Connect with us

Sport

အောင်လအန်ဆန်းက စိန်ခေါ်သူ အာလိန်းဂလားနီး အား ပထမ အချီ ၌ပင် အနိုင်ယူနိုင်ခဲ့


ရန်ကုန် ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ)

“မြန်မာ့စပါးအုံး”ခေါ် ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်း နှင့် စိန်ခေါ်သူ ဟဲဗီးဝိတ် မွေထိုင်းကမ္ဘာ့ချန်ပီယံ အာလိန်းဂလားနီး “ကျားသစ်နက်” တို့ယနေ့နိုဝင်ဘာ ၃ ရက်တွင် ယှဉ်ပြိုင် ထိုးသတ်ကြရာ အောင်လအန်ဆန်းက အာလိန်းဂလားနီး အား ပထမအချီတွင်ပင် အနိုင်ယူထိုးသတ်နိုင်ခဲ့ကြောင်းသိရသည်။

အောင်လအန်ဆန်း နှင့် အာလိန်းဂလားနီး တို့သည် ONE: HERO’S DREAM ပြိုင်ပွဲ၏ အဓိက ပွဲစဉ် အဖြစ် ယှဉ်ပြိုင် ကြရာတွင် ပထမ အချီ၌ပင် အောင်လအန်ဆိုင်းသည် ၎င်း၏ နာမည်ကြီး ချုပ်ကွက်ဖြင့် အာလိန်းဂလားနီး အား အနိုင်ရယူသွားနိုင်ခဲ့သည်။အောင်လအန်ဆန်းက မိမိ အနေဖြင့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ တစ်ယောက် ဖြစ်သော်လည်း ယခုကဲ့သို့အောင်မြင်မှု ရရှိခဲ့သည့် အတွက် ဂုဏ်ယူမိပါကြောင်း အနိုင်ရရှိမှု အခြေအနေ အပေါ် ပွဲအပြီး ထည့်သွင်း ပြောကြားခဲ့သည်။

အောင်လအန်ဆန်း နှင့် အာလိန်းဂလားနီး ယှဉ်ပြိုင်ထိုးသတ်နေပုံအားတွေ့စဉ် (ဆင်ဟွာ)

အောင်လအန်ဆန်း နှင့် အာလိန်းဂလားနီး ယှဉ်ပြိုင်ထိုးသတ်နေပုံအားတွေ့စဉ် (ဆင်ဟွာ)

အောင်လအန်ဆန်း နှင့် အာလိန်းဂလားနီး ယှဉ်ပြိုင်ထိုးသတ်နေပုံအားတွေ့စဉ် (ဆင်ဟွာ)

အောင်လအန်ဆန်း နှင့် အာလိန်းဂလားနီး ယှဉ်ပြိုင်ထိုးသတ်နေပုံအားတွေ့စဉ် (ဆင်ဟွာ)

အောင်လအန်ဆိုင်းက ပွဲပြီး သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာပြည်သူများ၏ ထောက်ခံ အားပေးမှုများ အပေါ် ကျေးဇူး တင်ရှိပါကြောင်း ၊ အနိုင်ရရှိခဲ့သည့် အတွက် ဝမ်းသာပါကြောင်း ၊ နောက်လာမည့် ပွဲများတွင် ယခုထက် ပိုမို ကောင်းမွန်အောင်ကြိုးစား သွားမည် ဖြစ်ကြောင်း ၊ ၎င်း၏ ချန်ပီယံ ကာကွယ်သည့် ပွဲအား လာမည့်နှစ် ဖေဖော်ဝါရီလတွင်ကျင်းပရန် ဖြစ်နိုင်ဖွယ်ရှိကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။အောင်လအန်ဆိုင်းသည် ပြိုင်ဖက်အား ဖမ်းချုပ်ဆုပ်ကိုင်ပြီး အနိုင်ယူသည့် ယှဉ်ပြိုင်မှု ပုံစံကြောင့် “မြန်မာ့စပါးအုံး” (The Burmese Python) ဟုအမည်တွင်သူ ဖြစ်သည်။ထို့အတူ အခြားယှဉ်ပြိုင်ကစားသည့် ပွဲစဉ်များ အနက် တရုတ်နိုင်ငံမှ ကစားသမားများ ယှဉ်ပြိုင် ထိုးသတ်ကြသည့်ပြည်ပ တွဲဆိုင်း ၄ ဆိုင်း စလုံးတွင်၎င်းတို့က ပြိုင်ဘက် ကစားသမားများအား ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည်။ ONE: HERO’S DREAM ပြိုင်ပွဲအား ရန်ကုန်မြို့ရှိ အမျိုးသား အားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ကျင်းပရာ ပြည်တွင်း ၊ ပြည်ပ တွဲဆိုင်း ၁၀ ဆိုင်း ပါဝင် ယှဉ်ပြိုင် ကစားခဲ့ကြသည်။ယခု ကျင်းပပြုလုပ်သည့် ဘက်စုံကိုယ်ခံပညာသုံး MMA ပြိုင်ပွဲ သည် မြန်မာနိုင်ငံ၌ ငါးကြိမ်မြောက် ပြုလုပ်သော ပွဲစဉ် တစ်ခု ဖြစ်ကြောင်း သိရသည်။ (Xinhua)