Connect with us

Social

မော်တော်ယာဉ် သီးသန့်ရောင်းဝယ်ရေးဇုန် သတ်မှတ်ပေးမည်

ရန်ကုန်မြို့တွင်းရှိ ကားရောင်းဝယ်ရေး ဇုန်တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

မော်တော်ယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သီးသန့် ရောင်းဝယ်နိုင်မည့် နေရာကို တရားဝင် သတ်မှတ်ပေးမည် ဖြစ်ကြောင်း မော်တော်ယာဉ် အသင်းထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ မော်တော်ယာဉ် သီးသန့် ရောင်းဝယ်ရေးဇုန်ကို ဧက ၂၅ ဧက ကျယ်ဝန်းသော ဒဂုံမြို့သစ် (မြောက်ပိုင်း) နှင့် (တောင်ပိုင်း) ဆုံရာ တောင်မြောက်လမ်းဆုံနှင့် ဧရာဝတီ လမ်းထောင့်တွင် ဖွင့်လှစ်ခွင့် ပြုမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ရန်ကုန်မြို့တော် အတွင်းရှိ ယာဉ်ရောင်းဝယ်ရေး စခန်းများမှ ကိုယ်စားလှယ်များ တွေ့ဆုံ သဘောတူညီမှု ရရှိပြီး ယခုကဲ့သို့ မော်တော်ယာဉ် သီးသန့် ရောင်းဝယ်ရေး ဇုန်ကို သတ်မှတ်ပေးမည် ဖြစ်သည်။

ယင်း မော်တော်ယာဉ် သီးသန့် ရောင်းဝယ်ရေးဇုန် သတ်မှတ်မှုအပေါ် အချို့က ပြောင်းရွှေ့ရန် သဘောတူညီမှု မရှိဘဲ အများအပြားကမူ ပြောင်းရွှေ့ရန် ဆန္ဒရှိကြောင်း မော်တော်ယာဉ် အသင်းထံမှ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.