Connect with us

Politics, Law & Military

ကချင်ပြည်နယ် အတွင်း၌ ကျပ် သိန်း၉၀၀ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

ဖမ်းဆီးရမိသော စိတ်ကြွ ရူးသွပ်ဆေးပြားများအား တွေ့ရစဉ်(CCDAC Myanmar)

ရန်ကုန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်အတွင်း ငွေကျပ် ၉၃၆ သိန်းတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

မန်စီမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါး သတင်းအရ သက်သေများနှင့်အတူ မန်စီမြို့နယ်၊ မွန်စင့်ကျေးရွာနေ နေအိမ်ခြံဝင်သို့ ဝင်ရောက်ရှာဖွေရာ ခြံဝင်းအတွင်းမှ ကြွပ်ကြွပ်အိတ်ဖြင့်ထည့်ထားသည့် WY စိတ်ကြွရူးသွပ် ဆေးပြား ၄၆,၈၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၉၃၆ သိန်း)နှင့် မြန်မာငွေ ၉၈ သိန်းတို့အား တွေ့ရှိ သိမ်းဆည်းရမိသဖြင့် မန်စီနယ်မြေရဲစခန်း မယ(ပ)၉/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၀(က)/၂၁ ဖြင့် အမှုဖွင့် အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)