Connect with us

Social

၇၁ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပစဉ် လမ်းကြောင်းများ ဖြတ်သန်း သွားလာမှု ယာယီ ပိတ်ထားမည်

၂၀၁၇ ခုနှစ် နှစ် ၇၀ ပြည့် အာဇာနည်နေ့ အခမ်းအနားတွင် အာဇာနည်ဗိမာန်၌ အများပြည်သူများ လာရောက် ဂါရ၀ပြုနေသည်ကို တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ)

၇၁ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့၊ အာဇာနည်ဗိမာန်၌ ဇူလိုင် ၁၉ ရက် နံနက် ၈ နာရီ အချိန်တွင် စတင် ကျင်းပမည် ဖြစ်ရာ ဇူလိုင် ၁၈ ရက် ညနေ ၆ နာရီမှ ဇူလိုင် ၁၉ ရက် ညနေ ၆ နာရီအထိ လမ်းကြောင်းများကို ဖြတ်သန်းသွားလာမှု ယာယီ ပိတ်ဆို့ထားမည် ဖြစ်ကြောင်း အခမ်းအနား လုံခြုံရေး နှင့် စည်းကမ်း ထိန်းသိမ်းရေး လုပ်ငန်း ကော်မတီမှ ကြေညာခဲ့သည်။

ဖြတ်သန်း သွားလာမှု ယာယီ ပိတ်ဆို့ထားမည့် လမ်းကြောင်းများမှာ ဦးဝိစာရလမ်းနှင့် အနောက် ရွှေဂုံတိုင် လမ်းဆုံမှ အနောက် ရွှေဂုံတိုင်လမ်းအတိုင်း လင့်လမ်းနှင့် ဆုံရာ အထိ လည်းကောင်း ၊ အနောက် ရွှေဂုံတိုင် လမ်းမှ အာဇာနည်လမ်းအတိုင်း ရွှေတိဂုံ ဘုရားအရှေ့မုခ် စောင်းတန်း အထိ လည်းကောင်း ၊ အနောက် ရွှေဂုံတိုင် လမ်းမှ အာဇာနည်ဗိမာန်သို့ တက် ရောက်ရာ အုတ်လှေကားလမ်းနှင့် ကျောက်ဆည်ဓမ္မာရုံဘေး လမ်းကြားများ ဖြစ်ကြောင်း သိရသည်။

အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားထားသော ဧည့်သည်တော်များသည် ရွှေတိဂုံ တောင်ဘက်မုခ်မှ အာဇာနည်လမ်းအတိုင်း ရွှေတိဂုံအရှေ့ဘက်မုခ်မှတစ်ဆင့် ရွှေတိဂုံမြောက်ဘက်မုခ်ရှိ အာဇာနည် ဗိမာန်ဝင်ပေါက် ဂိတ် (၂)မှ ဝင်ရောက်ပြီး အနောက်ရွှေဂုံတိုင်လမ်းသို့ ဂိတ် (၃)မှ ပြန်လည် ထွက်ခွာရမည် ဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၁၉ ရက်နေ့ မွန်းတည့် ၁၂ မှ ညနေ ၅ နာရီအထိ အာဇာနည်ဗိမာန်သို့ အများပြည်သူ လာရောက် ဂါရဝပြုနိုင်ရန် ဖွင့်လှစ်ထား မည်ဖြစ်ရာ လာရောက်ကြမည့်ပြည်သူများသည် အနောက်ရွှေဂုံတိုင်လမ်း မှ တစ်ဆင့် အနောက်ရွှေဂုံတိုင်လမ်းနှင့် အာဇာနည်လမ်းဆုံရှိ ဂိတ် (၁)မှ ဝင်ရောက်၍ ဂိတ် (၂)မှတစ်ဆင့် အာဇာနည်လမ်းအတိုင်း ရွှေတိဂုံအရှေ့ ဘက်မုခ်စောင်းတန်းသို့ ထွက်ခွာရမည်ဖြစ်ကြောင်း သိရသည်။

အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်နှင့် ဝန်ကြီး များရုံး (အတွင်းဝန်များရုံးဟောင်း)သို့ ဝင်ရောက်ဂါရဝပြုကြမည့်သူများ သည် ပန်းခွေ၊ ပန်းစည်း၊ ပန်းခြင်း အမျိုးမျိုး၊ လက်ကိုင်အိတ်အမျိုးမျိုး၊ ကင်မရာအမျိုးမျိုး၊ လက်ကိုင်ဖုန်းအမျိုးမျိုး၊ ဗီနိုင်းစအမျိုးမျိုး၊ ပုလင်း၊ ဘူးအမျိုးမျိုး၊ အလံအမျိုးမျိုး၊ အလံကိုင်ဆောင်ရာတွင် အသုံးပြုသည့် တုတ်၊ သံပိုက်၊ ကော်ပိုက်နှင့် ကြိုတင်စစ်ဆေးခံယူမှုမရှိသော လုံခြုံရေးကို ထိခိုက်စေနိုင်မည့် ပစ္စည်းတစ်စုံတစ်ရာ ယူဆောင်ခွင့်မပြုကြောင်း ကြိုတင်အသိပေး ကြေညာခဲ့သည်။

အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်နှင့် ဝန်ကြီးများရုံး (အတွင်းဝန်များရုံးဟောင်း)သို့ ဝင်၊ ထွက်ရာ လမ်းကြောင်းနှင့် ဂိတ်များ၌ လုံခြုံရေးအရ ရှာဖွေစစ်ဆေးမှုများကို ပူးပေါင်းကူညီသောအားဖြင့် ကြည်ဖြူစွာ အစစ်ဆေးခံပေးကြပါရန်နှင့် သတ်မှတ်လမ်းကြောင်းမှသာ စည်းကမ်းတကျ ဝင်ရောက်ထွက်ခွာကြရန် ကြေညာခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.