Connect with us

Sport

၂၀၁၅ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ် ဗိုလ်လုပွဲတွင် မြန်မာအသင်း ငွေတံဆိပ်ဆု ရရှိ

မြန်မာယူ-၁၆ အဖွဲ့ (ဓာတ်ပုံ-MFF)

ရန်ကုန်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ)

မြန်မာယူ-၁၆ အသင်းသည် ၂၀၁၅ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ် ဗိုလ်လုပွဲတွင် ထိုင်း ယူ-၁၆ အသင်းအား (၃) ဂိုး၊ ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး အဆိုပါ ပြိုင်ပွဲ၏ ငွေတံဆိပ်ဆု ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ထံမှ သတင်းရရှိသည်။

ပွဲချိန် ၄၂ မိနစ်မှာ ထိုင်းအသင်းမှ ထောင့်ကန်ဘောမှ တဆင့် အဖွင့်ဂိုး သွင်းယူခဲ့ပြီး၊ ပွဲချိန် ၈၁ မိနစ်တွင် ထောင့်ကန်ဘောမှ တဆင့် ထိုင်းအသင်း ဒုတိယဂိုး ထပ်မံရရှိခဲ့ပြီး၊ ဒုတိယဂိုးရရှိပြီး ၂ မိနစ် အကြာတွင် တတိယဂိုးကို ထိုင်းအသင်းက ထပ်မံ သွင်းယူနိုင်ခဲ့သည်။

မြန်မာ အသင်းသည် ရွှေတံဆိပ်ဆု နှင့် လွဲခဲ့သော်လည်း မြန်မာယူ-၁၆ အသင်းသည် ပြိုင်ပွဲတစ်လျှောက် အသန့်ရှင်းဆုံးဆု (Fair Play Award) ကိုပါ ထပ်မံ ရရှိခဲ့ကြောင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ သတင်း ထုတ်ပြန်သည်။

“အခုပြိုင်ပွဲကို အာဆီယံ ဒေသတွင်းမှ အင်ဒိုနီးရှား အသင်းမှလွဲ၍ အသင်း ၁၁ သင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။ မြန်မာ ယူ-၁၆ အသင်းကို နည်းပြချုပ် အဖြစ် ရန်ကုန် ယူနိုက်တက် နည်းပြချုပ်ဟောင်း အဲရစ်ဝီလျံက ဇူလိုင်လ ၂ဝ ရက်ကမှ စပြီး ကိုင်တွယ်ခဲ့တယ်’’ ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူ ဦးစိုးမိုးက ဆင်ဟွာကို ပြောသည်။အာဆီယံ ယူ-၁၆ ပြိုင်ပွဲ၊ တတိယနေရာ လုပွဲတွင် သြစကြီးယား အသင်းမှ လာအိုအသင်းကို ၁၀ ဂိုး ၂ ဂိုးဖြင့် တတိယနေရာ ရရှိခဲ့သည်။ (Xinhua)