Connect with us

Culture

ရန်ကုန် မြို့ ရှိ့ ကလေးသူငယ် များ အား တရုတ် ရိုးရာ လမုန့် ပွဲတော် ဖြစ်ပေါ်လာ ပုံ နှင့် လမုန့် ပြုလုပ်နည်းများ အား သင်ကြားမိတ်ဆက်


ရန်ကုန် ၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

ရန်ကုန် မြို့ ရှိ့ ကလေးငယ် များ အား တရုတ် ရိုးရာ လမုန့် ပွဲတော် ဖြစ်ပေါ်လာပုံ နှင့် လမုန့် ပြုလုပ်နည်း များ အား သင်ကြား မိတ်ဆက် ပေးသည့် အစီအစဉ် တစ်ရပ် အား စက်တင်ဘာ ၇ ရက် နေ့လယ်ပိုင်း အချိန်တွင် ရန်ကုန်မြို့ ရှိ တရုတ် ယဉ်ကျေးမှု စင်တာ ၌ ကျင်းပ ပြုလုပ် ပေးခဲ့သည်။

အခမ်းအနား တွင် ရှေးဦးစွာ ကလေးသူငယ် များ အား တရုတ် ရိုးရာ လမုန့် ပွဲတော် ဖြစ်ပေါ် လာသည့် သမိုင်း ဖြစ်စဉ် နှင့် လမုန့်ပွဲတော် နှင့် သက်ဆိုင်သော စာဆို ကဗျာ များ အား ရှင်းလင်း မိတ်ဆက်ပေးခဲ့ပြီး ကလေးငယ်များ ကို လမုန့်ပွဲတော် နှင့် ပတ်သက်သည့် သီချင်း အား သင်ကြား ပို့ချပေး ခဲ့သည်။

တရုတ် ရိုးရာ လမုန့် ပြုလုပ်ပုံ အား သင်ကြားပို့ချ ပေးနေစဉ်(ဆင်ဟွာ)

တရုတ် ရိုးရာ လမုန့် ပွဲတော် ဖြစ်ပေါ်လာ ပုံ နှင့် လမုန့် ပြုလုပ်နည်းများ အား သင်ကြားမိတ်ဆက်ပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

တရုတ် ရိုးရာ လမုန့် ပွဲတော် ဖြစ်ပေါ်လာ ပုံ နှင့် လမုန့် ပြုလုပ်နည်းများ အား သင်ကြားမိတ်ဆက်ပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

တရုတ် ရိုးရာ လမုန့် ပွဲတော် ဖြစ်ပေါ်လာ ပုံ နှင့် လမုန့် ပြုလုပ်နည်းများ အား သင်ကြားမိတ်ဆက်ပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

ထို့နောက် တွင် ကလေးငယ်များ အား လမုန့် အမျိုးမျိုး ပြုလုပ်ပုံ ကို ရန်ကုန် မြို့ ရှိ တရုတ် ရိုးရာ လမုန့် ပြုလုပ်သည့် ဝါရင့် ဆရာ တစ်ဦး အား သင်ကြားပို့ချ စေ ခဲ့ပြီး ကလေးငယ် များ က လမုန့် အမျိုးမျိုး နှင့် ပန်ဒါ ပုံ ဂျုံ အရုပ် များအား ပျော်ရွှင်စွာ လက်တွေ့ ပြုလုပ် ခဲ့ကြသည်။

ယခု အကြိမ် ကျင်းပ ပြုလုပ်သည့် အစီအစဉ် အား ဖူရှင်း ကွန်ဖြူးရှပ် စာသင်ကျောင်း ၊ ဖူကျန့် လူငယ် မိတ်သဟာယ အသင်း နှင့် ရန်ကုန် တရုတ် ယဉ်ကျေးမှု စင်တာ တို့ က ဦးစီး ၍ ကျင်းပ ပြုလုပ်ပေး ခဲ့ကြောင်း သိရှိရသည်။(Xinhua)