Connect with us

Sport

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် အာရှ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ ပထမအဆင့်ခြေစစ်ပွဲစဉ်များထုတ်ပြန်

အာရှ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ ပထမအဆင့်ခြေစစ်ပွဲစဉ်များထုတ်ပြန် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ မေ ၃၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် အာရှ ယူ-၁၉ အမျိုးသမီး ဘောလုံးချန်ပီယံရှစ်ပြိုင်ပွဲ ပထမအဆင့် အုပ်စု ပွဲစဉ်များ အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် မြန်မာအသင်း ပါဝင်ယှဉ်ပြိုင်ရမည့် အုပ်စု (စ)ပွဲစဉ်များကို ရန်ကုန်မြို့တွင် အိမ်ရှင် အဖြစ်လက်ခံကျင်းပမည် ဖြစ်ပြီး အီရန်၊ ပါလက်စတိုင်း၊ လာအို အသင်းများနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းသည် အဖွင့်ပွဲစဉ်အဖြစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် လာအို အသင်းနှင့် လည်းကောင်း၊ အောက်တိုဘာလ ၂၆ ရက်နေ့တွင် ပါလက်စတိုင်း အသင်းနှင့် လည်းကောင်း၊ အောက်တိုဘာလ ၂၈ ရက်နေ့တွင် အီရန် အသင်းနှင့် လည်းကောင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အုပ်စု (၆) ခု ပါဝင်မည့် အာရှ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ် ခြေစစ်ပွဲ ပထမအဆင့်ပွဲစဉ်များတွင် အုပ်စုပထမရရှိသော အသင်း ၆ သင်းနှင့် အကောင်းဆုံး အုပ်စုဒုတိယ ရရှိသည့် နှစ်သင်းတို့သည် ဒုတိယအဆင့်ခြေစစ်ပွဲများကို ဆက်လက်ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.