Connect with us

Social

ရန်ကုန် မြို့နယ် ၁၉ မြို့နယ်တွင် ရေပြတ်တောက်မှု နှင့် ရေအားလျော့နည်းမှုများ ခေတ္တ ဖြစ်ပေါ်မည်

ရေပေးဝေမှု ပြတ်တောက်မည့် အသိပေး ကြေညာချက်(ဓာတ်ပုံ- Maung Maung Soe - Yangon Mayor)

ရန်ကုန် ၊ စက်တင်ဘာ ၄ ရက်(ဆင်ဟွာ)

ရန်ကုန် မြို့တွင်းသို့ရေပေးေ၀ လျှက် ရှိသည့် လှော်ကား ပိုက်လိုင်း အစားထိုး လဲလှယ် ဆက်သွယ်မှု လုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်သဖြင့် မြို့နယ် ၁၉ မြို့နယ်တွင် စက်တင်ဘာ ၁၃ ရက် ၊ နံနက် ၁၀ နာရီမှ စက်တင်ဘာ ၁၄ ရက် ၊ ည ၁၀ နာရီ အတွင်း ရေပြတ်တောက်မှု နှင့် ရေအားလျော့နည်းမှုများ ဖြစ်ပေါ်မည် ဖြစ်ကြောင်း ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ ၊ အင်ဂျင်နီယာ ဌာန (ရေ နှင့် သန့်ရှင်းမှု)မှ အသိပေး ကြေညာခဲ့သည်။

ရေပြတ်တောက်မှု နှင့် ရေအားလျော့နည်းမှုများ ဖြစ်ပေါ်မည့် မြို့နယ် ၁၉ မြို့နယ်မှာ ရွှေပြည်သာ ၊ အင်းစိန် ၊ မင်္ဂလာဒုံ ၊ မရမ်းကုန်း ၊ လှိုင်သာယာ ၊ လှိုင် ၊ ကမာရွတ် ၊ ရန်ကင်း ၊ ဗဟန်း ၊ တာမွေ ၊ သာကေတ ၊ ဒေါပုံ ၊ မင်္ဂလာတောင်ညွှန့်၊ ပုဇွန်တောင် ၊ ဗိုလ်တထောင် ၊ ကျောက်တံတား ၊ ပန်းဘဲတန်း ၊ လသာ ၊ လမ်းမတော် မြို့နယ်များ ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ထိုကြောင့် ရေကြိုတင် စုဆောင်း ထားနိုင်ပါရန် နှင့် ထိုကာလ အတွင်း ရေလိုအပ်ချက် ရှိပါက အရှေ့ပိုင်း ခရိုင်မှူး – ၀၉၂၅၀၂၈၃၈၂၃ ၊ အနောက်ပိုင်း ခရိုင်မှူး – ၀၉၂၅၀၂၈၃၈၁၂ ၊ တောင်ပိုင်း ခရိုင်မှူး – ၀၉၅၀၅၄၅၆၅ ၊ မြောက်ပိုင်း ခရိုင်မှူး – ၀၉၅၀၈၁၂၂၉ ဖုန်းနံပါတ်များသို့ဆက်သွယ်ပြီး ရေသယ်ယာဉ်များ တောင်းခံ၍ ရေရယူနိုင်ပါကြောင်း ကြေညာခဲ့သည်။

ရန်ကုန် မြို့တွင်းသို့ရေပေးေ၀ လျှက် ရှိသည့် လှော်ကား ကွန်ကရိ ပိုက်လိုင်းကြီး အစားထိုး လဲလှယ် ဆက်သွယ်မှု လုပ်ငန်းများကို မရမ်းကုန်း မြို့နယ် ကျောက်တော်ကြီး ဘုရား အနီးတွင် ခေတ္တ ရေဖြတ်တောက်၍ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.