Connect with us

Sport

အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ၌ မြန်မာဘောလုံးအသင်း ဗိုလ်လုပွဲတက်


ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

စင်ကာပူနိုင်ငံတွင် ကျင်းပနေသော ၂၈ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ၌ အမျိုးသား ဘောလုံးပွဲစဉ် ဆီမီး ဖိုင်နယ်တွင် မြန်မာ ယူ ၂၃ ဘောလုံး အသင်းသည် ယနေ့ ဗီယက်နမ်အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲထိ တက်ရောက် နိုင်ခဲ့သည်။

ဗိုလ်လုပွဲ တက်နိုင်ရန် ယနေ့ ဗီယက်နမ်နှင့် ပွဲစဉ်တွင် မြန်မာအသင်းအတွက် ဂိုးများကို တိုက်စစ်မှူး စည်သူအောင်နှင့် အသင်းခေါင်းဆောင် နေလင်းထွန်းတို့က သွင်းယူပေးခဲ့သည်။

မြန်မာ ဘောလုံးအသင်းသည် ယခင် ကျွန်းဆွယ်နှင့် ယခုဆီးဂိမ်းစ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ဗိုလ်လုပွဲ အဆင့်သို့ (၉) ကြိမ်မြောက် တက်ရောက်သွားခဲ့ကြောင်း သိရသည်။

မြန်မာနှင့် ဗီယက်နမ် ယူ-၂၃ အသင်းတို့ ယှဉ်ပြိုင်ကစားနေသည့် အကြို ဗိုလ်လုပွဲ ပွဲစဉ်အား ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံ ရှိ LED Board တွင် ကြည့်ရှုအားပေးနေသော ပရိသတ်များ (ဆင်ဟွာ)

ဗိုလ်လုပွဲကို လာမည့် ဇွန်လ ၁၅ ရက်နေ့ ည ၇ နာရီအချိန်တွင် ကျင်းပသွားမည်ဖြစ်ပြီး မြန်မာအသင်းသည် ထိုင်း ဘောလုံးအသင်း (သို့) အင်ဒိုနီးရှား ဘောလုံးအသင်းနှင့် ဗိုလ်လုပွဲတွင် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။

လက်ရှိတွင် မြန်မာအသင်းက အင်ဒိုနီးရှားနှင့် ပြိုင်ပွဲတွင် ၄ ဂိုး ၂ ဂိုး၊ ဖိလစ်ပိုင်နှင့် ပြိုင်ပွဲတွင်၅ဂိုး ၁ဂိုး၊ စကာၤပူနှင့် ပြိုင်ပွဲတွင် ၂ ဂိုး ၁ ဂိုး ဖြင့် အနိုင်ရရှိထားပြီး ကမ္ဘောဒီးယားနှင့် ပြိုင်ပွဲတွင် သရည်ကျခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117