Connect with us

Environment, Disasters & Accidents

ပဲခူးတိုင်းဒေသကြီး မင်းလှ မြို့နယ်တွင် ယာဉ်တိမ်းမှောက်မှုကြောင့် လူ ၃ ဦး သေဆုံး

ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်အား တွေ့ ရစဉ် (ဓာတ်ပုံ - Ministry of Home Affairs, Myanmar )

ရန်ကုန် ၊ မတ် ၃၀ ရက်(ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး မင်းလှ မြို့နယ် ၊ ရှားဖြူကွင်း ကျေးရွာအနီး၌ သစ်၊ မီးသွေး၊ ဝါးများ တင်ဆောင် မောင်းနှင် လာသည့် ၆ ဘီးယာဉ် တစ်စီးသည် မတ် ၂၉ ရက်တွင် တိမ်းမှောက်ခဲ့ရာ လူ ၃ ဦး သေဆုံးခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ရှားဖြူကွင်းကျေးရွာအနီး ခွက်မ-မကျည်းကွင်း ဆည်ဘောင်လမ်း၌ ခွက်မ ကျေးရွာမှ မကျည်းကွင်းကျေးရွာသို့ မောင်းနှင်လာသည့် နံပါတ်မပါ ၆ ဘီးယာဉ် (လိုင်စင်-စိစစ်ဆဲ)သည် ဆည်ဘောင်မြေသား လမ်းပဲ့ကျ၍ တိမ်းမှောက် သွားခဲ့ခြင်း ဖြစ်ပြီး ယာဉ်တွင် လိုက်ပါလာသူများ အနက် ၃ ဦးမှာ သစ်တုံးများပိ၍ အခင်းဖြစ်နေရာ၌ သေဆုံး သွားခဲ့ကြောင်း ၊ ယာဉ်မောင်း ဖြစ်သူမှာ ထွက်ပြေး သွားခဲ့ကြောင်း သိရသည်။ယာဉ်တိမ်းမှောက်မှု အပေါ် စစ်ကွင်း နယ်မြေ ရဲစခန်းမှ အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း နှင့် ယာဉ်ပေါ်ပါ သစ်၊ မီးသွေး၊ ဝါးများနှင့်ပတ်သက်၍ သစ်တော ဥပဒေဖြင့် ထပ်မံ အရေးယူ သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)