Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်ဘူးသီးတောင်မြို့နယ်အတွင်းရှိ မူလတန်းကျောင်းအတွင်း လက်နက်ကြီးကျည်ကျပြီး ကျောင်းသူ/ကျောင်းသား၂၀ ထိခိုက်ဒဏ်ရာရရှိ

ဘူးသီတောင်မြို့နယ်ရှိမူလတန်းကျောင်းအတွင်း လက်နက်ကြီးကျည် ကျပြီး ထိခိုက်ဒဏ်ရာရရှိသော ကျောင်းသူ/ကျောင်းသားများအားတပ်မတော်မှ တာဝန်ရှိသူများ လာရောက်ကြည့်ရှုစဉ် (ဓါတ်ပုံ- တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ်၊ ခမီးချောင်းကျေးရွာရှိ မူလတန်းကျောင်းဝန်းအတွင်း ဖေဖော်ဝါရီ ၁၃ရက် နံနက်ပိုင်းက လက်နက်ကြီးကျည် တစ်လုံး ကျေရာက်ပေါက်ကွဲပြီး ကျောင်းသူ/ကျောင်းသား၂၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရသိရသည်။

တပ်မတော်နှင့်AA လက်နက်ကိုင်အဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားပြီး AA လက်နက်ကိုင်အဖွဲ့မှ ပစ်ခတ်သော လက်နက်ကြီးကျည်သည်ခမီးချောင်းကျေးရွာ အခြေခံပညာမူလတန်း ကျောင်းသို့ ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ စာသင်ကျောင်းရှေ့တွင်ဆော့ကစားနေသည့် ကျောင်းသား ၁၄ ဦးနှင့် ကျောင်းသူ ၆ ဦး၊ စုစုပေါင်း ၂၀ ဦး တို့ လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ မြို့နယ်အတွင်းနယ်မြေလုံခြုံရေးဆောင်ရွက်နေ သော တပ်မတော် စစ်ကြောင်းသည် အုပ်တောင်ကျေးရွာ၏ အရှေ့တောင်ဘက်မီတာ ၂၀၀၀ ခန့်အကွာသို့အရောက်၌ AA လက်နက်ကိုင်အဖွဲ့ က လက်နက်ကြီး/လက်နက်ငယ်များဖြင့်စတင် ပစ်ခတ်တိုက်ခိုက်သဖြင့် တပ်မတော် စစ်ကြောင်းက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ AA လက်နက်ကိုင်အဖွဲ့သည်ခမီးချောင်း ကျေးရွာ၏ တောင်ဘက် မီတာ ၁၂၀၀ ခန့်အကွာသို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်းသိရသည်။

ယင်း ဆုတ်ခွာထွက်ပြေးသွားသောAA လက်နက်ကိုင်အဖွဲ့အား တပ်မတော် စစ်ကြောင်းက လိုက်စစ်ဆင်၍ တိုက်ခိုက်ခဲ့ရာ AA လက်နက်ကိုင်အဖွဲ့ကလက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ၎င်းတို့ပစ်ခတ်သည့် လက်နက်ကြီးကျည်သည်ခမီးချောင်းကျေးရွာ အခြေခံပညာမူလတန်း ကျောင်းသို့ ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ လက်နက်ကြီးကျည်ထိခိုက်ဒဏ်ရာရရှိခဲ့သည့်ကျောင်းသား၊ ကျောင်းသူများအား နယ်မြေခံတပ်ရှိ တပ်တွင်းဆေးခန်း၌ လိုအပ်သည့်ဆေးကုသမှုများဆောင်ရွက်ပေးကာ၎င်းတို့အနက်မှ ၅ ဦးကို ဘူးသီး တောင်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သိရသည်။  (Xinhua)