Connect with us

Social

ဆယ်စုနှစ် အတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ဦးရေ မြင့်တက်

အမျိုးသား ယာဉ်အန္တရာယ် ၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီ ညှိနှိုင်း အစည်းအဝေး ကျင်းပစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

နိုင်ငံ၏ စီးပွားရေး တိုးတက်မှုကြောင့် ယာဉ်စီးရေတိုးပွား လာသည်နှင့်အမျှ ယာဉ်မတော်တဆမှု ဖြစ်စဉ်များ များပြားလာသည်ကို တွေ့ရပြီး ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူမှာ ဆယ်စုနှစ် တစ်စု အတွင်း ၃.၄၅ ဆ မြင့်တက်လာကြောင်း အမျိုးသားယာဉ် အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က ပြောကြားခဲ့သည်။

၂၀၀၅ ခုနှစ်က ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၁,၂၈၃ ဦးရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်တွင် ၄,၄၂၀ ဦး အထိ ရှိလာခဲ့ကြောင်း ၊ ယာဉ်မောင်းရင်း လက်ကိုင်ဖုန်းအသုံး မပြုရန်၊ မူးယစ် သောက်စားပြီး ယာဉ်မမောင်းကြရန် ကိစ္စများသည် လမ်းအန္တရာယ် ကင်းရှင်းရေး အတွက် အဓိက ဆောင်ရွက်ရမည့် ဦးစားပေး ကိစ္စရပ်များ ဖြစ်ကြောင်း၊ ယင်းအချက်များကို ပဓာန ဦးစားပေးအနေဖြင့် ဆောင်ရွက်ကြမည်ဆိုပါက လူသေဆုံးမှုနှုန်းသည် သိသိသာသာ အချိန်တိုအတွင်း ကျဆင်းသွားမည် ဖြစ်ကြောင်း ဒုတိယ သမ္မတ ဦးဟန်နရီ ဗန်ထီးယူက အမျိုးသား ယာဉ်အန္တရာယ် ၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီ ညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် မော်တော် ဆိုင်ကယ်စီးရေသည် အများဆုံးဖြစ်ကာ ၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံး စုစုပေါင်း ယာဉ်စီးရေ၏ ၈၃.၆၅ ရာခိုင်နှုန်း ရှိနေပါကြောင်း၊ ဆိုင်ကယ် ကြောင့်ဖြစ်ရသည့် မတော်တဆထိ ခိုက်မှုသည် ယာဉ်မတော်တဆမှုကြောင့် ထိခိုက်မှု စုစုပေါင်း၏ ၄၇ ရာခိုင်နှုန်းအထိ ရှိနေကြောင်း သိရသည်။
ယခု ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ယာဉ်မတော်တဆမှု ၈,၅၉၁ မှု ဖြစ်ပွားခဲ့ပြီး တစ်ရက် ပျမ်းမျှ ယာဉ်မတော်တဆမှု ၄၇.၂၀ မှု၊ ဒဏ်ရာရရှိမှု ၇၈.၆၇ ဦး၊ သေဆုံးသူ ၁၃.၉ ဦး ရှိခဲ့ကြောင်း သိရသည်။
ထိုကြောင့် ၂၀၂၀ ခုနှစ်ရောက်သည့်အချိန်တွင် ယာဉ်တိုက်မှုကြောင့် သေဆုံးသူဦးရေကို ထက်ဝက် လျှော့ချနိုင်ရန် အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်း ရှင်းရေးကောင်စီ (National Road Safety Council- NRSC)ကို ဖွဲ့စည်းပြီး မြန်မာနိုင်ငံ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး လုပ်ငန်းစီမံချက် ၂၀၁၄-၂၀၂၀ ကို ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် စုစုပေါင်း ယာဉ်စီးရေ ၄ သန်း ၉ သိန်းကျော်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.