Politics, Law & Military
ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်တွင် ငွေကျပ်သိန်း ၂၀,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

ရန်ကုန်၊ မတ် ၁၀ ရက် (ဆင်ဟွာ)
ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်တွင် ငွေကျပ်သိန်း ၂၀,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ မတ် ၈ ရက် ၁ရး၃၀ နာရီ တွင် မူးယစ်တပ်ဖွဲ့စု(၂၉)မိုင်းဆတ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းဆတ်မြို့နယ်၊ စတုံးကျေးရွာအုပ်စု၊ လွယ်ပါရင်(၂)ကျေးရွာအနီး တာချီလိတ်-မိုင်းဆတ်ကားလမ်းပေါ်တွင် ရှာဖွေစစ်ဆေးမှုပြုလုပ်နေစဉ် TOYOTA REVO အမျိုးအစား မော်တော်ယာဉ်တစ်စီးသည် စစ်ဆေးရေးအဖွဲ့နေရာမရောက်မီ ကိုက် ၄၀၀ ခန့်အကွာ၌ မော်တော်ယာဉ်ရပ်တန့်ပြီး ကားလမ်းဘေးရှိလျှိုအတွင်းသို့ ယာဉ်မောင်းလာသူမှာ ထွက်ပြေးသွားကြောင်း သိရသည်။
ကျန်ရှိသည့်ယာဉ်ကို ရှာဖွေရာ ယာဉ်၏နောက်ခန်းရှိ ဆာလာအိတ် ၁၃ အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀ သိန်းပြား၊ မူးယစ်ဆေးဝါးများထုပ်လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သဖြင့် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)