Connect with us

Sport

ပြိုင်ဘက် အားသာချက် ၊ အားနည်းချက်များကို လေ့လာထားပြီး ဖြစ်ဟု အောင်လအန်ဆန် ပြော

အောင်လအန်ဆန် အား ဗီဒီယို ဖုန်းခေါ်ဆိုမှုမှ တဆင့် သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မေ ၃၀ ရက်(ဆင်ဟွာ)

မြန်မာ့ စပါးအုံး ခေါ် ဝမ်းမစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်သည် ပြိုင်ဘက် ကစားသမား ဖြစ်သူ Ken Hasegawa ၏ အားသာချက် ၊ အားနည်းချက်များကို လေ့လာထားပြီး ဖြစ်ကြောင်း ယနေ့ မေ ၃၀ ရက်တွင် သတင်းမီဒီယာများအား ပြောကြားခဲ့သည်။

ဝမ်းမစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို ဆက်လက် ကာကွယ်ရေး အတွက် အောင်လအန်ဆန်သည် ဂျပန် နိုင်ငံမှ KEN HASEGAWA နှင့် ဇွန်လ ၂၉ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပမည့် “ONE SPIRIT OF A WARRIOR” ပြိုင်ပွဲတွင် ယှဉ်ပြိုင် ထိုးသတ်ကြမည် ဖြစ်သည်။

“Ken Hasegawa က ဂျပန်နိုင်ငံမှာ အတော်ဆုံးသိုင်းပေါင်းစုံကိုယ်ခံပညာကစားသမားတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ သူဟာ အတော်သန်မာတဲ့သူဖြစ်ပြီး၊ ခံနိုင်ရည်အားကောင်းတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူ့ကိုအထင်သေးလို့မရတဲ့ အတွက် ကျွန်တော့်အနေနဲ့ ဒီပွဲကြီးအတွက်ပြင်ဆင်တဲ့နေရာမှာ အာရုံအပြည့်အဝစိုက်ပြီး အကောင်းဆုံးကြိုးစားနေပါတယ်။”ဟု အောင်လအန်ဆန်က ပြောသည်။ယခု ပွဲစဉ်သည် ပွဲကြီးပွဲကောင်း တစ်ပွဲ ဖြစ်မည်ဟု ၎င်းက သတင်းမီဒီယာများအား ဗီဒီယို ဖုန်းခေါ်ဆိုမှုမှ တဆင့် သတင်းမီဒီယာများအား ပြောကြားခဲ့သည်။

“ဒီပြိုင်ပွဲကြီးမှာ အနိုင်ရဖို့အတွက်၊ ကျွန်တော့်ရဲ့ ဝမ်းမစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံခါးပတ်ကိုကာကွယ်နိုင်ဖို့အတွက် ကျွန်တော်အာရုံအပြည့်အဝစိုက်ထား ပါတယ်။”ဟု အောင်လအန်ဆန်က ပြောကြားခဲ့သည်။ဂျပန်နိုင်ငံမှ KEN HASEGAWA သည် သိုင်းပေါင်းစုံကိုယ်ခံပညာရှင်တစ်ဦးဖြစ်ပြီး ဝမ်းချန်ပီယံရှစ် ONE ChampionshipTM (ONE) တွင် ပထမဆုံးအကြိမ် ပွဲဦးထွက်အနေဖြင့် ပါဝင်ယှဉ်ပြိုင်လာသူ ဖြစ်ကြောင်း သိရသည်။

အောင်လအန်ဆန်သည် ၂၀၁၇ ခုနှစ် ဇွန်လတွင် ရုရှားနိုင်ငံမှ Vitaly Bigdash ကို အလဲထိုးကာ အနိုင်ယူခဲ့သည်ဟုဒိုင်များ၏ တညီတညွှတ်တည်းဆုံးဖြတ်မှု နှင့်အတူ ဝမ်းမစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ရယူ ဆွတ်ခူး ခဲ့ကြောင်း သိရသည်။အောင်လအန်ဆန်သည် ဝမ်းမစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံဆုများ (ONE Middleweight & Light Heavyweight World Champion) ရရှိထားသူ ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.