရုပြုကြရန် လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးHamad Hasanက သတိပေးပြောကြားထားသည်။

အစ္စရေးနိုင်ငံတွင် ဖေဖော်ဝါရီ ၁၃ ရက်က အသစ်ထပ်တိုးအတည်ပြုလူနာ (၃,၀၁၃)ဦးနှင့် စုစုပေါင်း အတည်ပြုလူနာ (၇၂၁,၇၅၉)ဦး၊ စုစုပေါင်းသေဆုံးလူနာ (၅,၃၄၀)ဦး ရှိကြောင်း အစ္စရေးကျန်းမာရေးဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ သိရသည်။ အစ္စရေးတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးသူ (၃.၈၂)သန်းရှိရာ ၎င်းမှာ တစ်နိုင်ငံလုံး လူဦးရေ၏ (၄၁.၁)ရာခိုင်နှုန်း ရှိသည်။

မော်ရိုကိုတွင် ကိုဗစ် အသစ်ထပ်တိုးအတည်ပြုလူနာ (၄၉၆) ဦး နှင့် စုစုပေါင်းအတည်ပြုလူနာ (၄၇၇,၆၅၆) ဦး ၊ စုစုပေါင်းသေဆုံးလူနာ (၈,၄၅၀)ဦး ရှိကြောင်း ယင်းကျန်းမာရေးဝန်ကြီးဌာန၏ ဖေဖော်ဝါရီ ၁၃ ရက် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။ ဖေဖော်ဝါရီ ၁၂ ရက်အထိ မော်ရိုကိုတွင် ကာကွယ်ဆေးထိုးနှံပြီးသူ (၁)သန်းကျော် ရှိပြီဖြစ်သည်။

အီဂျစ်တွင် အသစ်ထပ်တိုးအတည်ပြုလူနာ (၆၀၀)ဦးနှင့် စုစုပေါင်းအတည်ပြုလူနာ (၁၇၃,၂၀၂)ဦး၊ စုစုပေါင်း သေဆုံးလူနာ (၉,၉၃၅)ဦး ရှိကြောင်း ယင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ဖေဖော်ဝါရီ ၁၃ ရက် ထုတ်ပြန်ချက်များအရသိရသည်။ ကိုဗစ်လူနာ လက်ခံကုသပေးနေသည့် ဆေးရုံပေါင်း (၃၀၀)ကျော်မှ ကျန်းမာရေးဝန်ထမ်းများ ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးနောက် ဖေဖော်ဝါရီ ၂၀ ရက်တွင် အခြားဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများကို ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဟု အီဂျစ်ကျန်းမာရေးဝန်ကြီး Hala Zayedက ဆိုသည်။

ကူဝိတ်တွင် အသစ်ထပ်တိုးလူနာ (၈၅၁)ဦးနှင့် စုစုပေါင်းအတည်ပြုလူနာ (၁၇၆,၉၀၃)ဦး ၊ စုစုပေါင်းသေဆုံးလူနာ (၉၉၈)ဦးရှိကြောင်း ယင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ဖေဖော်ဝါရီ ၁၃ ရက် ဖော်ပြချက်များအရ သိရသည်။ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ရန် ကိုဗစ် ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူများသည်လည်း နိုင်ငံအတွင်းသို့ ဝင်ရောက်သည့်အခါ တစ်စုတစ်စည်းတည်း သီးခြားထား ကျန်းမာရေး စောင့်ကြည့်မှုကို ခံယူရမည်ဖြစ်ကြောင်း ကူဝိတ်Al-Qabas သတင်းစာက ကျန်းမာရေးဝန်ကြီးဌာန အရာရှိတစ်ဦး၏ပြောကြားချက်ကို ကိုးကားဖော်ပြထားသည်။ (Xinhua)
 ——————————
Chinese Version)
(国际疫情)综合消息:伊拉克宣布再次“宵禁” 中东多国推进疫苗接种
新华社多哈2月13日电综合新华社驻中东地区记者报道:新冠病毒仍在中东地区蔓延。13日,伊拉克宣布将再次实施“宵禁”措施,黎巴嫩、以色列等国继续推进新冠疫苗接种工作。
伊拉克卫生部13日报告新增确诊病例2190例,累计确诊641628例,累计死亡13164例。为遏制疫情蔓延,伊拉克卫生和国家安全高级委员会当天决定,全国2月18日至3月8日再次实施“宵禁”,时间为周一至周四每日20时至次日5时、周五至周日全天。
 卡塔尔卫生部13日报告新增确诊病例453例,累计确诊156804例,累计死亡255例。卫生部当天表示,卡塔尔单日新增确诊病例数持续上升,可能是出现新一波疫情的早期迹象,希望民众切实遵守防疫措施,如果未来一至两周内单日到医院就诊的新冠患者持续增加,不排除在全国实施更严格的防疫措施。 

黎巴嫩卫生部13日报告新增确诊病例2906例,累计确诊336992例,累计死亡3961例。黎巴嫩当天收到第一批辉瑞新冠疫苗,接种定于14日开始。卫生部长哈马德•哈桑提醒,即便接种了疫苗,人们仍需继续戴口罩、保持社交距离和注意个人卫生。
以色列卫生部13日公布的数据显示,该国新增确诊病例3013