Connect with us

Politics

တရုတ်နိုင်ငံတော် အစိုးရ ၊ ပါတီ နှင့် လွှတ်တော် ခေါင်းဆောင်များ မှ ဒေါ်အောင်ဆန်းစုကြည် နှင့်တွေဆုံ

တရုတ် ကွန်မြူနစ် ပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး နှင့် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပေကျင်းမြို့ ပြည်သူ့ခန်းမကြီး၌ တွေ့ဆုံ ဆွေးနွေးနေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သည် တရုတ်နိုင်ငံ အစိုးရ ၊ ပါတီ နှင့် လွှတ်တော် ခေါင်းဆောင်များနှင့် သီးသန့် တွေ့ဆုံခဲ့သည်။

တရုတ် ကွန်မြူနစ် ပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး နှင့် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ပေကျင်းမြို့ ပြည်သူ့ခန်းမကြီးတွင် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ကို တွေ့ဆုံခဲ့ပါတယ်။

ဇွန်လ ၁၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် သည် တရုတ် နိုင်ငံ အစိုးရဘက်မှ နိုင်ငံခြားရေး ပေါ်လစီ ကိုင်တွယ်သော တရုတ် နိုင်ငံတော် ကောင်စီဝင် ယန်ကျဲ့ချီ နှင့် တရုတ် ပြည်သူ့ ကွန်ဂရက် (လွှတ်တော်) အမြဲတန်း ကော်မတီ ဒုတိယ ဥက္ကဌ နှင့် တရုတ် နိုင်ငံ အမျိုးသမီး သမဂ္ဂ ဥက္ကဌ စိန်ယွဲ့ယွဲ့ နှင့် သီးခြား တွေ့ဆုံ ခဲ့သည်။

တွေ့ဆုံပွဲတွင် ယန်ကျဲ့ချီ မှ တရုတ်-မြန်မာ နှစ်နိုင်ငံ သည် အစဉ်အလာ အရ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်း နိုင်ငံ ဖြစ်ကြောင်း ၊ လက်ရှိအချိန် သည် တရုတ်-မြန်မာ ဆက်ဆံရေး တိုးမြှင့် နိုင်ရန် အရေးကြီး သော ကာလ သို့ရောက်ရှိနေကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ နှင့် အတူတကွ တရုတ်-မြန်မာ ဘက်စုံ မဟာဗျူဟာ မိတ်ဖက် ပူးပေါင်း ဆက်ဆံရေး ကို တွန်းအား ပေးသွားမည် ဖြစ်ကြောင်း ၊ ၎င်း သည် နှစ်နိုင်ငံ နှင့် နှစ် နိုင်ငံ ရှိ ပြည်သူလူထု ၏ အကျိုး စီးပွား နှင့်လည်း ကိုက်ညီကြောင်း ပြောကြားခဲ့သည်။

ဒေါ် အောင်ဆန်းစုကြည် မှ မြန်မာ-တရုတ် ဆက်ဆံရေး သည် အလွန် အရေးကြီးကြောင်း ၊ နှစ်နိုင်ငံ ပြည်သူလူထု ကြား ဆက်ဆံရေး တိုးမြှင့်နိုင်ရန် မျှော်လင့်ပြီး ကဏ္ဍစုံ ပူးပေါင်း ဆောင်ရွက်မှု များ တိုးမြှင့်ရန် ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် သည် ဇွန်လ ၁၁ ရက် မနက်ပိုင်းတွင် ပေကျင်းမြို့ BaDaChu ဥယျာဉ် အတွင်းရှိ Lingguang ဘုရားကျောင်းသို့ သွားရောက် ခဲ့ပြီး ဗုဒ္ဓ မြတ်စွယ်တော် အား ဖူးမြော် ခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှင့် တရုတ် နိုင်ငံတော် ကောင်စီဝင် ယန်ကျဲ့ချီ တို့ တွေ့ဆုံ ဆွေးနွေးနေစဉ် (ဓာတ်ပုံ- NLD Chirperson Office)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှင့် တရုတ် ပြည်သူ့ ကွန်ဂရက် (လွှတ်တော်) အမြဲတမ်း ကော်မတီ ဒုတိယ ဥက္ကဌ နှင့် တရုတ် နိုင်ငံ အမျိုးသမီး သမဂ္ဂ ဥက္ကဌ စိန်ယွဲ့ယွဲ့တို့ တွေ့ဆုံ ဆွေးနွေးနေစဉ် (ဓာတ်ပုံ- NLD Chirperson Office )

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှင့် တရုတ်နိုင်ငံ ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရန့် (CPPCC) ဒုတိယ ဥက္ကဌ နှင့် တရုတ် ကွန်မြူနစ် ပါတီ ဗဟို ကော်မတီ ပြည်ပ ဆက်သွယ်ရေး ဌာန ဝန်ကြီး ဝမ်ကျားရွေ့တို့ တွေ့ဆုံ ဆွေးနွေးနေစဉ် (ဓာတ်ပုံ- NLD Chirperson Office)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဗုဒ္ဓ မြတ်စွယ်တော် အား ဖူးမြှော်ရန် ပေကျင်းမြို့ရှိ BaDaChu ဥယျာဉ် အတွင်းရှိ Lingguang ဘုရားကျောင်းသို့ ရောက် ရှိစဉ် (ဓာတ်ပုံ- NLD Chirperson Office)

ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၁၀ ရက်နေ့ တွင် ပေကျင်းမြို့ ကိုရောက်ရှိခဲ့ပြီး တရုတ်နိုင်ငံ ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရန့် (CPPCC) ဒုတိယ ဥက္ကဌ နှင့် တရုတ် ကွန်မြူနစ် ပါတီ ဗဟို ကော်မတီ ပြည်ပ ဆက်သွယ်ရေး ဌာန ဝန်ကြီး ဝမ်ကျားရွေ့ နှင့်လည်း ပေကျင်း မြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် တရုတ် ကွန်မြူနစ် ပါတီ ဖိတ်ကြားချက်အရ ဇွန်လ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့ အထိ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံသို့ သွားရောက် လည်ပတ် ကြည်ရှု လျက်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.