Connect with us

Environment, Disasters & Accidents

သံလွင်မြစ်ပေါ်၌ တည်ဆောက်မည့် ဆည်(၆) ခုနှင့် ပတ်သက်၍ လွှတ်တော်အမတ် မေးမြန်း

ပဲခူးတိုင်း ရွှေကျင် ရေအားလျှပ်စစ် ထုတ်လုပ်ရေး လုပ်ငန်းခွင်အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်က သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ဆည် (၆) ခုနှင့် ပတ်သက်၍ မဟာဗျူဟာမြောက် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လေ့လာဆန်းစစ်ချက် (EIA- Environmental Impact Assessment) ကိုလုပ်ဆောင်ရန်နှင့် ၎င်းဆည်များ ဆောက်လုပ် ရာတွင် ရေအရင်းအမြစ်ဘက်စုံ စီမံကိန်းခန့်ခွဲမှု နည်းစနစ် (IWRM- Integrated Water Resources Management) ကို အသုံးပြုရန် အစီအစဉ် ရှိ / မရှိ မေးမြန်းခဲ့သည်။

အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမော်သာထွေးက ရေအားလျှပ်စစ် စီမံကိန်း အကောင်အထည် ဖော်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံး ဖြစ်ရန် လိုအပ်သကဲ့သို့ ရေအားအရင်း အမြစ်သည် နည်းပညာ နှင့် စီးပွားဖြစ်ထွန်းမှု အရ ဖြစ်မြောက်နိုင်စွမ်းရှိရန် လိုအပ်ကြောင်း၊ ကွမ်းလုံ ရေအားလျှပ်စစ် စီမံကိန်း၏ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ချက် အစီအရင်ခံစာအရ မိုးရာသီ၊ နွေရာသီနှင့် ရေလှောင်ကန်အတွင်း ရေထိန်းသိမ်းနိုင်မှုတို့ အပါအဝင် မြစ်အောက်ပိုင်း အနည်ကျမှုများ မထိခိုက် စေရေး၊ ခြောက်သွေ့ရာသီတွင် အနည်းဆုံး ရေလိုအပ်ချက်နှင့် ဇီဝမျိုးစုံ၊ မျိုးကွဲများ အသက်ရှင် ရပ်တည်ရေး၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့နှင့် စပ်လျဉ်း၍ သစ်တော ဝန်ကြီးဌာနမှ စီစစ် အတည်ပြုပြီး ဖြစ်ကြောင်းနှင့် ရေအရင်းအမြစ်ဘက်စုံ စီမံကိန်းခန့်ခွဲမှု နည်းစနစ် ဆောင်ရွက်ရာတွင် ပါဝင်သည့် အချက်များနှင့် ကွမ်းလုံ စီမံကိန်း ဖက်ဆက်လုပ်ငန်း သဘောတူစာချုပ် (J V A) ရေးထိုးစဉ်က ထိခိုက်မှုများ စီစစ်မှုတို့ကို တစ်ပေါင်းတည်း ထည့်သွင်းစဉ်းစားခွင့် ပြုခဲ့ခြင်း ဖြစ်ကြောင်းနှင့် ကျန်စီမံကိန်း (၄) ခုတွင် မဟာဗျူဟာမြောက ်လေ့လာမှုကို ဘက်စုံ ထည့်သွင်း ဆောင်ရွက်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများဖြင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စီမံကိန်းအားလုံးကို ဆွစ်ဇာလန်နိုင်ငံမှ STUCKYAS အတိုင်ပင်ခံ ကုမ္ပဏီက ဦးဆောင်၍ ဘာသာရပ် ဆိုင်ရာ ကျွမ်းကျင်သူများနှင့် လေ့လာ ဆောင်ရွက်သွားရန် စီစဉ်ထားပါကြောင်းဖြင့် ပြန်လည်ဖြေကြားခဲ့သည်။ (Xinhua)