Connect with us

Politics, Law & Military

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ညီလာခံ တတိယ အစည်းအဝေး ဧပြီလကုန် မေလဆန်းတွင် ကျင်းပရန် လျာထား ဆုံးဖြတ်

၇ ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်အကောင်အထည် ဖော်မှု ဆိုင်ရာ ညှိနှိုင်း အစည်းအဝေး(JICM) အစည်းအဝေး ကျင်းပစဉ်(ဓာတ်ပုံ- Myanmar State Counsellor Office)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ)

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ညီလာခံ တတိယ အစည်းအဝေးကို ဧပြီလကုန် မေလဆန်းတွင် ကျင်းပရန် လျာထား သတ်မှတ်သည့် ဆုံးဖြတ်ချက်ကိုချမှတ်နိုင်ခဲ့ကြောင်း ယနေ့ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြုလုပ်သည့် ၇ ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် အကောင်အထည် ဖော်မှု ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM) အစည်းအဝေး ဆုံးဖြတ်ချက် အရ သိရသည်။

ထို JICM အစည်းအဝေးတွင် မွန်ပြည် သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ လက်မှတ်ထိုးပြီးဝင်ရောက်လာ သည့်အချိန်တွင် JICM မှာ မူလ က ၈ ဖွဲ့အစား ၉ ဖွဲ့ဖြစ်သည့်အတွက် ၉ ဦးစီ

တက်ရောက်ရန် သဘောတူခဲ့ကြောင်း၊ UPDJC ကို အစုအဖွဲ့ တစ်ဖွဲ့စီမှာ ၁၆ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းသည့်ကိစ္စကို JICMတွင် ထပ်လောင်းပြီး အတည်ပြုနိုင်ခဲ့ကြောင်း၊ ငြိမ်းချမ်းရေးကော်မရှင်နှင့် မွန်ပြည်သစ်ပါတီ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ လက်မှတ်ရေး ထိုးခဲ့သည့်သဘောတူညီချက် ၉ချက်ကို JICM အစည်းအဝေးက မှတ်တမ်းတင် အတည်ပြုနိုင်ခဲ့ကြောင်း၊ အလားတူမွန်ပြည်သစ်ပါတီနှင့် လားဟူဒီမို ကရက်တစ် အစည်းအရုံးတို့ NCA လက်မှတ်ရေးထိုးခဲ့ခြင်းကို JICM တွင် မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က“ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ရှိရင် လူတိုင်းလူတိုင်း၊ တစ်ဦးချင်း တစ်ဦး ချင်းဟာ အရေးကြီးပါတယ်။ အဖွဲ့တိုင်း အဖွဲ့တိုင်း၊ တစ်ဖွဲ့ချင်းတစ်ဖွဲ့ချင်းဟာ အရေးကြီးပါတယ်။ အဖွဲ့တိုင်း အဖွဲ့တိုင်းကလည်း ကိုယ့်ရဲ့အဖွဲ့အတွက် တာဝန်ယူရသလို ကိုယ့်ရဲ့ ရဲဘော်ရဲဘက်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေအတွက်လည်း တာဝန်ယူရ ပါတယ်။ ကိုယ်တစ်ယောက်တည်းကိုယ်တစ်ဖွဲ့တည်း သွားချင်တဲ့လမ်း သွားနေဖို့ ဆိုတာ မဖြစ်ပါဘူး။

စုဖွဲ့ပြီးမှ အားလုံးပူးပေါင်းပြီးမှကျွန်မတို့ ငြိမ်းချမ်းရေးကို ရနိုင်မှာပါ။”ဟု JICMအစည်းအဝေးတွင် ထည့်သွင်း ပြောကြားခဲ့သည်။ (၇)ကြိမ်မြောက်JICM အစည်းအဝေးတွင် ငြိမ်းချမ်းရေးကော် မရှင်နှင့် မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) တို့ အကြား သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့မှု၊ မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့မှ NCA တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့မှု၊ ၁၄ ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ-UPDJC အစည်း အဝေးဆုံးဖြတ်ချက်များ၊ JICM တွင် အဖွဲ့ဝင်သစ်များပါဝင်ရေး၊အမျိုးသားအဆင့် နိုင်ငံ ရေးဆွေးနွေးပွဲများနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ပင်လုံ တတိယအစည်း အဝေးကျင်းပမည့် နေ့၊ ရက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ အစည်းအဝေး သို့ ု ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ပြည်ထောင်စုရှေ့နေချုပ်ဦးထွန်းထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ် ချုပ်ကြီးတင်မောင်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်၊ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။(Xinhua)