Connect with us

Culture

မြန်မာ နိုင်ငံ ကျောင်းသား/သူ များ တရုတ် နိုင်ငံ တွင် ကျင်းပ ပြုလုပ်သည့် နွေရာသီ စခန်း အား ထပ်မံ သွားရောက်ပါဝင် ဆင်နွှဲမည်

တရုတ် နိုင်ငံ သို့ ထပ်မံ သွားရောက်မည့် ကိုယ်စားလှယ် အဖွဲ့ အား နှုတ်ဆက်သည့် အခမ်းအနား တွင် စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ကူးစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ တွင် ကျင်းပ ပြုလုပ်သည့် နွေရာသီ စခန်း အား ပါဝင်ဆင်နွှဲ ခဲ့သော မြန်မာ နိုင်ငံ ကိုယ်စားလှယ် အဖွဲ့ အား ကြိုဆိုသည့် အခမ်းအနား နှင့် တရုတ် နိုင်ငံ သို့ ထပ်မံ သွားရောက်မည့် ကိုယ်စားလှယ် အဖွဲ့ အား နှုတ်ဆက်သည့် အခမ်းအနား အား သြဂုတ်လ ၈ ရက် နံနက်ပိုင်း အချိန်တွင် ရန်ကုန်မြို့ ရှိ တရုတ် ယဉ်ကျေးမှု စင်တာ ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး ယဉ်ကျေးမှု သံမှူး Mr. Pan Feng (ဦးဘုန်းကျော်) က အခမ်းအနား ၌ အမှာစကား ပြောကြားရာတွင် လူငယ်မောင်မယ် များ က နိုင်ငံ ၏ မျှော်လင့်ချက် အလားအလာများ ဖြစ်ကြကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ယဉ်ကျေးမှု ဖလှယ်ခြင်း ရေရှည် ထိန်းသိမ်း နိုင်ရန် အတွက် နှစ်နိုင်ငံ လူငယ် များ က အပြန်အလှန် လေ့လာခြင်း ၊ အတုယူခြင်း တို့ ကို တိုးချဲ့ ဆောင်ရွက်ရကြရန် မျှော်လင့်ကြောင်း ၊ ယခု ကဲ့သို့ မြန်မာ နိုင်ငံ မှ ကျောင်းသား/သူ များ တရုတ် နိုင်ငံ သို့ သွားရောက်လည်ပတ်ခွင့် ရရှိသည့် အတွက် ဝမ်းမြောက်မိကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ယဉ်ကျေးမှု ဖလှယ်ရေး အတွက် ထောက်ခံအားပေး ခဲ့သည့် မြန်မာ နိုင်ငံ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးထွန်းအုံ မှ နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် ဝန်ကြီးဌာန အနေဖြင့် Exploring Myanmar Culture & Tourism Organization နှင့် သာသနာရေး နှင့် ယဉ်ကျေးမှု ဆိုင်ရာ ကိစ္စရပ်များ တွင် ပူးပေါင်းဆောင်ရွက်မှုများ ရှိပြီး လက်ရှိချိန်တွင် လူငယ်များအား ဦးစားပေးသည့် အစီအစဉ် များကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း ၊ Exploring Myanmar က လူငယ်များအား ဦးစားပေး ဆောင်ရွက်ပေးခဲ့သည့် အစီအစဉ် များ က မြန်မာ နိုင်ငံ ကျောင်းသား/သူ များ အား အလွန် တန်ဖိုးရှိသည့် အတွေ့အကြုံ ဗဟုသုတ များကို ရရှိနိုင်စေမည် ဖြစ်ပြီး တရုတ် နိုင်ငံ ၏ ဘက်စုံ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ ကိုလည်း တွေ့ရှိနိုင်မည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ တွင် ကျင်းပ ပြုလုပ်သည့် နွေရာသီ စခန်း အား သွားရောက် ပါဝင်ခြင်း သည် မြန်မာ နိုင်ငံ ကျောင်းသား/သူ များ အတွက် အလွန် အကျိုးရှိစေအတွက် အစီအစဉ် ဖြစ်မြောက်ရေး အတွက် ကူညီထောက်ပံ့ပေး ခဲ့သည့် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး နှင့် သက်ဆိုင်ရာ တာဝန်ရှိသူ အသီးသီး အား ကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး ယဉ်ကျေးမှု သံမှူး Mr. Pan Feng (ဦးဘုန်းကျော်) အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးထွန်းအုံ မှ နှုတ်ခွန်းဆက် အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ-တရုတ် ခရီးသွားနှင့်ယဉ်ကျေးမှု မြှင့်တင်ရေး အသင်းမှ ဥက္ကဋ္ဌ မစ္စတာ လျှိုဝေ (Mr.Liu Wei) က နှုတ်ခွန်းဆက် စကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ သာသာနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဘေဘီ က အတွေ့အကြုံ အား ပြောကြားနေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ သို့ ထပ်မံ သွားရောက်မည့် ကိုယ်စားလှယ် အဖွဲ့ အား နှုတ်ဆက်သည့် အခမ်းအနား ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ သို့ ထပ်မံ သွားရောက်မည့် ကိုယ်စားလှယ် အဖွဲ့ အား နှုတ်ဆက်သည့် အခမ်းအနား ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ သို့ ထပ်မံ သွားရောက်မည့် ကိုယ်စားလှယ် အဖွဲ့ အား နှုတ်ဆက်သည့် အခမ်းအနား ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ သို့ ထပ်မံ သွားရောက်မည့် ကိုယ်စားလှယ် အဖွဲ့ အား နှုတ်ဆက်သည့် အခမ်းအနား ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

မြန်မာ-တရုတ် ခရီးသွားနှင့်ယဉ်ကျေးမှု မြှင့်တင်ရေး အသင်းမှ ဥက္ကဋ္ဌ မစ္စတာ လျှိုဝေ (Mr.Liu Wei) က နှုတ်ခွန်းဆက် စကား ပြောကြားရာတွင် တရုတ် နိုင်ငံ နွေရာသီ စခန်း ခရီးစဉ် သို့ မြန်မာ နိုင်ငံ လူငယ် များအား စေလွှတ်ခဲ့သည့် ရည်ရွယ်ချက် က မြန်မာ နိုင်ငံ လူငယ် များ မှ နောက်ဆုံးပေါ် သိပ္ပံနည်းပညာများ အား လေ့လာသင်ယူ နိုင်စေရန် ၊ မြန်မာ နိုင်ငံ ရိုးရာ ယဉ်ကျေးမှု တို့ အား ထုတ်ဖော်ပြသနိုင်စေရန် နှင့် တရုတ် နိုင်ငံ လူငယ်များ နှင့် ဖလှယ်မှုများ ပြုလုပ် နိုင်စေရန် ဖြစ်ကြောင်း ၊ ထို့ပြင် ကျောင်းသား/သူ များ အနေဖြင့် နွေရာသီ စခန်း တွင် နိုင်ငံ အသီးသီး မှ လူငယ်များနှင့် အပြန်အလှန် လေ့လာဖလှယ်ခွင့် ကိုလည်း ရရှိနိုင်မည် ဖြစ်ကြောင်း ၊ ယခုကဲ့သို့ ဆောင်ရွက်ခြင်း အားဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး အား တွန်းအားပေးနိုင်ရန် နှင့် ပိုမို ခိုင်မြဲစေရန် မျှော်လင့်ကြောင်း ၊ ရှေ့ဆက်၍လည်း တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု နှင့် ဖလှယ်မှုများ အတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ကျောင်းသား/သူ များ နှင့် အတူ တရုတ် နိုင်ငံ နွေရာသီ စခန်း သို့ သွားရောက် ခဲ့သည့် မြန်မာ နိုင်ငံ သာသာနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဘေဘီ က မိမိ အနေဖြင့် ကျောင်းသား/သူ များ နှင့် အတူ တရုတ် နိုင်ငံ ပေကျင့်မြို့ တွင် ကျင်းပ ပြုလုပ်သည့် ပေကျင်း-အာဆီယံ လူငယ်များ သိပ္ပံ နှင့် နည်းပညာ တွေ့ဆုံပွဲ ကို တက်ရောက်ခဲ့ကြောင်း ၊ ခရီးစဉ် တွင် တရုတ် နိုင်ငံ ၏ ဖွံ့ဖြိုးတိုးတက်မှု နှင့် သင်ကြား ပို့ချမှု တို့ ကို ကျောင်းသား/သူ များ က စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု ခဲ့ကြပြီး လူငယ် များ၏ မိမိ နိုင်ငံ တိုးတက်ဖွံ့ဖြိုးရေး အတွက် စိတ်ကူး များကိုလည်း တွန်းအားပေး နိုင်ခဲ့ကြောင်း ၊ ယခုကဲ့သို့ လေ့လာရေး ခရီးစဉ် အား စီစဉ် ဆောင်ရွက်ပေးခဲ့သည့် အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့သည်။

၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၄ ရက် မှ ဇူလိုင်လ ၂၂ ရက် အထိ ကျင်းပ ပြုလုပ်ခဲ့သည့် “2019 Beijing Science Camp for Asean Youths” သို့ မြန်မာ နိုင်ငံ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန မှ စေလွှတ်သော ကိုယ်စားပြု အဖွဲ့ က သွားရောက် ပါဝင် ဆင်နွှဲခဲ့ကြသည်။ သြဂုတ်လ ၉ ရက် မှ ၁၉ ရက် အထိ တရုတ် နိုင်ငံ ပေကျင်း မြို့ နှင့် တလျန် မြို့ တို့တွင် ကျင်းပပြုလုပ် သွားမည့် “Joy Dancing Beijing_ The 8th Cultural & Art Exchange Week of International Youth” ပွဲကြီး သို့ လည်း ရန်ကုန် အမျိုးသား ယဉ်ကျေးမှု နှင့် အနုပညာ တက္ကသိုလ် ၊ Fuxing Confucicus Class နှင့် Brain Works International School စသည့် ကျောင်း ၃ ကျောင်း မှ ကျောင်းသား/သူ ၂၀ ဦး နှင့် အတူ သက်ဆိုင်ရာ ကျောင်း အသီးသီး မှ ဆရာ တစ်ဦး စီ တို့က ထပ်မံ သွားရောက် ပါဝင်ကြမည် ဖြစ်သည်။

တရုတ် နိုင်ငံ တွင် ကျင်းပ ပြုလုပ်သော နွေရာသီ စခန်း အား မြန်မာ နိုင်ငံ ကျောင်းသား/သူ များ သွားရောက် ပါဝင် နိုင်ရန် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး နှင့် မြန်မာ နိုင်ငံ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန တို့ က ဦးစီးဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပြီး ရန်ကုန် တရုတ် ယဉ်ကျေးမှု စင်တာ ၊ မြန်မာ-တရုတ် ခရီးသွားနှင့်ယဉ်ကျေးမှု မြှင့်တင်ရေး အသင်း ၊ ရန်ကုန် အမျိုးသား ယဉ်ကျေးမှု နှင့် အနုပညာ တက္ကသိုလ် ၊ Fuxing Confucicus Class နှင့် Brain Works International School တို့ က ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ကာ Exploring Myanmar Culture & Tourism Organization မှ အကောင်အထည်ဖော် ဆောင်ရွက်ပေး ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။(Xinhua)