Connect with us

Social

ကျား-မ တန်းတူဖြစ်ရေး နည်းလမ်းသစ်များ ဖော်ထုတ်ရန် ဒု သမ္မတ မှာကြား

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ သို့  နိုင်ငံတော် သမ္မတ၏ ဇနီး ကြွရောက်လာစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မတ်လ ၈ ရက်(ဆင်ဟွာ)

စီးပွားရေး လုပ်ငန်းများတွင် ကျား – မ ရေးရာ တန်းတူညီမျှမှု ဆောင်ရွက်နိုင်ရေး အတွက် နည်းလမ်းအသစ်များကို ဆွေးနွေးဖော်ထုတ်ပေးကြရန် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူက ယနေ့နံနက် ပြောကြားခဲ့သည်။

“၂၀၁၉ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသမီး စွမ်းဆောင်ရှင်များ အသင်း၏ စီးပွားရေး ဆိုင်ရာဖိုရမ်က တစ်ဆင့် အမျိုးသမီးများအား စီးပွားရေးနဲ့ ပတ်သက်တဲ့ စွမ်းဆောင်ရည်များ မြှင့်တင်ခြင်းနဲ့ စီးပွားရေး လုပ်ငန်း နယ်ပယ်မှာ ကျား – မ ရေးရာ တန်းတူ ညီမျှမှု ဆောင်ရွက်နိုင်ဖို့အတွက် အခက်အခဲများကို ကျော်လွှားနိုင်မယ့် နည်းလမ်းအသစ်တွေကို ဆွေးနွေး ဖော်ထုတ်ပေးကြပါလို့ မှာကြားလိုပါတယ်” ဟု နေပြည်တော် MICC II တွင် ယနေ့ ကျင်းပသော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားတွင် ဒုတိယ သမ္မတက ပြောခဲ့ခြင်းဖြစ်သည်။

ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူ ခန်းမအတွင်းသို့ ရောက်ရှိလာစဉ် (ဆင်ဟွာ)

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ ့အခမ်းအနား ကျင်းပနေစဉ် (ဆင်ဟွာ)

ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူ အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးစဉ် (ဆင်ဟွာ)

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ပြပွဲ အခမ်းအနားအား ဖဲကြိုးဖြတ် ဖွင့်လှစ်စဉ် (ဆင်ဟွာ)

ပြခန်းများအား လှည့်လည်ကြည့်ရှုကြစဉ် (ဆင်ဟွာ)

ပြခန်းများအား လှည့်လည်ကြည့်ရှုကြစဉ် (ဆင်ဟွာ)

မြန်မာအမျိုးသမီးများ၏ အခန်းကဏ္ဍကို တစ်ဆင့်ထက် တစ်ဆင့် မြင့်မား တိုးတက်စေဖို့နှင့် ရသင့်ရထိုက်သော အခွင့်အရေးများ တန်းတူညီမျှ ရရှိစေဖို့အတွက် နိုင်ငံတော် အစိုးရ အနေဖြင့် ဘက်ပေါင်းစုံမှ ဆောင်ရွက်နေသကဲ့သို့ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများကလည်း ပူးပေါင်း ဆောင်ရွက်ပေး လျက် ရှိသည်ကို မြင်တွေ့ရသဖြင့် ဝမ်းမြောက် ကြည်နူးမိပါကြောင်း၊ ဆက်လက် ပူးပေါင်းဆောင်ရွက် ပေးကြ ဖို့လည်း တိုက်တွန်းပြောကြားလိုပါကြောင်း၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်ရေးတွင် နိုင်ငံ့ လူဦးရေ၏ ထက်ဝက်ကျော်ကို ကိုယ်စားပြုသော မြန်မာအမျိုးသမီးထု၏ စွမ်းပကားကို ပိုမို ဖော်ထုတ် အသုံးချနိုင်ရေး၊ အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက် ရေးအတွက် ရရှိထားပြီး တိုးတက်မှုများကို အရှိန်ရစေသော တီထွင် ဆန်းသစ်မှု နည်းလမ်းများကို ဖော်ထုတ်ပေးစေလိုကြောင်းလည်း ဒုတိယ သမ္မတက တိုက်တွန်း ပြောကြားခဲ့သည်။

“ခွင့်တူညီရေး စဉ်းစားလို့ စွမ်းရည် မြှင့်ရေး အလေးပေးဖို့၊ ပြောင်းလဲမှုကို ဖန်တီးစို့”ဟူသော ဦးတည်ချကိ ဆောင်ပုဒ်ဖြင့် ကျင်းပသည့် ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့သို့ နိုင်ငံတော် သမ္မတ၏ ဇနီး၊ ဒုတိယ သမ္မတ၏ ဇနီးတို့နှင့်အတူ ပြည်ထောင်စု အဆင့် အဖွဲ့အစည်း ဝင်များ၏ ဇနီးများ၊ ပြည်တွင်း ပြည်ပ အမျိုးသမီး အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြသည်။ ဖွင့်ပွဲအပြီး ဆက်လက် ပြုလုပ်မည့် ဖိုရမ်တွင် အမျိုးသမီးများအတွက် ထည့်သွင်း စဉ်းစား ထားသော ဥပဒေများနှင့် လုပ်ငန်းများကို မြှင့်တင်ပေးမည့် ပတ်ဝန်းကျင်ကောင်းများ ပေါ်ပေါက်လာ စေရန်၊ ဆုံးဖြတ်ချက်ချခြင်းများတွင် အမျိုးသမီးများ ပိုမို လုပ်ဆောင်နိုင်ရန် လူမှု ကာကွယ်ရေး လုပ်ဆောင်ချက်များ၊ အခြေခံ လူတန်းစားများအတွင်း အမျိုးသမီး အခွင့်အရေး ဦးဆောင် တောင်းဆိုပေးမည့် အစီအစဉ်များ၊ အမျိုးသမီးများအတွက် စီးပွား လုပ်ငန်း အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်း၊ စသည့် အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။(Xinhua)