Connect with us

Science & Technology

IT အလွဲသုံးခြင်းကို စောင့်ကြည့် ထိန်းကျောင်းနိုင်ရေး အဆို လွှတ်တော်က အတည်ပြု

ဂန့် ဂေါ မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင် အဆိုတင်သွင်းနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)

ဂန့်ဂေါမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်၏ Information Technology အလွဲသုံးခြင်းကို လိုအပ်သလို စောင့်ကြည့် ထိန်းကျောင်းနိုင်ရေးအတွက် monitoring ပြုလုပ်နိုင်ရန် နိုင်ငံတော် အစိုးရအား တိုက်တွန်းကြောင်းအဆိုကို ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေး ဒသမနေ့ (ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေး) က အတည်ပြုခဲ့ သည်။

“လူငယ် လူရွယ်များ အကျင့် စာရိတ္တ ပျက်ပြားစေခြင်း၊ ရပ်ရွာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေခြင်း တို့ကြောင့် Information Technology အလွဲသုံးစွဲမှုကို လိုအပ်သလို စောင့်ကြည့် ထိန်းကျောင်းနိုင် ရေး အတွက် monitoring ပြုလုပ်နိုင်ရန် နိုင်ငံတော် အစိုးရအား တိုက်တွန်းကြောင်း” အဆိုကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် တစ်ဦး အပါအဝင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ငါးဦးတို့က အကြံပြု ဆွေးနွေးခဲ့ကြပြီး သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင် ဖြစ်သည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကလည်း အတည်ပြုသင့်ကြောင်း သဘောထား တင်ပြခဲ့သဖြင့် ပြည်သူ့လွှတ်တော်က ကန့်ကွက်သူ မရှိ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်က ၎င်း၏ သဘောထားကို တင်ပြစဉ် (ဆင်ဟွာ)

ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က “သက်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုခုက အဆင့်မြင့် နည်း ပညာများ အသုံးပြု၍ စောင့်ကြပ်ကြည့်ရှု ဖော်ထုတ်အရေးယူခြင်း လုပ်ဖို့ရာအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ သမ္မတရုံးနဲ့ ရှေ့နေချုပ်ရုံးတို့နဲ့ အားလုံးညှိ့နှိုင်းပြီး(Monitoring)လုပ်ဖို့ အဖွဲ့၊ ပုဂ္ဂလိကအခွင့်အရေးကို ကာကွယ်တဲ့ ဥပဒေကိုလည်း မထိခိုက်စေဘဲ၊ အခြေခံ ဥပဒေပါ ပြည်သူတွေရဲ့ အခွင့်အရေးကိုလည်း မထိခိုက်စေဘဲ ကျွန်တော်တို့ရဲ့ တာဝန်နဲ့ အညီ ဆောင်ရွက် ထား လျက် ရှိပါကြောင်း တင်ပြအပ်ပါတယ်။ ဒီနေရာမှာ ကော်မတီတစ်ခုတည်း၊ ဝန်ကြီးဌာန တစ်ခုတည်း၊ အစိုးရတစ်ဖွဲ့တည်းနဲ့ ဆောင်ရွက်လို့မရဘဲ အားလုံး အကြံပြုကြတဲ့ အတိုင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေရော၊ ကျောင်းသူကျောင်းသားနဲ့ ဆရာ ဆရာမတွေရော၊ မိဘတွေရော တစ်ဦးချင်းစီ တစ်ဦးချင်းစီ အားလုံးပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်း ပါဝင်ဆောင်ရွက် ကြမှသာလျှင် ပိုပြီးတော့ ကောင်းတဲ့ တစ်ကယ့်တာဝန်သိတဲ့ လူမှုကွန်ရက် သုံးစွဲသူတွေ ဖြစ်လာမှာဖြစ်ပါတယ်၊ ITနည်းပညာ အလွဲ သုံးစွဲမှုကိုလည်း ကာကွယ်နိုင်မှာဖြစ်ပါတယ်၊ ဒါကြောင့် ဒီအဆိုရှင်ရဲ့ အဆိုကို အတည်ပြုသင့်ကြောင်း ထေက်ခံကြောင်း တင်ပြအပ်ပါတယ်” ဟု ၎င်း၏ သဘောထားကို ပြောခဲ့သည်။

မြန်မာနိုင်ငံတွင် mobile telecom နှင့် အင်တာနက် သုံးစွဲမှုများ နှစ်စဉ် တိုးတက်လျက် ရှိရာ ဆင်းမ်ကတ် သုံးစွဲမှုသည် ၂၀၁၇ စက်တင်ဘာလအထိ ၅၆ ဒသမ ၁၂၇ သန်း ရှိသဖြင့် လူဦးရေနှင့် နှိုင်းယှဉ်ပါက ၁၀၈ ဒသမ ၅၆ ရာခိုင်နှုန်း၊ အင်တာနက် သုံးစွဲမှုသည် ၄၆ ဒသမ ၃၉၁ သန်း ရှိသဖြင့် သိပ်သည်းဆ ၈၉ ဒသမ ၇၃ ရာခိုင်နှုန်းအထိ ရှိကြောင်း၊ အင်တာနက် သုံးစွဲသူအများစုတို့သည် Facebook, Messenger, Viber, Twitter စသည့် social media များကို သုံးစွဲလျက်ရှိပြီး facebook ကို အများဆုံး အသုံးပြုလျက် ရှိကြောင်း ၂၀၁၇ ဇန်နဝါရီလ အထိ ခန့်မှန်းခြေစာရင်းအရ Facebook သုံးစွဲသူ ၁၄ သန်းခန့်ရှိကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)