Connect with us

WORLD

တရုတ်နိုင်ငံဇီဝနည်းပညာကုမ္ပဏီမှ ထုတ်လုပ်သည့် COVID-19 ရောဂါကာကွယ်ဆေး ထိရောက်မှုရှိကြောင်း တူရကီနိုင်ငံ ထုတ်ပြန်ကြေညာ

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ တွင် ပြည်သူများ နှာခေါင်းစည်းတပ်၍ သွားလာလှုပ်ရှားနေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

အန်ကာရာ ၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

တရုတ်နိုင်ငံ SINOVAC ဇီဝနည်းပညာကုမ္ပဏီမှ တီထွင်ထုတ်လုပ်ထားသည့် COVID-19 ရောဂါ ကာကွယ်ဆေးသည် တူရကီနိုင်ငံ ပြည်သူများအတွက် အသုံးပြုနိုင်ပြီး ထိရောက်မှုရှိကာ လုံခြုံမှုလည်းရှိကြောင်း တူရကီနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး Fahrettin Koca က ဒီဇင်ဘာ ၂၄ ရက် ၌ ပြောကြားခဲ့သည်။

တူရကီ နိုင်ငံအတွင်း၌ SINOVAC ဇီဝနည်းပညာကုမ္ပဏီ မှ တီထွင်ထုတ်လုပ်ထားသည့် COVID-19 ရောဂါ ကာကွယ်ဆေးအား မိမိဆန္ဒအလျောက် ထိုးနှံမှုခံယူခဲ့သူများ၏ ကနဦး အချက်အလက်များအရ ၎င်းကာကွယ်ဆေး၏ ထိရောက်မှုသည် ၉၁.၂၅ ရာခိုင်နှုန်းရှိကြောင်း ၊ လူ၌လက်တွေ့ စမ်းသပ်မှုပြုလုပ်ရာတွင် ဆိုးရွားသည့် ဘေးထွက်ဆိုးကျိုးဖြစ်ပေါ်ခြင်းကို မတွေ့ရှိခဲ့ရကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် တူရကီနိုင်ငံအား အဆိုပါ ကာကွယ်ဆေး ရောင်းချပေးရန် သဘောတူညီခဲ့ပြီး လုပ်ငန်းစဉ်အားလုံး အဆင်ပြေပါက တရုတ်နိုင်ငံမှ ပထမအသုတ် ကာကွယ်ဆေးအခုရေ ၃ သန်းမှာ လာမည့်ရက်အနည်းအငယ်အတွင်း တူရကီနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ကြောင်း Fahrettin Koca က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ထို့ပြင် Fahrettin Koca က ကာကွယ်ဆေးထိုးနှံပေးသည့် လုပ်ငန်းစဉ်တွင် ပထမ အသုတ်အနေဖြင့် လူဦးရေ ၉ သန်း ကာကွယ်ဆေး ထိုးနှံနိုင်မည်ဖြစ်ပြီး ပထမအသုတ် ကာကွယ်ဆေး ထိုးနှံပေးမည့်သူများက ဆေးဘက်ဆိုင်ရာဝန်ထမ်းများနှင့် အန္တရာယ်များသော ပတ်ဝန်းကျင်တွင် လုပ်ကိုင်ဆောင်ရွက်နေကြသူများဖြစ်ကြောင်း သိရှိရသည်။

တူရကီနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ တူရကီနိုင်ငံတွင် ဒီဇင်ဘာ ၂၅ ရက် ၌ လူပေါင်း ၂၀၁,၁၀၄ ဦး အား COVID-19 ရောဂါ ကူးစက်မှု ရှိမရှိ စစ်ဆေးခဲ့ရာတွင် လူပေါင်း ၁၇,၅၄၃ ဦး၌ ထပ်မံကူးစက်ခံရကြောင်း သိရှိခဲ့ရပြီး ထပ်မံကူးစက်ခံရသူများအနက် လူပေါင်း ၃,၁၉၉ ဦး က ရောဂါလက္ခဏာပြသသည့် ကူးစက်ခံရသူများဖြစ်ကြကြောင်း ၊ လက်ရှိချိန်တွင် တူရကီနိုင်ငံ ၌ COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၂,၁၁၈,၂၅၅ ဦး အထိရှိလာခဲ့ပြီး COVID-19 ရောဂါကြောင့် လူပေါင်း ၂၅၆ ဦး ထပ်မံသေဆုံးခဲ့ကြောင်း ၊ COVID-19 ရောဂါကြောင့် တူရကီနိုင်ငံတွင် သေဆုံးခဲ့ရသူ စုစုပေါင်း ၁၉,၃၇၁ ဦးရှိခဲ့ပြီး ရောဂါမှ ပြန်လည်သက်သာလာသူ စုစုပေါင်း ၁,၉၇၀,၈၀၃ ဦး ရှိကြောင်း သိရှိရသည်။ (Xinhua)

————————————-
(Chinese Version)
(国际疫情)土耳其宣布中国科兴公司新冠疫苗具备有效性
2020-12-26 01:48:32 分类: 医药卫生
  新华社安卡拉12月25日电(记者郑思远 施洋)土耳其卫生部长科贾24日晚表示,土耳其确定中国北京科兴中维生物技术有限公司研发的新冠灭活疫苗适用于土耳其人民,是有效且安全的。
  科贾在当晚召开的新闻发布会上说,对土耳其自愿接种科兴新冠疫苗志愿者数据的初步分析显示,科兴新冠疫苗的有效性达91.25%,临床试验期间未发现严重副作用。中方已经批准向土方出口有关疫苗,如果一切顺利,来自中国的首批300万剂疫苗将于近日抵达土耳其。
  科贾还表示,第一阶段将有900万人接种疫苗,接种对象主要是医护人员等高危人群。
  土耳其卫生部网站25日发布的数据显示,土耳其当天对201104人进行了新冠病毒检测,新增确诊病例17543例,其中3199例为有症状感染者,累计确诊2118255例;新增死亡病例256例,累计死亡19371例;累计治愈病例1970803例。(完)

新华社照片,伊斯坦布尔,2020年7月2日
(国际疫情)(3)土耳其新冠确诊病例超过20万例
7月1日,佩戴口罩的市民走在土耳其伊斯坦布尔街头。
根据土耳其卫生部7月1日的统计数据,该国当天新增新冠确诊病例1192例,累计确诊201098例;新增死亡病例19例,累计死亡5150例;累计治愈175422例。土耳其卫生部长科贾当天在新闻发布会上说,目前土耳其近54%的确诊病例出现在第一大城市伊斯坦布尔。
新华社记者 徐速绘 摄