ပေကျင်း၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ) ဘာသာပြန် / မြတ်မြတ်ဦး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုသည် ကိုဗစ်အတည်ပြုလူနာနှင့်ထိတွေ့မှုရှိခြင်းကြောင့် စတင် သီးခြားခွဲနေထိုင်လျက် ရှိကြောင်းနှင့် တောင်ကိုရီးယားတွင် တစ်ရက်ထပ်တိုးအတည်ပြုလူနာ စံချိန်တင်မြင့်တက်လာကြောင်း ဒီဇင်ဘာ ၁၆ ရက်အထိ ရရှိသည့် သတင်းများအရ သိရသည်။
ဝါရှင်တန်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုသည် COVID-19 ကူးစက်ခံရသူနှင့် ထိတွေ့မှုရှိခဲ့ပြီးနောက် အသွားအလာကန့်သတ်နေထိုင်သွားမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၆ ရက်တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
နန်ကျင်း၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်ဆူးပြည်နယ် ဝူရှီမြို့တွင် တင်သွင်းအေးခဲအစားအစာ နမူနာတစ်ခုကို စမ်းသပ်စစ်ဆေးခဲ့ရာ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိခဲ့ရကြောင်း ဒေသတာဝန်ရှိသူများက ဒီဇင်ဘာ ၁၅ ရက်၌ ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် မြန်မာနိုင်ငံ၏ ပြည်ပ ကုန်သွယ်မှု ပမာဏသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နှစ်လကျော်ကာလအတွင်း အမေရိကန် ဒေါ်လာ ၄ ဒသမ ၉၂ ဘီလီယံကျော် ဆောင်ရွက်နိုင်ခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော အချက်အလက်များအရ...
ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော် မန္တလေးတိုင်းဒေသကြီး၌ Semi Lockdown ကာလCOVID-19ရောဂါကာကွယ်ရေးစည်းမျဉ်းများ မလိုက်နာသူ ၁၀,၀၀၀ကျော် ကို ဒဏ်ရိုက်အရေးယူခဲ့ရကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ထံမှ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မျိုးဆက်ပျက်သုဉ်းမည့်အန္တရာယ်ရှိသဖြင့် ကာကွယ်ထားသည့် တိရစ္ဆာန်ထဲတွင် ပါဝင်သည့် ဝံကြောင်တစ်ကောင်သည် ကယားပြည်နယ် လွိုင်ကော်မြို့ပေါ်သို့ရောက်ရှိလာရာ လွိုင်ကော်မီးသတ်တပ်ဖွဲ့က ကယ်ဆယ်၍ ဆေးကုသပေးထားကြောင်း နှင့် ဒဏ်ရာများသက်သာလျက်ရှိကြောင်း လွိုင်ကော်မြို့မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ ဦးညီထွေးဦးကဆင်ဟွာသို့ ဒီဇင်ဘာ ၁၇ ရက်တွင်ပြောသည်။
ပေကျင်း၊ဒီဇင်ဘာ၁၇ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် လမျက်နှာပြင်ပေါ်မှ ပထမဆုံး နမူနာပစ္စည်းများကို စုဆောင်းရယူပြီး အမိနိုင်ငံသို့ပြန်လည်ရောက်ရှိလာသော Chang’e-5 အာကာသခရီးစဉ် အောင်မြင်မှုအပေါ် ဝမ်းမြောက် ဂုဏ်ပြုကြောင်း သဝဏ်လွှာတစ်စောင်ကို ယနေ့ ဒီဇင်ဘာ ၁၇ ရက်တွင် ပေးပို့ခဲ့သည်။
ပေကျင်း ၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဘာသာပြန် /စိုးမိုး တရုတ်နိုင်ငံ နှင့် ရုရှား နိုင်ငံ တို့သည် နှစ်နိုင်ငံအနေဖြင့် ပဲ့ထိန်းဒုံးကျည် နှင့် အာကာသ သယ်ယူပို့ဆောင်ရေး ဒုံးကျည် လွှတ်တင်ခြင်းဆိုင်ရာ အချက်အလက်များအား အပြန်အလှန် အသိပေးအကြောင်းကြား ပေးအပ်သွားရန် သဘောတူညီခဲ့ကြပြီး ယင်းသဘောတူညီချက်ကို...
ချန်ချွမ်း၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ) ဘာသာပြန် / မြတ်မြတ်ဦး တရုတ်နိုင်ငံ CRRC Changchun Railway Vehicles Co., Ltdက မြန်နှုန်းအလယ်အလတ်နှင့်မြန်နှုန်းနိမ့် မောင်းနှင်နိုင်သည့် သံလိုက်ရထားအမျိုးအစားသစ်တစ်မျိုးကို အင်္ဂါနေ့က စတင်မိတ်ဆက်လိုက်ကြောင်း သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံ၏ COVID-19 ကာကွယ်ဆေး ဖော်ထုတ်မှုသည် “နောက်ဆုံးပြိုင်ပွဲ” သို့ ဝင်ရောက်လာပြီဖြစ်ပြီး COVID-19 ကာကွယ်ဆေး အများအပြားထုတ်လုပ်မှုအတွက် ပြင်ဆင်လျက်ရှိကြောင်း အမျိုးသား ကျန်းမာရေးကော်မရှင် (NHC) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။