Connect with us

Politics, Law & Military

ခြောက်လ ဘတ်ဂျက်ကို လွှတ်တော်က ကျပ် ၁၀၅ ဘီလျံခန့်လျှော့ချ ပြီး အတည်ပြု

ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

ဘဏ္ဍာရေးနှစ် အသစ်နှင့် အဟောင်း ကြားကာလ ခြောက်လအတွင်း (၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင် ဘာလအထိ) အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများအား ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက ဝန်ကြီးဌာန ၂၄ ခုနှင့် ပြည်ထောင်စု အဆင့် အဖွဲ့အစည်း အချို့တို့၏ စီမံကိန်း လုပ်ငန်းများ အတွက် မူလ လျာထား ဘတ်ဂျက်များမှ ကျပ်သန်း ၁၀၄,၉၈၄ ဒသမ ၃၅၀ လျှော့ချ ပြင်ဆင်ပြီး အဆိုပါ ခြောက်လ ဘတ်ဂျက် ဥပဒေကြမ်းကို အတည်ပြုလိုက်သည်။

ထိုသို့ လျှော့ချသည့် ဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများအနက် ပြည်ထဲရေး ဝန်ကြီးဌာနမှ လုပ်ငန်း ၃၇ ခုကို အကောင်အထည်ဖော်ရန် မူလ လျာထားငွေများမှ ကျပ် သန်း ၈၅၅၆ ဒသမ ၉၅၂ ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ လုပ်ငန်း သုံးခုအတွက် မူလ လျာထား ငွေမှ ကျပ်သန်း ၈၅၂၅ ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၏ လုပ်ငန်း ၅၁ ခုတို့ အတွက် မူလ လျာထားငွေမှ ကျပ်သန်း ၂၉၉ ဒသမ ၀၈၅ ၊ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ လုပ်ငန်း ၅၂ ခုအတွက် မူလ လျာထားငွေမှ ကျပ်သန်း ၁၉၉၉၀ ဒသမ ၈၅၃ ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ လုပ်ငန်း ၄၁ ခုအတွက် မူလ လျားငွေမှ ကျပ်သန်း ၃၂၈ ဒသမ ၈၉၈ ၊ စက်မှုဝန်ကြီးဌာန၏ လုပ်ငန်း ၂၇ ခုမှ ကျပ် သန်း ၁,၁၈၇ ဒသမ ၉၂၄ ၊ ပညာရေးဝန်ကြီးဌာန၏ လုပ်ငန်း ၃၃ ခုမှ ကျပ်သန်း ၅,၁၇၄ ဒသမ ၁၆၉ ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏လုပ်ငန်း ၈၃ ခုတို့မှ ကျပ်သန်း ၁၀,၇၅၄ ဒသမ ၇၉၃ ၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ လုပ်ငန်း ၃၅ ခုတို့မှ ကျပ်သန်း ၂,၀၁၅ ဒသမ ၅၀၂ ၊ ဆောက် လုပ် ရေး ဝန်ကြီးဌာန၏ လုပ်ငန်း ၂၀ ခုမှ ကျပ်သန်း ၁၉,၄၉၀ ဒသမ ၉၂၃ ၊ လူ – ကယ် – ပြန် ဝန်ကြီး ဌာန၏ လုပ်ငန်း ၈၇ ခုမှ ကျပ်သန်း ၄,၆၂၀ ဒသမ ၈၅၉ ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ၏ လုပ်ငန်း ၆၁ ခုမှ ကျပ်သန်း ၆၈၁ ဒသမ ၂၇၂ အသီးသီး လျှော့ချ ပြင်ဆင်ထားကြောင်း ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက ယနေ့ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ ပြင်ဆင်ပြီး ဥပဒေကြမ်းကို တင်သွင်း ခဲ့ရာ သက်ဆိုင်ရာ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်များက ထိုသို့ လျှော့ချပြင်ဆင်ခြင်းများကို သဘောတူကြပြီး လွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.