Connect with us

WORLD

မက္ကဆီကိုနိုင်ငံတွင် တရုတ်နိုင်ငံထုတ် Sinovac COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံမှု စတင်

မက္ကဆီကိုနိုင်ငံ မြို့တော်ရှိ မက္ကဆီကိုစီးတီး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဖေဖော်ဝါရီ ၂၀ ရက်၌ ရောက်ရှိလာသော တရုတ်နိုင်ငံ မှ Sinovac COVID-19 ကာကွယ်ဆေးများအား လေယာဉ်ပေါ်မှချနေသည်ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

မက္ကဆီကိုအီတီပက် ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ အလယ်ပိုင်း မက္ကဆီကိုပြည်နယ် အီတီပက်မြို့တွင် ဖေဖော်ဝါရီ ၂၂ ရက်က တရုတ်နိုင်ငံ မှ ထုတ်လုပ်သော Sinovac COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံပေးသည့် လုပ်ငန်းအား စတင်ဆောင်ရွက်ခဲ့သည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် ပထမသုတ်အနေဖြင့် အသက် ၆၀ နှင့် အထက်ရှိသည့် သက်ကြီးရွယ်အိုများကို ဦးစားပေးထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးစတင်ထိုးနှံပေးသည့်နေ့တွင် ထောင်နှင့်ချီသော သက်ကြီးရွယ်အိုများက ကာကွယ်ဆေးထိုးနှံပေးသည့် စင်တာသို့လာရောက်၍ ဆေးထိုးနှံမှုခံယူခဲ့ကြကြောင်း သိရသည်။

တရုတ်နိုင်ငံ ထုတ် Sinovac COVID-19 ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံမှုခံယူကြသူများထဲတွင် အသက် ၇၄ နှစ်အရွယ်ရှိ ကားမင်း ဆန်သီလီအန် သည်လည်းတစ်ဦးအပါအဝင်ဖြစ်ခဲ့သည်။ ၎င်းအနေဖြင့် နံနက် ၅ နာရီခန့် တွင် မိသားစုဝင်များအနှင့် အတူ ဝှီးချဲဖြင့် ကာကွယ်ဆေးထိုးနှံပေးသည့် နေရာသို့ရောက်ရှိလာခဲ့ကြောင်း ၊ ၎င်းအနေဖြင့် လှုပ်ရှားသွားလာရာတွင် အဆင်မပြေမှုရှိသောကြောင့် ကာကွယ်ဆေးထိုးနှံမှု ဦးစားပေးစာရင်းတွင် ထည့်သွင်းခံရပြီး ထိပ်ဆုံးနေရာ၌ နေရာချထားပေးခြင်းခံရကြောင်း သိရသည်။ ကားမင်း ဆန်သီလီအန် က မိမိအနေဖြင့် နေအိမ်အတွင်း သီးသန့်ခွဲခြားနေထိုင်ရခြင်းကို ငြီးငွေ့လာခဲ့ပြီး ကာကွယ်ဆေးထိုးနှံမှုခံယူပြီးနောက်တွင် လက်ရှိလူနေမှုပုံစံအား ရပ်တန့်ကာ အရာအားလုံး ပုံမှန် ပြန်လည် လည်ပတ်စေရန်မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

အီတီပက်မြို့တော်ဝန် က ယနေ့သည် အီတီပက်မြို့၏ အရေးပါသောနေ့တစ်နေ့ ဖြစ်ကြောင်း ၊ အီတီပက်မြို့သည် မက္ကဆီကို နိုင်ငံရှိ လူနေမှုအထူထပ်ဆုံး မြို့ကြီးများအနက် တစ်မြို့အပါအဝင်ဖြစ်ပြီး ဆေးဘက်ဆိုင်ရာ အရင်းအမြစ်နည်းပါကာ COVID-19 ရောဂါကြောင့် သေဆုံးမှုမှာလည်းမြင့်မားကြောင်း ၊ ဒေသတွင်းအစိုးရအနေဖြင့် အင်အားနည်းသူများကို ကာကွယ်ဆေးဦးစားပေးထိုးနှံပေးရန် စီစဉ်နေကြောင်း ၊ တရုတ်နိုင်ငံသည် ကပ်ရောဂါတိုက်ဖျက်ရေးတွင် ကြွယ်ဝသော အတွေ့အကြုံများရှိပြီး တရုတ်နိုင်ငံ နှင့် ကပ်ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နှင့် အတွေ့အကြုံမဖလှယ်မှုအား တွန်းအားပေးဆောင်ရွက်ခြင်း က လူအသက်များအား ပိုမိုကယ်တင်ပေးနိုင်မည်ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။

မက္ကဆီကိုနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ကျူးချင်းချောင် က တရုတ်-မက္ကဆီကို ကာကွယ်ဆေးပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်၍ မက္ကဆီကိုနိုင်ငံ သတင်းမီဒီယာ၌ ဆောင်းပါးရေးသားဖော်ပြခဲ့ရာတွင် တရုတ်-မက္ကဆီကို နှစ်နိုင်ငံ ကာကွယ်ဆေးပူးပေါင်းဆောင်ရွက်မှုသည် အရေးပါသည့် တိုးတက်မှုများ ရရှိနိုင်ခဲ့သောကြောင့် နှစ်နိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု သည် အဆင့်အသစ်တစ်ခုကို တက်လှမ်းနိုင်ခဲ့သည်ကို ဖော်ပြနိုင်ခဲ့ကြောင်း ၊ တရုတ်နိုင်ငံမှကာကွယ်ဆေးသည် မက္ကဆီကိုနိုင်ငံ ကပ်ရောဂါကာကွယ်ရေး အတွက် ကောင်းမွန်သော သက်ရောက်မှုကို ဖြစ်စေမည်ဖြစ်ပြီး မက္ကဆီကိုနိုင်ငံ ပြည်သူများအတွက် ကပ်ရောဂါအား အမြန်ဆုံးတိုက်ဖျက်နိုင်စေရန် အထောက်အကူဖြစ်စေမည်ကို ယုံကြည်ကြောင်း ထည့်သွင်းရေးသားခဲ့သည်။

မက္ကဆီကိုနိုင်ငံအစိုးရ က ယခုလ ၁၀ ရက်တွင် တရုတ်နိုင်ငံ မှ တီထွင်ထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေးနှစ်မျိုးအား အရေးပေါ်အသုံးပြုရန် ခွင့်ပြုကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီး အဆိုပါကာကွယ်ဆေးနှစ်မျိုးမှာ တရုတ်နိုင်ငံစစ်ဘက်ဆိုင်ရာ ဆေးသိပ္ပံအကယ်ဒမီ နှင့် CanSino ကုမ္ပဏီ တို့မှ ပူးပေါင်းတီထွင်ထုတ်လုပ်ခဲ့သည့် ကာကွယ်ဆးနှင့် Sinovac ကုမ္ပဏီတို့မှ တီထွင်ထုတ်လုပ်ခဲ့သည့် COVID-19 ကာကွယ်ဆေးတို့ဖြစ်ကြကြောင်း ၊ ပထမအသုတ်သော Sinovac COVID-19 ကာကွယ်ဆေးများသည် ဖေဖော်ဝါရီ ၂၀ ရက်နံနက်ပိုင်းတွင် မက္ကဆီကိုနိုင်ငံ မြို့တော် မက္ကဆီကိုစီတီး အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့ပြီးနောက် မက္ကဆီကိုနိုင်ငံအစိုးရ က ယင်းကာကွယ်ဆေးအား အီတီပက်မြို့သို့ပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ (Xinhua)

———————————————–
(Chinese Version)

(国际疫情)墨西哥开始接种中国科兴新冠疫苗

  新华社墨西哥埃卡特佩克2月22日电(记者吴昊 朱雨博)墨西哥中部墨西哥州埃卡特佩克市22日起开始接种中国科兴新冠疫苗。
  首批接种人群为60岁及以上老年人。当天上午,数千名老人在家人朋友陪伴下来到该市美洲文体中心外排起长队,等待疫苗接种。
  74岁的卡门•桑蒂连是当天首名接种者。凌晨5时许,她在亲人陪伴下乘坐轮椅来到现场。组织方考虑她行动不便,便将她接种顺序提前至首位。桑蒂连表示已厌倦长期居家隔离生活,希望接种疫苗后能结束当前生活状态,一切都好起来。

  “这对埃卡特佩克是重要一天。”埃卡特佩克市长费尔南多•比尔奇斯当天告诉记者。他表示,该市是墨西哥人口密度最大城市之一,当地医疗资源匮乏、新冠病亡率偏高,当地政府正优先考虑为弱势群体接种疫苗。他说,中国抗疫经验丰富,推动双边抗疫合作与经验交流可拯救更多生命。
  中国驻墨西哥大使祝青桥当天就中墨疫苗合作在墨西哥媒体上发表署名文章说,中墨两国疫苗合作取得重要进展,标志着中墨抗疫合作进入新阶段。相信中国疫苗将为墨方构建免疫防线发挥积极作用,助力墨西哥人民早日战胜疫情。

本月10日,墨西哥政府宣布批准紧急使用两款中国研发的新冠疫苗,分别是中国军事医学研究院和康希诺公司联合研发的腺病毒载体疫苗以及中国科兴公司研发的新冠疫苗。首批科兴新冠疫苗20日上午运抵首都墨西哥城国际机场,随后墨西哥政府宣布将这批疫苗配送至埃卡特佩克市。(完)

Photo
2月20日,在墨西哥首都墨西哥城国际机场,工作人员从飞机上卸下装有中国科兴新冠疫苗的温控集装箱。新华社记者 辛悦卫 摄