Connect with us

WORLD

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကိုဗစ်အတည်ပြုလူနာနှင့်ထိတွေ့ မှုကြောင့် သီးခြားခွဲနေထိုင်လျက်ရှိ ၊ တောင်ကိုရီးယားတွင် တစ်ရက်ထပ်တိုးအတည်ပြုလူနာ စံချိန်တင်မြင့်တက်လာ

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးပေးနေသည်ကို ဒီဇင်ဘာ ၁၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ) ဘာသာပြန် / မြတ်မြတ်ဦး

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုသည် ကိုဗစ်အတည်ပြုလူနာနှင့်ထိတွေ့မှုရှိခြင်းကြောင့် စတင် သီးခြားခွဲနေထိုင်လျက် ရှိကြောင်းနှင့် တောင်ကိုရီးယားတွင် တစ်ရက်ထပ်တိုးအတည်ပြုလူနာ စံချိန်တင်မြင့်တက်လာကြောင်း ဒီဇင်ဘာ ၁၆ ရက်အထိ ရရှိသည့် သတင်းများအရ သိရသည်။

(၁) ကမ္ဘာလုံးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ထုတ်ပြန်သော ကိန်းဂဏန်းများအရ ဗဟိုဥရောပ စံတော်ချိန်(CET) ဒီဇင်ဘာ ၁၆ ရက် ၁၇ နာရီ ၅၁ မိနစ်အထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ အတည်ပြုလူနာ အရေအတွက်သည် ပြီးခဲ့သောရက်ကထက် ၅၈၅,၄၅၅ ဦး တိုးမြင့်လာပြီး အသစ်ထပ်တိုးသေဆုံးသူ ၁၁,၄၆၃ ဦး ရှိရာ စုစုပေါင်း အတည်ပြုလူနာ ၇၂,၁၉၆,၇၃၂ ဦး နှင့် စုစုပေါင်း သေဆုံးသူ ၁,၆၃၀,၅၂၁ ဦး အသီးသီး ရှိကြောင်း သိရသည်။

 

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးပေးနေသည်ကို ဒီဇင်ဘာ ၁၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)
အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ ပေကျင်း စံတော်ချိန် ဒီဇင်ဘာ ၁၇ ရက် ၆ နာရီ ၂၇ မိနစ်အထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ အတည်ပြုလူနာ စုစုပေါင်း ၇၃,၉၉၂,၈၁၄ ဦး၊ စုစုပေါင်း သေဆုံးသူ ၁,၆၄၅,၁၃၆ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံသည် တစ်ကမ္ဘာလုံးတွင် ကပ်ရောဂါအခြေအနေ အဆိုးဝါးဆုံး နိုင်ငံဖြစ်ပြီး စုစုပေါင်း အတည်ပြုလူနာ ၁၆,၉၀၈,၃၀၇ ဦး နှင့် သေဆုံးသူ ၃၀၆,၆၇၁ ဦး ရှိကြောင်း သိရသည်။

(၂) သတင်းအချက်အလက်များ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုသည် ကိုရိုနာဗိုင်းရပ်စစ်ဆေးရာတွင် positiveဖြစ်သူနှင့် ထိတွေ့မှု ရှိခြင်းကြောင့် စတင် သီးခြားခွဲနေထိုင်လျက်ရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။ မိုက်ပွမ်ပီယို၏ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုမှာ negativeဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးပေးနေသည်ကို ဒီဇင်ဘာ ၁၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားပြီးနောက် အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည့် ကလေးငယ် ၁.၆၄ သန်း နီးပါး ရှိပြီဖြစ်ကြောင်း အမေရိကန် ကလေးအထူးကု အကယ်ဒမီနှင့် ကလေးဆေးရုံအသင်းမှ ပူးတွဲထုတ်ပြန်သည့် နောက်ဆုံး အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဒီဇင်ဘာ ၁၀ ရက်အထိ ရက်သတ္တပတ်တစ်ပတ်တွင် ကိုဗစ်အသစ်ထပ်တိုးအတည်ပြုလူနာ ကလေးငယ် ၁ သိန်း ၈ သောင်း နီးပါးရှိရာ ကပ်ရောဂါကာလ တစ်ပတ်အတွင်းထပ်တိုးလူနာ အမြင့်ဆုံးစံချိန်ဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားတွင် ဒီဇင်ဘာ ၁၅ ရက်က ထပ်တိုးကိုဗစ်အတည်ပြုလူနာ ၁,၀၇၈ ဦးရှိရာ ၎င်းမှာ သုံးရက်ခြားပြီးနောက် တစ်ရက်အတွင်းအတည်ပြုလူနာ နောက်ထပ်တစ်ကြိမ် တစ်ထောင်ကျော်ရှိခြင်းဖြစ်သလို တစ်ရက်အတွက် ထပ်တိုးအတည်ပြုလူနာဦးရေအများဆုံး စံချိန် ဖြစ်ခဲ့ကြောင်းနှင့် စုစုပါင်းအတည်ပြုလူနာ ၄၅,၄၄၂ ဦး ရှိကြောင်း ယင်းနိုင်ငံ ဗဟို ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန၏ ဒီဇင်ဘာ ၁၆ ရက် သတင်းများအရများ သိရသည်။

ဗြိတိန် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးစီမံခန့်ခွဲမှုအရာရှိတစ်ဦးက ဗြိတိန်တွင် လူပေါင်း ၁၃၇,၈၉၇ ဦး ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်း ဒီဇင်ဘာ ၁၆ ရက်က ထုတ်ပြန်ပြောကြားခဲ့သည်။ ဂျာမနီ ဇီဝနည်းပညာ ကုမ္ပဏီ BioNTechနှင့် အမေရိကန် Pfizer ဆေးကုမ္ပဏီတို့ပူးတွဲသုတေသနပြုထုတ်လုပ်သော ကာကွယ်ဆေးကို တရားဝင်အသုံးပြုမည်ဟု ဗြိတိန်အစိုးရက ယခုလ ၂ ရက်နေ့တွင် ကြေညာခဲ့ခြင်းဖြစ်သည်။ ၄င်းဆေးသည် ဗြိတိန်တွင် အသုံးပြုရန် ပထမဆုံးခွင့်ပြုချက်ရသည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးဖြစ်ရာ ဒီဇင်ဘာ ၈ ရက်မှစ၍ ဗြိတိန်ရှိ နေရာအများအပြားတွင်း ကာကွယ်ဆေးထိုးနှံမှုများ စတင်ဆောင်ရွက်လာခြင်းဖြစ်သည်။

ရုရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို နေရာတိုင်းသို့ ပို့ဆောင်ပြီးဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံမှုကို ဒေသအားလုံးတွင် လုပ်ဆောင်လျက်ရှိရာ ပြည်သူလူထုအနေဖြင့် မိမိဆန္ဒအလျောက် ကာကွယ်ဆေးထိုးနိုင်ကြောင်း ရုရှား ကျန်းမာရေးဝန်ကြီး Murashko က ဒီဇင်ဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။ မော်စကို မြို့တော်ဝန် Sobyaninက ကပ်ရောဂါအခြေအနေ ကောင်းမွန်လာမှုပေါ်တွင် မူတည်၍ အချိန်ပြည့်ပညာသင်ကြားမှုများ ပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြို့နေပြည်သူများအနေဖြင့် ကာကွယ်ဆေးထိုးနှံပြီးပါက အကန့်အသတ်မရှိ ပုံမှန်လူနေမှုဘဝပုံစံကို ပြန်လည်ဆောင်ရွက်နိုင်မည်ဟု ဒီဇင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

ပြင်သစ်၌ ဒီဇင်ဘာလ နောက်ဆုံးအပတ်တွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ပထမအဆင့် ထိုးနှံမှုလုပ်ငန်းများ စတင်မည်ဖြစ်ကြောင်း ပြင်သစ်ဝန်ကြီးချုပ် Castexက ဒီဇင်ဘာ ၁၆ ရက်တွင် ကြေညာခဲ့သည်။ ဥရောပ ဆေးဝါးကြီးကြပ်ရေးဌာနက ၂၁ ရက်နေ့တွင် ပထမအသုတ် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ဈေးကွက်တင်ရန် နောက်ဆုံး ခွင့်ပြုလိုက်သည်နှင့် ပြင်သစ်တွင် ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများ စတင်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း Castexက လွှတ်တော်တွင် ယင်းနေ့ ၌ပြောကြားခဲ့သည်။ ကာကွယ်ဆေးအများစုမှာ ဒုတိယတစ်ကြိမ် ထပ်မံ ထိုးနှံရန် လိုအပ်သဖြင့် ပြင်သစ်တွင် ကာကွယ်ဆေးပေါင်း သန်း ၂၀၀ ခန့် သိမ်းဆည်းထားရန် စီစဉ်ထားပြီး လူပေါင်း သန်း ၁၀၀ ကို ထိုးနှံပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
—————————
(Chinese Version)
(国际疫情)全球疫情简报:美国务卿开始隔离 韩国日增确诊病例数创新高
2020-12-17 12:10:43 分类: 科学技术

 新华社北京12月17日电16日全球疫情简报:美国务卿开始隔离 韩国日增确诊病例数创新高
  (小标题)全球数据
世界卫生组织:截至欧洲中部时间16日17时51分(北京时间17日零时51分),全球新冠确诊病例较前一日增加585455例,累计达到72196732例;死亡病例增加11463例,累计达到1630521例。
 美国约翰斯•霍普金斯大学:截至北京时间17日6时27分,全球累计新冠确诊病例达到73992814例,累计死亡1645136例。美国是全球疫情最严重的国家,累计确诊16908307例,累计死亡306671例。
  (小标题)新闻事件
 美国国务院16日说,国务卿蓬佩奥已被确认接触过新冠病毒检测结果呈阳性者,他将开始进行隔离。美国务院新闻办公室在一份声明中说,蓬佩奥已接受新冠病毒检测,结果呈阴性。
美国儿科学会和儿童医院协会联合发布的最新报告显示,自新冠疫情暴发以来,美国已有近164万名儿童确诊感染新冠病毒。在截至12月10日的一周内新增儿童确诊病例近18万例,创疫情暴发以来单周最高纪录。
  韩国中央防疫对策本部16日通报,韩国15日新增新冠确诊病例1078例,时隔三天后日增病例再次超过千例,同时创疫情暴发以来单日新增病例最高纪录,累计确诊45442例。
英国负责新冠疫苗部署的官员16日公布,该国已有137897人接种了新冠疫苗。英国政府本月2日宣布批准德国生物新技术公司与美国辉瑞制药公司合作研发的新冠疫苗投入使用,这也是首款在英国获批使用的新冠疫苗。8日开始,英国多地陆续有人接种这款疫苗。
  俄罗斯卫生部长穆拉什科15日对媒体表示,新冠疫苗已经交付到俄所有联邦主体,接种工作也在所有地区展开,民众自愿接种。莫斯科市长索比亚宁16日表示,将根据该市疫情改善情况恢复全日制教育,市民在接种疫苗后将不受限制地恢复正常生活。
法国总理卡斯泰16日宣布,法国将于12月最后一周开始新冠疫苗第一阶段接种工作。卡斯泰当天在议会发言时说,只要欧洲药品管理局21日最终批准首批新冠疫苗上市,法国就可以开始疫苗接种工作。由于大部分新冠疫苗需要二次注射,法国计划储备疫苗约2亿剂,可为1亿人实施接种。(完)
图说:12月14日,在韩国首尔铜雀区一处临时筛查所,工作人员帮助市民进行检测。