ဂျီနီဗာ၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ) COVID-19 ကာကွယ်ဆေးများကို ကမ္ဘာ့ပြည်သူကုန်စည်တစ်ခုဖြစ်ရန်၊ အားလုံးအတွက် သင့်တင်မျှတစွာ ရရှိရေးအတွက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ဖေဖော်ဝါရီ ၂၂ ရက်က အလေးထားပြောကြားခဲ့သည်။
အနောက်ဂျာဗား၊အင်ဒိုနီးရှား၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ)
မက္ကဆီကိုအီတီပက် ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ အလယ်ပိုင်း မက္ကဆီကိုပြည်နယ် အီတီပက်မြို့တွင် ဖေဖော်ဝါရီ ၂၂ ရက်က တရုတ်နိုင်ငံ မှ ထုတ်လုပ်သော Sinovac COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံပေးသည့် လုပ်ငန်းအား စတင်ဆောင်ရွက်ခဲ့သည်။
နယူးယောက်၊ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ဖြင့်သေဆုံးသူ အရေအတွက်သည် ထိတ်လန့်တုန်လှုပ်ဖွယ် သမိုင်းမှတ်တိုင်တစ်ခု ဖြစ်သည့် သန်းဝက်( ၅သိန်း) ထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံ နှင့် အင်ဂျင်နီယာဌာန (CSSE) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဘိုဂိုတာ၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ Sinovac ကုမ္ပဏီထုတ် ကိုဗစ်ကာကွယ်ဆေး ပထမအသုတ်သည် ဖေဖော်ဝါရီ ၂၀ ရက် ညနေပိုင်းတွင် ကိုလံဘီယာနိုင်ငံ မြို့တော် ဘိုဂိုတာမြို့သို့ ရောက်ရှိခဲ့သည်။ ကိုလံဘီယာနိုင်ငံ သမ္မတ Ivan Duque ၊ ဒုတိယသမ္မတRamírez တို့နှင့်အတူ ကိုလံဘီယာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ...
မက္ကဆီကိုစီးတီး၊ ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ Sinovac ကိုဗစ်ကာကွယ်ဆေး ပထမအသုတ်သည် ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းက မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးမြို့အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့သည်။ မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီးEbrard ၏ အထူးကိုယ်စားလှယ် ၊နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Martha Delgadoနှင့် မက္ကဆီကိုနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ကျုချင်းချောင်တို့က လေဆိပ်သို့လာရောက်၍...
ချီကာဂို၊ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီကြီး ဘိုးရင်းက ၎င်းတို့၏ Boering 777 အမျိုးအစားလေယာဉ်၏ Pratt & Whitney 4000-112 အင်ဂျင်နှင့်ပတ်သက်၍ ပြည်ထောင်စု လေကြောင်းပျံသန်းမှု စီမံခန့်ခွဲရေးဌာန(FAA) က လိုအပ်သော လုပ်ထုံးလုပ်နည်း စုံစမ်းစစ်ဆေးမှု ပြုလုပ်ပြီးချိန်ထိ ယင်းလေယာဉ်ပျံသန်းပြေးဆွဲခြင်းကို ယာယီဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ...
ဖနွမ်းပင်၊ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံတွင် ဖေဖော်ဝါရီ ၂၁ ရက်က COVID-19 ရောဂါ အတည်ပြုလူနာသစ် ၁၇ ဦးတွေ့ရှိခဲ့ရာ နိုင်ငံအတွင်း အတည်ပြုလူနာစုစုပေါင်း ၅၃၃ ဦးထိ ရောက်ရှိလာကြောင်း ကမ္ဘောဒီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန(MoH) က ထုတ်ပြန်ကြေညာခဲ့သည်။
ဟူစတန်၊ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ လူဝီစီးယားနားပြည်နယ် နယူးအော်လင်းမြို့ဆင်ခြေဖုံးတွင် ဖေဖော်ဝါရီ ၂၀ ရက်က လူတစ်ဦးသည် သေနတ်အရောင်းဆိုင်ထဲသို့ ဝင်ရောက်လာပြီး ပစ်ခတ်မှုပြုလုပ်ခဲ့ရာ လူနှစ်ဦးသေဆုံးသွားကြောင်း သိရသည်။
မွမ်ဘိုင်း၊ ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဘဏ္ဍာရေးအချက်အချာ မွမ်ဘိုင်းမြို့တွင် ကိုဗစ်ကပ်ရောဂါကြောင့် လူနေအဆောက်အအုံ (၁,၃၀၀)ကျော် ပိတ်ထားရပြီး လူပေါင်း(၇)သောင်းကျော် အိမ်တွင် သီးခြားနေရန် ညွှန်ကြားထားကြောင်း မွမ်ဘိုင်းမြို့အစိုးရ၏ အချက်အလက်များအရ သိရသည်။