ဝါရှင်တန်၊ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် အမေရိကန်နိုင်ငံတွင် နိုဝင်ဘာ ၂၉ ရက်က ဆေးရုံတင်ထားရသူ ၉၃,၂၃၈ ဦးရှိခဲ့ရာ ယင်းမှာ COVID-19 ရောဂါဖြင့်ဆေးရုံတက်ရောက်ကုသမှုခံယူရသည့် အမြင့်ဆုံး အရေအတွက်သို့ စံချိန်တင်ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း COVID-19 ရောဂါ ခြေရာခံစီမံချက်၏ နောက်ဆုံးထုတ်ပြန်သော ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် ယနေ့ ဒီဇင်ဘာ ၁ ရက်တွင် ကျရောက်သည့် ရန်ကုန်တက္ကသိုလ် နှစ်(၁ဝဝ)ပြည့် အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သဝဏ်လွှာ တစ်စောင် ပေးပို့ခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် တရုတ်နိုင်ငံက ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR)ဆိုင်ရာ ကိစ္စရပ်များနှင့်ဆက်စပ်၍ စည်းကမ်းချိုးဖောက်ကာ ဆိုးဝါးသော အပြုအမူများ ကျူးလွန်ခဲ့သည့် အမေရိကန်နှင့်ပတ်သက်ဆက်နွယ်မှုရှိသူ လေးဦးအား ဒဏ်ခတ်အရေးယူမှုပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတစ်ဦးက နိုဝင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော် တပ်မတော်အနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် ၂၀၂ဝပြည့်နှစ် ဒီဇင်ဘာ ၁ရက်မှ ၃၁ရက်အထိ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးမည်ဖြစ်ကြောင်း ယနေ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန် ၊ နိုဝင်ဘာ ၃၀ ရက်(ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော် လွန်ခဲ့သော ၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြု လူနာသစ် ၁၂၂၇ဦး စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် နိုင်ငံအတွင်း COVID-19 အတည်ပြု လူနာ စုစုပေါင်း ၉၀,၀၀၀အထိ ရှိလာခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏...
ပေကျင်း၊ နိုဝင်ဘာ ၃၀ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး အမေရိကန်နိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်ထပ်တိုးတည်ပြုလူနာ အရေအတွက် (၁) သိန်းကျော် ရက်ပေါင်း (၂၀) ကျော် ဆက်တိုက်ရှိနေခဲ့ပြီး ဟန်ဂေရီနိုင်ငံတွင် တစ်ရက်အတွင်း အတည်ပြုလူနာနှင့်သေဆုံးလူနာဦးရေ စံချိန်တင် မြင့်တက်လျက်ရှိကြောင်း နိုဝင်ဘာ ၂၉ ရက်အထိ ရရှိသော သတင်းများအရ သိရသည်။
ရန်ကုန် ၊ နိုဝင်ဘာ ၃၀ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့မှ ရန်ကုန်မြို့သို့ သယ်ဆောင်ရောင်းဝယ်သည့် ကျပ် ၂.၇၉၆ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများအား မင်္ဂလာဒုံမြို့နယ်၌ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC Myanmar)၏ ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ နိုဝင်ဘာ ၃၀ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် ကပ်ရောဂါဘေးကြောင့် ပြတိုက်များကို ယာယီပိတ်ထားသော်လည်း ပြတိုက်များပြန်လည်ဖွင့်လှစ်ရန် ညွှန်ကြားလာပါက သက်ဆိုင်ရာ ပြတိုက်များအလိုက် သတ်မှတ်ခွင့်ပြု လူဦးရေဖြင့်ဝင်ရောက်ကြည့်ရှုခွင့်ပြု သွား နိုင်ရန် စီမံဆောင်ရွက်ထားပြီးဖြစ်ကြောင်း ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာနထံမှ သိရသည်။
ရန်ကုန် ၊ နိုဝင်ဘာ ၃၀ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ကန့်သတ်ချက်များကို လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ဒီဇင်ဘာလ ၃၁ ရက်အထိ ထပ်မံတိုးမြှင့်လိုက်ကြောင်း လေဆိပ်အား စီမံခန့်ခွဲဝန်ဆောင်မှု ပေးနေသာ Yangon Aerodrome Company Limited (YACL) ထံမှ သိရသည်။
ပေကျင်း၊ နိုဝင်ဘာ ၃၀ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး Chang’e-5 စူးစမ်းလေ့လာရေးယာဉ်သည် နိုဝင်ဘာ ၂၉ ရက် ၂၀ နာရီ ၂၃ မိနစ်က လကမ္ဘာအနီးတွင် နောက်ထပ် တစ်ကြိမ် (အရှိန်ထိန်း)ဘရိတ်အုပ်ထိန်းချုပ်၍ ဘဲဥပုံသဏ္ဍာန် လကမ္ဘာ ဂြိုဟ်ပတ်လမ်းကြောင်းမှ စက်ဝိုင်းပုံသဏ္ဍာန်လကမ္ဘာဂြိုဟ်ပတ်လမ်းကြောင်းအနီးသို့ ပျံသန်းမောင်းနှင်နေပြီဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသား အာကာသစီမံခန့်ခွဲမှု...