Connect with us

Social

မြန်မာ့ ဆိပ်ကမ်းသို့ ရောက်ရှိပြီး တစ်နှစ်ကျော်ကြာ လာရောက် ထုတ်ယူခြင်း မရှိသော ကားအစီးရေ ၁,၂ဝဝ ကျော်ရှိ

ဆိပ်ကမ်းတွင်ရှိသော မော်တော်ကားများအား တွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

မြန်မာ့ ဆိပ်ကမ်းသို့ ရောက်ရှိပြီး တစ်နှစ်ကျော်ကြာ လာရောက် ထုတ်ယူခြင်း မရှိသော ကားအစီးရေ ၁,၂ဝဝ ကျော်ရှိပြီး ဗဟို စက်ပစ္စည်းနှင့် စာရင်းဌာနသို့ အပ်နှံ၍ ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်း ၊ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် မေလအထိ ကားတင် သွင်းမှုမှာ သင်္ဘော ၂၈ စင်းဖြင့် အစီးရေ ၁၇,ဝဝဝ ကျော် တင်သွင်းပြီး ဖြစ်ကြောင်း မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်မှ ၂ဝ၁၆ ခုနှစ် မေလအထိ ငါးနှစ်ကျော် အတွင်း ကားတင်သွင်းမှု အစီးရေ ခြောက်သိန်းကျော် ရောက်ရှိနေပြီ ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၏ မှတ်တမ်းများအရ သိရသည်။
၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်မှ ၂ဝ၁၆ ခုနှစ် မေလအထိ ငါးနှစ်တာ အတွင်း ပင်လယ် ရေကြောင်းမှ သင်္ဘော အစင်းရေ ၇ဝဝ ဖြင့် ကားအစီးရေ စုစုပေါင်း ၆၇ဝ,ဝဝဝ ကျော် တင်သွင်းခဲ့သည်။ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်မှ စ၍ မော်တော်ယာဉ် တင်သွင်းမှုကို နိုင်ငံတော်က ခွင့်ပြုခဲ့ပြီး ပထမဆုံး ခွင့်ပြုသော နှစ်တွင် သင်္ဘော အစင်းရေ ၅၂ စင်းနှင့် ကားအစီးရေ ၅၄,ဝဝဝ ကျော် တင်သွင်းခဲ့ပြီး ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်တွင် သင်္ဘော ၁၄၈ စင်းနှင့် ကားအစီးရေ ၁၃ဝ,ဝဝဝ ကျော်၊ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် သင်္ဘော ၁၅၈ စင်းဖြင့် ကားအစီးရေ ၁၈ဝ,ဝဝဝ ကျော် တင်သွင်း ခဲ့ကြောင်း သိရသည်။
၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် သင်္ဘော အစင်းရေ ၁၅ဝ ဖြင့် ကားအစီးရေ ၁၆ဝ,ဝဝဝ ကျော် တင်သွင်းခဲ့ပြီး ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် သင်္ဘော ၁၆၄ စင်းနှင့် ကားအစီးရေ ၁၁ဝ,ဝဝဝ ကျော် တင်သွင်း ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.