Connect with us

Education & Health

ခေတ်စနစ်နှင့် အညီ ပြုပြင်ပြောင်းလဲနေထိုင်နိုင်မှ ရှင်သန်နိုင်မည်ဟု သူရဦးရွှေမန်းပြော

ပုံစာ1 ၂၀၁၆ - ၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲမှ ဂုဏ်ထူးရှင်များ အား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားတွင် သူရဦးရွှေမန်း မိန့် ခွန်းပြောနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

ပညာရေးစနစ်များ အပေါ် ဝေဖန်နေမည့်အစား မိမိတို့ တစ်ဦးချင်းက ခေတ် စနစ်နှင့် ကိုက်ညီအောင် ပြုပြင် ပြောင်းလဲ နေထိုင်မှသာ အောင်မြင် ရှင်သန်နိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း က ယနေ့ ပြောကြားလိုက်သည်။

“စနစ်ကို ကိုယ်က ပြောင်းလို့မရဘူး၊ သို့သော် စနစ်ထဲ နေတဲ့ ကျွန်တော်တို့ လူသားတွေက ကိုယ့် ကိုယ် ကို စနစ်နဲ ့လျော်ညီအောင် ပြုပြင်ပြောင်းလဲနေဖို့လိုတယ်၊ ဒီနေရာမှာ စနစ်က မကောင်းပါ ဘူး၊ မသင့်ပါဘူး – ဒါ့ကြောင့် – ဆိုပြီးတော့ ပြောမယ့်အစား အမြဲတမ်း ခေတ် စနစ်နဲ့ ညီအောင် ပြုပြင် ပြေ ာင်းလဲနိုင်မှသာ ကျွန်တော်တို့ ရှင်သန်နိုင်မှာ အောင်မြင်နိုင်မှာ ဖြစ်တယ်” ဟု နေပြည်တော် ဇေယျာသီရိ မြို့နယ် စိမ်းစားပင် ဘုန်းကြီးကျောင်း ဓမ္မာရုံတွင် ယနေ့နံနက် ပြုလုပ်ခဲ့ သည့် ဇေယျာသီရိမြို့နယ် ၂၀၁၆ – ၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲမှ ဂုဏ်ထူးရှင်များ အား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနား အဖွင့် စကားတွင် ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

ဂုဏ်ထူးရ ကျောင်းသားများအား နေပြည်တော်ကောင်စီဝင်က ဆုချီးမြှင့်နေစဉ် (ဆင်ဟွာ)

၂၀၁၆ – ၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲမှ ဂုဏ်ထူးရှင်များ အား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနား မြင်ကွင်းအားတွေ့စဉ် (ဆင်ဟွာ)

“ပညာရေး စနစ်တွေ ဘယ်လိုပြောင်းပြောင်း အမြဲတမ်း မပြောင်းလဲဘဲရှိနေတာကတော့ ကျောင်းသား ရယ် မိဘရယ်၊ ဆရာရယ် ပဲ၊ ဒါ သိပ်အရေးကြီးပါတယ်- ဒီသုံးခုကို ဟန်ချက်ညီအောင် လုပ်ပြီး ရှင်သန် အောင်မြင်အောင် လုပ်ကြရမယ်” ဟုလည်း ၎င်းက ပြောခဲ့သည်။ထို့အပြင် ကျောင်းသား၊ ဆရာ၊ မိဘ တို့အနေဖြင့် မိမိကိုယ်ကို အရင်ဆုံး ကောင်းအောင် ပြုပြင် ပြောင်းလဲဖို့လိုကြောင်း၊ ပညာရေးစနစ်အပေါ် လေ့လာ သုံးသပ်ပြီး ခေတ်နှင့်အညီ ပြုပြင် ပြောင်းလဲ ဆောင်ရွက်မှသာ အောင်မြင်နိုင်ကြောင်း၊ ပြုပြင်ပြောင်းလဲရေးသည် နိုင်ငံတစ်နိုင်ငံ၊ အဖွဲ့တစ်ဖွဲ့ တို့တွင်သာမက လူတစ်ဦးချင်းစီကပါ စွမ်းဆောင်ရမည့် ကိစ္စဖြစ်ပါကြောင်း ၎င်းက လမ်းညွှန် ပြောကြားခဲ့သည်။ဇေယျာသီရိမြို့နယ်မှာ ၁၂၉၂ ဦးဖြေဆိုခဲ့ပြီး ၄၃၂ ဦးအောင်မြင်ခဲ့သဖြင့် အောင်ချက် ရာခိုင်နှုန်းမှာ ၂၁ ဒသမ ၉၅ ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ ခြောက်ဘာသာ ဂုဏ်ထူးရှင် နှစ်ဦး၊ ငါးဘာသာ ဂုဏ်ထူးရှင် သုံးဦး၊ လေးဘာသာ နှစ်ဦး၊ သုံးဘာသာ ငါးဦး၊ နှစ်ဘာသာ ၁၀ ဦး၊ တစ်ဘာသာ ၅၂ ဦးဖြင့် ဂုဏ်ထူးရှင် ၇၄ ဦး ရှိကြောင်း နေပြည်တော် တိုင်းပညာရေးမှူး ဦးမျိုးဝင်းအောင်က သူ၏ အမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။အဆိုပါ အခမ်းအနားတွင် ဂုဏ်ထူးရ ကျောင်းသူ ကျောင်းသားများနှင့် မြို့နယ်အတွင်းရှိ အောင်ချက် အကောင်းဆုံး ကျောင်း သုံးကျောင်းတို့ကို ဂုဏ်ပြုလက်မှတ်နှင့် ငွေသားများ ချီးြှမင့်ခဲ့ကြောင်းသိရသည်။ (Xinhua)