Connect with us

Africa & Middle East

ဆော်ဒီအာရေဗျ နိုင်ငံ မှ IS အဖွဲ့ဝင် ကွန်ယက် ၏ လူပေါင်း ၄၃၁ ဦးကို ဖမ်းဆီး

မေလ ၂၉ ရက်နေ့က ဆော်ဒီ နိုင်ငံ အရှေ့ဘက်ရှိ ပလီကျောင်း ကို အသေခံ ဗုံးဖေါက်ခွဲခဲ့စဉ်(ဆင်ဟွာ)

ရီယက်ဒ် ၊ဇူလိုင် ၁၉ ရက်(ဆင်ဟွာ)

ဆော်ဒီအာရေဗျ နိုင်ငံ ပြည်ထဲရေး ဌာန ပြောရေးဆိုခွင့်ရှိသူ မှ ဇူလိုင် ၁၈ ရက်နေ့က လက်တလော ကာလ အတွင်း ဆော်ဒီ လုံခြုံရေး ဌာန မှ အစ္စလာမ်မစ် နိုင်ငံ IS အဖွဲ့ နှင့် အဆက်အသွယ် ရှိသော အကြမ်းဖက် ကွန်ယက် ကို ဖြိုလှဲ နိုင်ခဲ့ပြီး လူပေါင်း ၄၃၁ ဦးကို ဖမ်းဆီး ခဲ့ကြောင်း ပြောကြား ခဲ့သည်။

ဖမ်းဆီး ခံရသူ အများစုသည် ဆော်ဒီ နိုင်ငံ သားများဖြစ်ကြပြီး အခြား ယီမင် ၊ အီဂျစ် ၊ ဂျော်ဒန် ၊ ဆီးရီးယား ၊ အယ်လ်ဂျီးရီးယား ၊ နိုင်ဂျီးရီးယား နှင့် ချဒ် စသည့် နိုင်ငံ မှ အကြမ်းဖက် သမား များ ပါဝင်ခဲ့ကြောင်း ၊ ၎င်းတို့သည် ဆော်ဒီ နိုင်ငံ အတွင်း ပလီ ဝတ်ကျောင်းများ ၊ အစိုးရ အဆောက်အအုံများ ၊ လုံခြုံရေး အဆောက်အအုံ များ နှင့် ရဲဌာန များကို တိုက်ခိုက်ရန် ရည်ရွယ် ခဲ့ပြီး အချို့ အစီအစဉ် များကို လုပ်ဆောင် နိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

အကြမ်းဖက် အဖွဲ့သည် ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့ မှ စတင်၍ ဆော်ဒီ အရှေ့ပိုင်းရှိ ပလီကျောင်း ကို အသေခံ ဗုံးဖေါက်ခွဲရန် ကြံရွယ်ခဲ့ကြောင်း ၊ ထို့ပြင် နိုင်ငံခြား သံရုံး နှင့် ရဲများ နေထိုင် ရာနေရာ ကိုလည်း တိုက်ခိုက်ရန် အစီအစဉ် များရှိခဲ့ကြောင်း ၊ အကြမ်းဖက် အဖွဲ့သည် ထိုအစီအစဉ် များအတွက် ဆော်ဒီ နိုင်ငံ အရှေ့ပိုင်းရှိ သဲကန္တာရ အတွင်း လေ့ကျင့်ရေး စခန်းများပြုလုပ်၍ အကြမ်းဖက်မှု ဆောင်ရွက်သူများအား လေ့ကျင့်မှု များပြုလုပ် ပေးခဲ့ကြောင်း ပြောရေး ဆိုခွင့်ရှိသူ ကပြောကြား ခဲ့သည်။

၂၀၁၄ ခုနှစ်တွင် ဆော်ဒီ နိုင်ငံ မှ IS အဖွဲ့ အား အကြမ်းဖက် အဖွဲ့ဖြစ်ကြောင်းကြေညာ ခဲ့ပြီး အစ္စလာမ် ဘာသာ ၏ အကြီးမား ဆုံး ရန်သူဖြစ်ကြောင်း ကြေညာခဲ့သည်။ IS အဖွဲ့မှ ဆော်ဒီ နိုင်ငံကို လက်စားချေမှု များပြုလုပ်သွားမည်ဟု ပြောကြားခဲ့ပြီး ဆော်ဒီနိုင်ငံ ပြည်တွင်း၌ အကြမ်းဖက်မှု များဆောင်ရွက်ခဲ့သည်။

ယခု နှစ် မေလတွင် IS အဖွဲ့သည် ဆော်ဒီ အာရေဗျ နိုင်ငံ အရှေ့ဘက် ခြမ်း က ရှီအာ မွတ်ဆလင်မ် ပလီ ကျောင်းနှစ်ခု ကို အသေခံဗုံးခွဲ တိုက်ခိုက်ခဲ့ရာ လူပေါင်း ၂၅ ဦး သေဆုံး ခဲ့သည်။ ယခုနှစ် ဇွန်လ ပိုင်းတွင်လည်း IS အဖွဲ့၏ ညွှန်ကြားချက်ဖြင့် ဆော်ဒီ လူငယ်တစ်ဦးမှာ မိမိ၏ ဦးလေးဖြစ်သူ စစ်အရာရှိ တစ်ဦးကို သက်ဖြတ်၍ ရဲစစ်ဆေးရေး ဂိတ်ကို အသေခံဗုံးခွဲခဲ့ရာ ရဲဝန်ထမ်း နှစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။(Xinhua)