Connect with us

Politics, Law & Military

ငြိမ်းချမ်းရေး ရရှိရန် လုပ်ဆောင်ရာတွင် အမျိုးသမီး စီးပွားရေး လုပ်ငန်းရှင်များ တစ်ဝက် တာဝန်ယူသင့်


ရန်ကုန် ၊ မတ် ၈ ရက်(ဆင်ဟွာ)

အမျိုးသမီးစီးပွားရေး လုပ်ငန်းရှင်များ စီးပွားရေးကဏ္ဍတွင် ၅၀-၅၀ ရာခိုင်နှုန်း ပါသကဲ့သို့ ငြိမ်းချမ်း ရေးရရန် လုပ်ဆောင်သည့်နေရာတွင် တစ်ဝက်တာဝန်ယူသင့်သည်ဟု ထင်မြင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ မတ် ၈ ရက်တွင် ပြောကြားခဲ့သည်။

“၂၀၃၀ အမီ ကမ္ဘာကြီးကို ပြောင်းလဲဖို့ အမျိုးသမီးများ၏ စီးပွားရေးစွမ်းဆောင်မှုကို မြှင့်တင်စို့” ဦးတည်ချက်ဖြင့် ၂၀၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်း အနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်း ရှင်းဗဟိုဌာန -၂ ၌ ကျင်းပရာ တွင်ထိုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

၂၀၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်း အနား ကျင်းပစဉ်(ဓာတ်ပုံ-Myanmar State Counsellor Office)

ယခုအချိန်တွင် ငြိမ်းချမ်းရေးဖြစ်စဉ်၌ အမျိုးသမီးများ ၃၀ ရာခိုင်နှုန်းပါဝင်ရေး ဆိုပြီး လှုပ်ရှားနေကြောင်း၊ ၃၀ ရာခိုင်နှုန်းသာမက ၅၀ ရာခိုင်နှုန်း ပါဝင်စေလိုကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ယခုနှစ်သည် နိုင်ငံ အတွက် ငြိမ်းချမ်းရေးကို အဓိကထားရမည့်နှစ်ဖြစ်သည့်အတွက် အမျိုး သမီးများ အနေဖြင့် စီးပွားရေးအကြောင်းပြောရာတွင် စီးပွားရေးကဏ္ဍမှ ငြိမ်းချမ်းရေးကို မည်သို့ အားပေးနိုင်မည်။ ငြိမ်းချမ်းရေး ဖြစ်မြောက်ရေးအတွက် မည်သို့ကူညီနိုင်မည် ဆိုသည်ကို စဉ်းစားကြစေလိုပါကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတစ်နိုင်ငံ တည်ငြိမ်၊ အေးချမ်းမှသာ စီးပွားရေးဖွံ့ဖြိုး တိုးတက်နိုင်မည်ဖြစ်ရာ အမျိုးသမီးစီးပွားရေး လုပ်ငန်း ရှင်များ ရှေ့မှ ဦးဆောင်ဦးရွက်ပြုစေလိုကြောင်း ၎င်းက

ထပ်မံ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ လူဦးရေသည် ၅၁ ဒသမ ၄ သန်းခန့်ရှိပြီး လူဦးရေထက်ဝက်ကျော်ကို ကိုယ်စားပြုသော အမျိုးသမီးများသည် နိုင်ငံတော်၏ အရေးပါသော ပြု ုပြင်ပြောင်းလဲရေးလုပ်ငန်းများတွင် အင်အားစုတစ်ရပ်အဖြစ် ပါဝင်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.