Connect with us

Politics, Law & Military

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအတွက် IDA ချေးငွေ ဒေါ်လာ သန်း ၁၀၀ နှင့် ထောက်ပံ့ငွေ ဒေါ်လာ ၁၀ သန်း ရယူရေး လွှတ်တော် အတည်ပြု

ပြည်ထောင်စုလွှတ်အစည်းအဝေးအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မတ် ၂၄ရက်(ဆင်ဟွာ)

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအတွက်ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ (IDA:_ International Development Association) ထံမှ ချေးငွေ ဒေါ်လာ သန်း ၁၀၀ နှင့် Global Financial Facility ထောက်ပံ့ငွေဒေါ်လာ ၁၀ သန်း ရယူရေးအား ပြည်ထောင်စုလွှတ်တော် ယနေ့ အစည်းအဝေးက ထောက်ခံမဲ ၅၅၁ မဲ၊ ကန့်ကွက်မဲ ၁ မဲ၊ ကြားနေ ၁ မဲတို့ဖြင့် အတည်ပြုခဲ့သည်။

အဆိုပါ ချေးငွေနှင့် ပတ်သက်ပြီးလွှတ်တော်ကိုယ်စားလှယ်များက ၁၉ – ၃ – ၂၀ ရက်နှင့် ၂၀ – ၃ – ၂၀ ရက်နေ့တွင် ပြုလုပ်ခဲ့သောပြည်ထောင်စု လွှတ်တော် အစည်းအဝေးများ၌ ဆွေးနွေးခဲ့ကြရာ ထို ဆွေးနွေးချက်များ အပေါ် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည် ရှင်းလင်း တင်ပြ အပြီးတွင် လွှတ်တော်က ဆန္ဒမဲခွဲ အတည်ပြုခဲ့ခြင်းဖြစ်သည်။

အဆိုပါ ချေးငွေနှင့် Financial Facility ထောက်ပံ့ငွေကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ မရှိမဖြစ် လိုအပ်သောကျန်းမာရေး ဝန်ဆောင်မှုများ လက်လှမ်းမီရေး စီမံချက်တွင် ဆက်လက် အသုံးပြုသွားမည် ဖြစ်ကြောင်း၊အဆိုပါ စီမံချက်တွင် ကဏ္ဍ သုံးရပ် ပါရှိရာ ပဏာမ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအားအားဖြည့် ဆောင်ရွက်ခြင်း၊ စနစ်အားဖြည့်ခြင်း၊ စွမ်းဆောင်ရည် မြှင်တင်ခြင်းနှင့် စီမံချက်များစီမံခန့်ခွဲခြင်း၊ သဘာ၀ ဘေးနှင့် ပြည်သူ့ ကျန်းမာရေး အရေးပေါ် အခြေအနေ တုံ့ပြန် ဆောင်ရွက်ခြင်းတို့ ဖြစ် ကြောင်း၊  စီမံကိန်း ဒေသများကိုပဏာမ ရွေးချယ် ထားရာ ဧရာဝတီတိုင်းဒေသကြီးတွင် ခုနစ်မြို့နယ် နှင့် ရှမ်းပြည်နယ်တွင်၁၂ မြို့နယ်၊ စုစုပေါင်း ၁၉ မြို့နယ် ရှိကြောင်း၊ ကာလ ကြာရှည်စွာ ပဋိပက္ခ ဖြစ်ပွားနေသောဒေသများတွင် လုံခြုံရေး အခက်အခဲ ရှိပြီး စီမံကိန်း ဆောင်ရွက်နိုင်မည် မဟုတ် သောကြောင့်ရွေးချယ်ရာတွင် ထိုဒေသများ မပါဝင် ကြောင်း၊ လွှတ်တော်၏ အတည်ပြုချက်ကို ရယူပြီးသည့်အခါစီမံချက် ဆောင်ရွက်မည့် မြို့နယ်သို့ ကွင်းဆင်းစစ်ဆေးပြီး လူထုနှင့် ညှိနှိုင်း တိုင်ပင်ခြင်းများပြုလုပ်ပြီးမှသာ စီမံချက် မြို့နယ်စာရင်းကို ထပ်မံ သုူံသပ် အတည်ပြုမည် ဖြစ်ကြောင်းကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာမြလေးစိန်က လွှတ်တော်သို့ရှင်းလင်း တင်ပြခဲ့သည်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာနဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက “ကမ္ဘာ့ဘဏ်ရဲ့ မူဝါဒနဲ့ လုပ်ထုံးလုပ်နည်းများအရ အဖွဲ့ဝင် နိုင်ငံများသို့ ချေးငွေများ ထုတ်ချေးရာမှာ တစ်ဦးကျ အမျိုးသား ဝင်ငွေ (Grossincome per capital) နဲ့ ချေးငွေပေးဆပ်နိုင်မှု အခြေအနေများအပေါ် အကဲဖြတ်ပြီး small economyterm, regular term နဲ့ blend term ဆိုပြီး သုံးမျိုးခွဲခြား ဆောင်ရွက်ပါတယ်၊ ၂၀၁၇

ကစပြီး ကမ္ဘာ့ဘဏ်ရဲ့ သတ်မှတ်ချက်အရ  မြန်မာနိုင်ငံဟာတစ်ဦးကျ အမျိုးသား ဝင်ငွေ အသင့်အတင့် ရှိတဲ့ စာရင်းထဲမှာ ပါဝင်ခဲ့ပြီးဖြစ်လို့blend term ထဲကို ပါသွားပါပြီ၊ အခု ချေးငွေဟာ သက်သာတဲ့ ချေးငွေ concessional loan အမျိုးအစားမှာပါဝင်နေဆဲ ဖြစ်ပါတယ်၊ သက်ဆိုင်ရာ ဝန်ကြီးဌာနအနေနဲ့ လွှတ်တော်က အတည်ပြုပြီးသည့်အခါ မိမိတို့ ဝန်ကြီးဌာန အနေဖြင့် ချေးငွေ စာချုပ် ဆိုင်ရာ ကိစ္စများ နှင့် ချေးငွေရယူခြင်းများကိုဆောလျစ်စွာ ပြီးစီးအောင် ဆောင်ရွက်ပေးသွားပါမယ်၊ စီမံကိန်း အကောင် အထည် ဖော်နိုင်မှုအခြေအနကိုလည်း စောင့်ကြည့် ကြပ်မတ်သွားမှာ ဖြစ်ကြောင်း တင်ပြအပ်ပါတယ်” ဟု ရှင်းလင်းတင်ပြ အပြီးတွင် လွှတ်တော်က ဆန္ဒမဲခွဲပြီး အတည်ပြုခဲ့ခြင်း ဖြစ်သည်။(Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.