Connect with us

Environment, Disasters & Accidents

နေပြည်တော် ဒက္ခိဏဈေးအနီးတွင် ယာဉ်တိုက်မှု ဖြစ်ပွားရာ နှစ်ဦး သေဆုံး

ယာဉ်တိုက်မှုကြောင့် ပျက်စီးမှုများအား တွေ့ ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ)

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိဈေးအနီးတွင် ယနေ့ဇွန် ၁၂ ရက် နံနက်ပိုင်း အချိန်တွင် မန္တလာမင်း ခရီးသယ်တင်ယာဉ်နှင့် အလုပ်သမားများ တင်ဆောင်လာသည့် ယာဉ်တစ်စင်းတို့ ယာဉ်တိုက်မှု ဖြစ်ပွားရာ အလုပ်သမားများ တင်ဆောင်လာသည့် ယာဉ်ပေါ်တွင် လိုက်ပါလာသူ ၂ ဦး အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိရပ်ကွက် မိုးသောက်ပန်းလမ်းအတိုင်း ရွှေအင်ကြင်း ရပ်ကွက်ဘက်မှ ဒက္ခိဏသီရိ ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ်နှင့် အာသာဝတီလမ်းအတိုင်း မောင်းနှင် လာသည့် အလုပ်သမားများ တင်ဆောင်လာသော ယာဉ်သည် အာသာဝတီ လမ်းနှင့်မိုးသောက်ပန်းလမ်း လမ်းဆုံတွင်တိုက်မိခဲ့ရာ ယင်းယာဉ်ပေါ်တွင်ပါရှိသူ ကျား ၁ ဦးနှင့် မ ၁ ဦးတို့မှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။ထိုယာဉ်တိုက်မှုကြောင့် အလုပ်သမားများ တင်ဆောင်လာသည့် အပြာရောင်ယာဉ်ပေါ် လိုက်ပါလာသော သီရိမင်္ဂလာကျေးရွာမှ ပန်းရံလုပ်ကိုင်သူ အလုပ်သမား ၃၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိသဖြင့် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ နှင့်လယ်ဝေးမြို့နယ် ကုတင် ၁၀၀ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။ (Xinhua)