Connect with us

Sport

အိန္ဒိယအသင်းနှင့် အာရှဖလား ခြေစစ်ပွဲ ယှဉ်ပြိုင်ကစားမည့် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းလူစာရင်းထုတ်ပြန်

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းလူစာရင်းအားတွေ့ရစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)

အိန္ဒိယအသင်းနှင့် အာရှဖလား ခြေစစ်ပွဲ ယှဉ်ပြိုင်ကစားမည့် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း ၏ အသင်းလူစာရင်းအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပြန်လိုက်သည်။

မြန်မာ့ လက်ရွေးစင်အသင်းသည် ၂ဝ၁၉ အာရှဖလား တတိယ အဆင့် ခြေစစ်ပွဲအုပ်စုပွဲစဉ်(၅) ယှဉ်ပြိုင်ရန် အတွက် အပြီးသတ် ကစားသမား၂၃ ဦး ရွေးချယ်လိုက်ခြင်းဖြစ်သည်။၎င်းထုတ်ပြန်ချက်ထဲတွင် မြန်မာ့ လက်ရွေးစင်အသင်းတွင် အုပ်ချုပ်သူ- ဦးသန်းတိုးအောင်၊ နည်းပြချုပ်-ဂတ်ဖရိုင်းဒရစ်၊ လက်ထောက် နည်းပြ-ဦးမြင့်ကိုနှင့် ပိုပေါ့စကီး၊ ဂိုးနည်းပြ-ဦးအောင်ကျော်ကျော်၊ ကစားသမားများ အဖြစ် ဂးိုသမား-သီဟစည်သူ (ရှမ်းယူနိုက်တက်)၊ ကျော်ဇင်ထက၊် ဆန်းဆက်နိုင်(ရန်ကုန်)၊ နောက်တန်း-ကျော်ဇင်လွင်(မကွေး)၊ ဒေးဗစ်ဒန်း၊ ဇော်မင်းထွန်း၊ သီဟထက်အောင်(ရန်ကုန်)၊ သိန်းသန်းဝင်း (ရတနာပုံ)၊ ဝင်းမင်းထွဋ်၊ ဟိန်းသီဟဇော်၊ ထိုက်ထိုက်အောင်(ရှမ်းယူနိုက်တက်)၊ အလယ်တန်း-စည်သူအောင်၊ လှိုင်းဘိုဘို(ရတနာပုံ)၊ မောင်မောင်လွင် (ဟံသာဝတီ)၊ ရန်နိုင်ဦး၊ တင်ဝင်းအောင်၊ ဇင်မင်းထွန်း (ရှမ်းယူနိုက်တက်)၊ ရန်အောင်ကျော်၊ ကြည်လင်း(ရန်ကုန်)၊ သက်နိုင်(ရတနာပုံ)၊ ရှေ့တန်း-အောင်သူ(ရတနာပုံ)၊ သန်းပိုင်နှင့်ကျော်ကိုကို (ရန်ကုန်)တို့ ပါဝင်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် အိန္ဒိယ အသင်းနှင့် ပွဲမတိုင်မီ ကမ္ဘောဒီးယားနိုင်ငံသို့ သွားရောက်၍ လေ့ကျင့် မှုပြုလုပ်မည် ဖြစ်ပြီး နိုဝင်ဘာ ၉ ရက်တွင် ကမ္ဘောဒီးယား လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင် ကစား မည်ဖြစ်သည်။မြန်မာ့လက်ရွေးစင်အသင်းသည် အိန္ဒိယ အသင်းနှင့်ကစားမည့်ပွဲအတွက် အောက်တိုဘာ ၃၁ ရက်တွင် လေ့ကျင့်မှု စတင်ပြုလုပ်ခဲ့ပြီး ယင်းပွဲတွင် ခြေစစ်ပွဲ အောင်မြင်ရေးအတွက်အရေးပါလျက်ရှိသည်။ မြန်မာအသင်းသည ်ကာဂျစ္စတန် အသင်းနှင့် အဝေး ကွင်းပွဲကို ကစားရခြင်း မရှိသေးဘဲ ရွှေ့ဆိုင်းထားရသောကြောင့် သုံးပွဲသာ ကစားရသေးပြီး တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံး ရမှတ် လေးမှတ်ဖြင့် အုပ်စု တတိယနေရာတွင် ရပ်တည်နေသည်။ မြန်မာ အသင်းအနေဖြင့် ခြေစစ်ပွဲ အောင်မြင်ရန် အိန္ဒိယ၊ ကာဂျစ္စတန် အသင်းတ့ိုနှင့် အဝေးကွင်း ပွဲများမှာ အရေးပါလျက်ရှိပြီး ရလဒ်ကောင်း ရရန် လိုအပ်နေကြောင်း သိရသည်။ မြန်မာ အသင်းသည် အိန္ဒိယအသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် ပထမ အကျော့ ပွဲတွင် အိမ်ကွင်း၌ ၁ ဂိုး- ဂိုးမရှိဖြင့် ရှုံးနိမ့် ထားသည်။ မြန်မာ့လက်ရွေးစင် အသင်းသည် ကမ္ဘောဒီးယား လက်ရွေးစင် အသင်းနှင့် ခြေစမ်း ပွဲကစားရန် နိုဝင်ဘာ (၇)ရက် (ယနေ့) တွင် ထွက်ခွာမည် ဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.