Connect with us

Environment, Disasters & Accidents

ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း မှ ရေဘေးဒုက္ခ နှင့် ပတ်သက်၍ ကြေညာချက် ထုတ်ပြန်

ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း အား နေပြည်တော် ရှိ လွှတ်တော် ခန်းမ၌ မြင်တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၄ ရက်(ဆင်ဟွာ)

ပြည်သူ့လွှတ်တော် ဥက္ကဌ နှင့် ပြည်ထောင်စု လွှတ်တော် နာယာက ဖြစ်သည့် သူရ ဦးရွှေမန်း သည် သြဂုတ်လ ၄ ရက်တွင် ရေဘေးဒုက္ခ နှင့် ပတ်သက်၍ အကူအညီ လိုအပ်ကြောင်း သတင်းထုတ်ပြန် ခဲ့သည်။ ၎င်းထုတ်ပြန် ချက်မှာ အောက်ပါ အတိုင်း ဖြစ်သည်။

ရေဘေးအတွက် နိုင်ငံတကာအသိုက်အဝန်းမှ အကူအညီများလိုအပ်လျက်ရှိ

———————————————————————————-

ယနေ့ မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသည့် ရေဘေးဒုက္ခများမှာ ယခင်က မကြုံဖူးသည့် အခြေအနေများဖြစ်ပါတယ်။ ရေဘေးသင့်ပြည်သူများအား အသက်အန္တရာယ်မှ ကယ်တင်နိုင်ရန်နှင့် ရေဘေးကျရောက်ရန် အလားအလာရှိနေသေးသည့်ဒေသများတွင် ကာကွယ်တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်တို့အတွက် နိုင်ငံတကာ၏ အကူအညီများလိုအပ်ပါတယ်။

အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတဝှမ်းရှိ မိတ်ဆွေနိုင်ငံများမှ အကူအညီများပေးလျက်ရှိသည့်အပေါ် များစွာကျေးဇူးတင်ရှိပါတယ်။ ကုလသမဂ္ဂအဖွဲ့များ၊ NGO များ၊ INGO များနှင့် အရပ်ဖက်လူ့အဖွဲ့အစည်းများအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြည်လည်ထူထောင်ရေး လုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းအပ်ပါတယ်။

ပြည်တွင်းပြည်ပရှိ မီဒီယာများအနေဖြင့် အချိန်နှင့်တပြေးညီဖြစ်ပေါ်နေသည့် အခြေအနေများနှင့် ပြည်သူများအတွက်လိုအပ်သည့် သတင်းအချက်အလက်များအား ထုတ်လွှင့်တင်ပြပေးနေသည့်အတွက် ကျေးဇူးတင်ရှိပါတယ်။ အလားတူ အမေရိကန်အစိုးရ၏ အိမ်ဖြူတော် Website တွင် လူအများစုရုံးကာ ဝိုင်းဝန်းတောင်းဆိုနိုင်မည့် အကူအညီတောင်းခံစာ အစီအစဉ်တစ်ရပ် လွှင့်တင်ပေးထားသည့်အတွက်လည်း ကျေးဇူးတင်ရှိပါတယ်။

မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် ရေဘေးအန္တရာယ်များသည် လွန်စွာကြီးမားကျယ်ပြန့်သည်ဖြစ်ရာ စုပေါင်းအားဖြင့် ဝိုင်းဝန်းဖြေရှင်းသွားရန်လိုအပ်သည့်အတွက် နိုင်ငံတကာအသိုက်အဝန်းမှ အကူအညီများလိုအပ်ပါကြောင်း တင်ပြတောင်းခံအပ်ပါတယ်။ (Xinhua)