Connect with us

Politics, Law & Military

အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများ ယနေ့ ကြိုတင်ဆန္ဒမဲ စတင်ပေး

ရန်ကုန်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)
၂၀၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများ ယနေ့ (အောက်တိုဘာ ၂၉ ရက်)တွင် ကြိုတင်ဆန္ဒမဲများ စတင်ပေးနေပြီဖြစ်ကြောင်း သိရသည်။

” ကျန်းမာရေးကထုတ်ပြန်ထားတဲ့ ကပ်ရောဂါကြိုတင် ကာကွယ်ရေးနည်းအတိုင်း လုပ်ဆောင်ပြီးမဲသွားပေးပါတယ်၊ အဝင်မှာလဲ သေချာလက်ဆေးပါတယ်၊ အေးအေးချမ်းချမ်း စနစ်တကျ မဲပေးခဲ့တယ်”ဟု ကြိုတင်ဆန္ဒမဲသွားရောက်ပေးသည့် မုံရွာမြို့ မြဝတီရပ်ကွက်တွင် နေထိုင်သူ ဒေါ်ဖွားခင်က ဆင်ဟွာသို့ ပြောကြား သည်။
Stay at Homeမြို့နယ်များတွင် နေထိုင်သည့် အသက်(၆၀)နှစ်အထက် သက်ကြီးရွယ်အိုများအား သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မှ တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ကြိုတင်မဲရယူမည်ဖြစ်ပြီး အခြားမြို့နယ်များက သက်ကြီးရွယ်အိုများသည် သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲရုံးများ၌ သွားရောက်ပြီး ကြိုတင်မဲပေးရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရွေးကော်ပွဲကော်မရှင်ထံမှ သိရသည်။

၂၀၂ဝပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများ ကြိုတင်ဆန္ဒမဲပေးနေစဉ် (ဆင်ဟွာ)

“မနက်ဖြန်ကြိုတင်မဲပေးဖို့ ရပ်ကွက်ရုံးကို အကြောင်းကြားမယ်၊ အိမ်လာပြီးကြိုတင်မဲယူပေးမယ်”ဟု Stay at Homeမြို့နယ်ဟုသတ်မှတ်ခံထားရသော ဗိုလ်တထောင်မြို့နယ်တွင် နေထိုင်သူ အသက် ၆၀ နှစ်အရွယ် ဒေါ်ကြည်ကြည်ဝင်းက ဆိုသည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်တွင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများ၌ ရွေးကောက်ပွဲကော်မရှင်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့မှ ညှိနှိုင်းထုတ်ပြန်ထားသော စည်းမျဉ်း၊ စည်းကမ်းများနှင့် ကိုက်ညီစွာ ဆောင်ရွက်နိုင်ရန် လူ (၃၀) ဦး ထက်ပိုပြီး စုဝေးခြင်းကို ခွင့်ပြုကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

၂၀၂ဝပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများ ကြိုတင်ဆန္ဒမဲပေးနေစဉ် (ဆင်ဟွာ)

၂၀၂ဝပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများ ကြိုတင်ဆန္ဒမဲပေးနေစဉ် (ဆင်ဟွာ)

၂၀၂ဝပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများ ကြိုတင်ဆန္ဒမဲပေးနေစဉ် (ဆင်ဟွာ)

၂၀၂ဝပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများ ကြိုတင်ဆန္ဒမဲပေးနေစဉ် (ဆင်ဟွာ)

၂၀၂ဝပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများ ကြိုတင်ဆန္ဒမဲပေးနေစဉ် (ဆင်ဟွာ)

၂၀၂ဝပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများ ကြိုတင်ဆန္ဒမဲပေးနေစဉ် (ဆင်ဟွာ)

ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃၀ နယ် ၊ အမျိုးသား လွှတ်တော် မဲဆန္ဒနယ် ၁၆၈ နယ် ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် ၆၄၄ နယ် နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တိုင်းရင်းသား လူမျိုး မဲဆန္ဒနယ်များ ၂၉ နယ်တို့အတွက် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း နှင့် နိုင်ငံရေးပါတီ ၉၁ ခုမှ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၅၈၃၁ ဦး ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.