Connect with us

Africa & Middle East

ဇူလိုင်လ အတွင်း အီရတ် နိုင်ငံ တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု များကြောင့် လူပေါင်း ၁၃၃၂ ဦးသေဆုံးခဲ့

အီရတ် နိုင်ငံ တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် ဗုံးပေါက်ခွဲမှု အခင်းဖြစ်ပွားရာ တစ်နေရာ အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

ဘဂ္ဂဒတ် ၊ သြဂုတ် ၂ ရက်(ဆင်ဟွာ)

အီရတ် နိုင်ငံ ရှိ ကုလသမဂ္ဂ ထောက်ပံ့ရေး အဖွဲ့ မှ သြဂုတ် လ ၁ ရက်နေ့က ဇူလိုင် လ အတွင်း အီရတ် နိုင်ငံ တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု များကြောင့် သေဆုံးခဲ့သည့် လူဦးရေ အနည်းဆုံး ၁၃၃၂ ဦးရှိပြီး ဒဏ်ရာရရှိသူ ဦးရေ ၂၁၀၈ ဦးရှိခဲ့ကြောင်း ထုတ်ပြန် ခဲ့သည်။

ကုလသမဂ္ဂ ထောက်ပံ့ရေး အဖွဲ့၏ စရင်းအရ ဇူလိုင်လ အတွင်းသေဆုံး ခဲ့သူများ တွင် အရပ်သား ၈၄၄ ဦး နှင့် အီရတ် နိုင်ငံ လုံခြုံရေး တပ်ဖွဲ့ မှ ၄၈၈ ဦး ဖြစ်ကြောင်း သိရှိရသည်။ ဒဏ်ရာရရှိသူ များတွင် အရပ်သား ၁၆၁၆ ဦး ဖြစ်ပြီး လုံခြုံရေး တပ်ဖွဲ့ မှ ၄၉၂ ဦး ဖြစ်သည်။

ထုတ်ပြန်ချက် တွင် ဇူလိုင်လ အတွင်း အီရတ် နိုင်ငံ အန်ဘာ ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက် မှု များကြောင့် အရပ်သား ၁၄၇ ဦးသေဆုံးကာ ၄၅၃ ဦး ဒဏ်ရာရရှိခဲ့သည်။ အန်ဘာ ပြည်နယ် ရှိနယ်မြေ ၈၀ ရာခိုင်နှုန်းကျော်ကို IS အကြမ်းဖက် တပ်ဖွဲ့မှ ထိန်းချုပ် သွားခဲ့သည်။

၂၀၁၃ ခုနှစ် မှ စတင်၍ အီရတ် နိုင်ငံ တွင် အကြမ်းဖက်မှု များ အဆက်မပြတ် ဖြစ်ပွားခဲ့ပြီး လုံခြုံရေး အခြေအနေ မှာ ဆိုးရွား ခဲ့သည်။ ကုလသမဂ္ဂ ထောက်ပံ့ရေးအဖွဲ့ ၏ စာရင်း ပြုစုချက်အရ ၂၀၁၄ ခုနှစ် အတွင်း အကြမ်းဖက်မှု များကြောင့် ပြည်သူ ၁၂၂၈၂ ဦးသေဆုံးကာ ၂၃၁၂၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117