Connect with us

Science & Technology

အာဆီယံ ထူထောင်ခြင်း နှစ်(၅ဝ)ပြည့် အထူးထုတ် စာပို့တံဆိပ်ခေါင်း ရောင်းချပေးမည်

အထူးတံဆိပ်ခေါင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- မြဝတီ)

ရန်ကုန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန မြန်မာ့စာတိုက် လုပ်ငန်းမှ အာဆီယံ ထူထောင်ခြင်း နှစ်(၅ဝ)ပြည့် အထိမ်းအမှတ် အဖြစ် မြန်မာနိုင်ငံ၏ National Flower ဖြစ်သော ပိတောက်ပန်းပုံဖြင့် ၁ဝဝဝိ/- ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းအား နိုဝင်ဘာ ၁၁ ရက် နံနံက် ၉ နာရီမှ စတင်၍ တိုင်းဒေသကြီး/ပြည်နယ်များရှိ လုပ်ငန်းပြည့် စာတိုက်အသီးသီးတွင် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေး စာတိုက်ကြီးတို့၌ နိုဝင်ဘာ ၁၁ ရက်တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများ ပေါ်တွင် နေ့စွဲအမှတ်အသား တံဆိပ်ရိုက်နှိပ် ပေးမည်ဖြစ်ကြောင်းပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)