Connect with us

WORLD

Sinovac ကိုဗစ်ကာကွယ်ဆေး ပထမအသုတ် မက္ကဆီကိုနိုင်ငံသို့ ရောက်ရှိ

မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးမြို့အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ Sinovac ကိုဗစ်ကာကွယ်ဆေးများရောက်ရှိလာသည်ကို ဖေဖော်ဝါရီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မက္ကဆီကိုစီးတီး၊ ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ Sinovac ကိုဗစ်ကာကွယ်ဆေး ပထမအသုတ်သည် ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းက မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးမြို့အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့သည်။ မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီးEbrard ၏ အထူးကိုယ်စားလှယ် ၊နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Martha Delgadoနှင့် မက္ကဆီကိုနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ကျုချင်းချောင်တို့က လေဆိပ်သို့လာရောက်၍ ကာကွယ်ဆေးများကို လက်ခံခဲ့ကြကြောင်း သိရသည်။

ကာကွယ်ဆေးလက်ခံရရှိသည့်အတွက် ကျေးဇူးတင်ရှိကြောင်း မက္ကဆီကိုနိုင်ငံအစိုးရကိုယ်စား Delgadoက ပြောကြားခဲ့သည်။ ပြီးခဲ့သည့်နှစ်မှစ၍ မက္ကဆီကို-တရုတ် ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုသည် ထိရောက်သည့် အောင်မြင်မှုများ ရရှိခဲ့ကြောင်း ၊ လေကြောင်းမှတစ်ဆင့် ကပ်ရောဂါတိုက်ဖျက်ရေး အထောက်အပံ့ပစ္စည်များကိုလည်း တရုတ်နိုင်ငံက ပေးပိုခဲ့ကြောင်း ဆိုသည်။

မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးမြို့အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ Sinovac ကိုဗစ်ကာကွယ်ဆေးများရောက်ရှိလာသည်ကို ဖေဖော်ဝါရီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးမြို့အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ Sinovac ကိုဗစ်ကာကွယ်ဆေးများရောက်ရှိလာသည်ကို ဖေဖော်ဝါရီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လက်ရှိ မက္ကဆီကို-တရုတ် ကာကွယ်ဆေး ပူးပေါင်းဆောင်ရွက်မှုသည် တိုးတက်မှုသစ်များ အဆက်မပြတ်ရရှိခဲ့ပြီဖြစ်ရာ မက္ကဆီကိုသည် လက်တင်အမေရိကဒေသတွင် တရုတ်နိုင်ငံ၏ကာကွယ်ဆေး(၂)မျိုးလုံးကို အရေးပေါ်အသုံးပြုခွင့်ပေးခဲ့သည့် တစ်ခုတည်း‌သော နိုင်ငံဖြစ်ကြောင်း၊ ကာကွယ်ဆေးပူးပေါင်းဆောင်ရွက်မှုသည်လည်း နိုင်ငံတကာကပ်ရောဂါတိုက်ဖျက်ရေး၏ စံနမူနာ ဖြစ်ကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေး ကဏ္ဍသစ်ကို အဆက်မပြတ်တွန်းအား ဆောင်ရွက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်သံအမတ်ကြီး ကျုချင်းချောင်ကလည်း ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားပြီးနောက် တရုတ်-မက္ကဆီကို နှစ်နိုင်ငံသည် အပြန်အလှန်ကူညီဖေးမခဲ့ကြကြောင်း၊ တရုတ်နိုင်ငံပြည်တွင်း ကာကွယ်ဆေးလိုအပ်ချက် ကြီးမားနေချိန်၊ ထုတ်လုပ်မှုအကန့်အသတ်ရှိနေချိန်တွင် အရေးပေါ် မက္ကဆီကိုသို့ ကာကွယ်ဆေး ပံ့ပိုးပေးသည်မှာ နှစ်နိုင်ငံဆက်ဆံရေးနှင့်ပြည်သူချင်းချစ်ကြည်ရင်းနှီးမှုကို၏ပုံရိပ်ကို ထင်ဟပ်ပါကြောင်း ၊ မက္ကဆီကို၏ ကာကွယ်ဆေးထိုးနှံရေးနှင့် ကပ်ရောဂါအဆုံးစွန်တိုက်ပွဲတွင် အပြုသဘောဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း၊ ကာကွယ်ပူးပေါင်းဆောင်ရွက်မှုမှသည် လူသားမျိုးနွယ်တို့၏ကျန်းမာရေး အေးတူပူအမျှအသိုက်အဝန်းကို အတူ တွန်းအားပေးတည်ဆောက်သွားလိုကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးများဖြစ်ကြသော CanSino Biologics နှင့် Sinovac ကာကွယ်ဆေးကို အရေးပေါ်အသုံးခွင့်ပြုလိုက်ပြီဖြစ်ကြောင်း မက္ကဆီကိုအစိုးရက ဖေဖော်ဝါရီ ၁၀ ရက်တွင် ကြေညာခဲ့သည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၄ ရက်တွင် မက္ကဆီကိုနိုင်ငံ၌ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုများစတင်ခဲ့ရာ ကပ်ရောဂါတိုက်ဖျက်ရေး ဆေးဝန်ထမ်းများ၊ သက်ကြီးရွယ်အိုများအား ဦးစားပေးထိုးနှံခဲ့ခြင်းဖြစ်ရာ ၂၀၂၂ ခုနှစ် မတ်လတွင် တစ်နိုင်ငံလုံးလွှမ်းခြုံ ကာကွယ်ဆေးထိုးနှံနိုင်ရန် ခန့်မှန်းထားကြောင်းသိရသည်။ (Xinhua)

——————————-
(Chinese Version)
(国际疫情)首批中国科兴新冠疫苗运抵墨西哥
2021-02-21 11:08:59
新华社墨西哥城2月20日电(记者吴昊)首批中国科兴新冠疫苗20日上午运抵墨西哥首都墨西哥城国际机场。墨西哥外交部长埃布拉德特别代表、外交部副部长玛尔塔•德尔加多以及中国驻墨西哥大使祝青桥赴机场迎接。
祝青桥在致辞中表示,新冠疫情暴发以来,中墨同舟共济、守望相助。中方在国内疫苗需求巨大、企业产能有限的情况下紧急向墨方提供疫苗,充分体现了中方对中墨关系的高度重视和对墨西哥人民的深情厚谊。中国疫苗抵墨标志着两国抗疫合作取得新重要进展。相信中国疫苗将为墨方推进国家疫苗接种计划并最终战胜疫情发挥积极作用。中方愿同墨方一道,以疫苗合作为契机,共同推动构建人类卫生健康共同体。
  墨西哥政府10日宣布批准紧急使用两款中国研发的新冠疫苗,分别是中国军事医学研究院和康希诺公司联合研发的腺病毒载体疫苗以及中国科兴公司研发的新冠疫苗。
  去年12月24日,墨西哥启动新冠疫苗接种,优先为抗疫医护人员、老年人等群体接种,预计2022年3月实现新冠疫苗接种全国覆盖。(完)
新华社照片,墨西哥城,2021年2月21日
(国际疫情)(1)首批中国科兴新冠疫苗成品运抵墨西哥
2月20日,在墨西哥首都墨西哥城国际机场,工作人员从飞机上卸下装有中国科兴新冠疫苗的温控集装箱。