Politics, Law & Military
ပြည်ထဲရေးဝန်ကြီးဌာနဒုတိယဝန်ကြီးအား မူလစစ်ဘက်တာဝန် ပြန်လည်ထမ်းဆောင်ခွင့်ပြု
![ဒုတိယဝန်ကြီးအား မူလစစ်ဘက်တာဝန် ပြန်လည်ထမ်းဆောင်ခွင့်ပြုသော ထုတ်ပြန်ချက်အား တွေ့ရစဉ်( ဓာတ်ပုံ-နိုင်ငံတော် သမ္မတရုံး)](https://xinhuamyanmar.com/wp-content/uploads/2020/03/images_mm_2020_03_25b1.jpg)
ရန်ကုန်၊မတ် ၂၅ ရက် (ဆင်ဟွာ)
ပြည်ထဲရေးဝန်ကြီးဌာနဒုတိယဝန်ကြီးတာဝန် ထမ်းဆောင်လျက်ရှိသည့် ဗိုလ်ချုပ်အောင်သူကို မူလစစ်ဘက်တာဝန်များ ပြန်လည်ထမ်းဆောင်ခွင့်ပြုလိုက်ကြောင်းယနေ့ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၀ပြည့်နှစ် ဇန်နဝါရီ ၄ ရက်၌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေကိုလည်း မူလစစ်ဘက်တာဝန်ဝတ္တရားများပြန်လည်ထမ်းဆောင်ခွင့်ပြုခဲ့သည်။
လက်ရှိပြည်ထဲရေးဝန်ကြီးဌာန၏ပြည်ထောင်စုဝန်ကြီးအဖြစ်ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် က တာဝန်ယူဆောင်ရွက်လျက်ရှိသည်။(Xinhua)