Connect with us

Social

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၌ ကျင်းပသည့် အလုပ်အကိုင်ပြပွဲ အခမ်းအနားသို့ လူမှုရေးဝန်ကြီး တက်ရောက် အမှာစကားပြောကြား

လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- YRG)

ရန်ကုန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

ယနေ့၊ နံနက်(၁၀)နာရီတွင်ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၌ ကျင်းပသည့် အလုပ်အကိုင်ပြပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့သည်။

လူမှုရေးဝန်ကြီး အဖွင့်အမှာစကား ပြောကြားရာတွင် “ ပြောင်းလဲလာတဲ့ခေတ်စနစ်နဲ့ လိုက်လျောညီထွေအောင် ကျွန်တော်တို့ မြန်မာနိုင်ငံဟာလည်း အခုအချိန်မှာ ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးတွေကို ရရှိထားတာဖြစ်ပါတယ်။ ဒါကြောင့် အလုပ်အကိုင်ပြပွဲတွေကို ပြည်နယ်နဲ့ တိုင်းများမှာ လိုက်လံခင်းကျင်းပြသပြီး အလုပ်အကိုင် ရရှိစေရေးအတွက် ချိတ်ဆက်ဆောင်ရွက်ပေးလျှက်ရှိပါတယ်။ အထူးသဖြင့် နိုင်ငံခြားဘာသာစကားသင်ယူနေတဲ့ ကျောင်းသား၊ကျောင်းသူများနဲ့ ရန်ကုန်မြို့ပေါ်ရှိ တက္ကသိုလ်အသီးသီးက ကျောင်းပြီးတော့မယ့် လူငယ်များအတွက် သင့်တော်ကောင်းမွန်တဲ့ အလုပ်အကိုင်များကို ရရှိစေမှာဖြစ်ပါတယ်။ ဒီနေ့မှာ အခုလိုပွဲဖြစ်မြောက်အောင် ကျင်းပနိုင်တဲ့အတွက် ရန်ကုန်မြို့ပေါ်ရှိလူငယ်များအတွက် များစွာအကျိုးရှိတဲ့ ပြပွဲတစ်ခုလည်း ဖြစ်ပါတယ်။” ဟု ပြောကြားသည်။

ထို့နောက် ဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးမှ စီးပွားရေးရာသံမှူး၏ စီစဉ်မှုဖြင့် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် ထိုင်းနိုင်ငံရှိ ကုမ္ပဏီများပူးပေါင်းပြီး အနာဂတ်အလုပ်အကိုင်အခွင့်အလမ်းများ လာရောက် ခင်းကျင်းပြသပေးသည့်အတွက် ကုမ္ပဏီများအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ဆက်လက်ပြီး “မိမိသင်ယူထားတဲ့ ပညာနဲ့ လုပ်ငန်းခွင်ဝင်ရောက်မှု မှန်ကန်မှသာ လူငယ်များများရဲ့ အနာဂတ်မှာလည်း ပိုမိုကောင်းမွန်တဲ့ အခွင့်အရေးတွေကို ပိုင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒီ့အပြင် စနေ၊တနင်္ဂနွေမှာ ကျင်းပမယ့် အလုပ်ရုံဆွေးနွေးပွဲနဲ့ လုပ်ငန်းခွင်ကြိုတင်ပြင်ဆင်ရေးဆိုင်ရာ အတွေ့အကြုံများမျှဝေသွားမယ့် ဟောပြောပွဲတွေအတွက်လည်း များစွာကြိုဆိုဝမ်းမြောက်မိပါတယ်။ ဒါမှလည်း ကျောင်းပြီးတော့မယ့််လူငယ်များ လုပ်ငန်းခွင်ဝင်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေကို သိရှိနားလည်ပြီး မိမိဝင်ရောက်မယ့် လုပ်ငန်းခွင်တွေမှာ အဆင်ပြေချောမွေ့မှာ ဖြစ်ပါတယ်။” ဝန်ကြီးက ပြောသည်။

အဆိုပါ အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာပြပွဲသည် ရန်ကုန်မြို့ပေါ်ရှိ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(သန်လျင်)၊ သတင်းအချက်အလက်များနည်းပညာတက္ကသိုလ်နှင့် အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်များရှိ ဘွဲ့ရရှိတော့မည့် လူငယ်များအတွက် ရည်ရွယ်၍ ခင်းကျင်းပြသပေးထားခြင်းဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံး၊ စီးပွားရေးရာသံမှူး Mr. Pakaninay Leng EE၊ ရန်ကုန်နိုင်ငံခြာဘာသာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ ကြည်ရွှင်နှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း ရန်ကုန်တိုင်ဒေသကြီးအစိုးရအဖွဲ့မှ သတင်းထုတ်ပြန်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.