Connect with us

Africa & Middle East

ဖောက်ခွဲရေးပစ္စည်း တစ်ရာကျော်အနံ့ခံရှာဖွေပေးခဲ့သည့် “မိုင်းရှင်းလင်းရေး ကြွက်ကလေး” စစ်တပ်မှ အနားယူ

တန်ဇန်းနီးယားနိုင်ငံ Morogoroပြည်နယ်တွင် APOPOသုတေသနဌာနမှ ဝန်ထမ်းများက မိုင်းရှာဖွေပေးခဲ့သည့် ကြွက်ကလေးအား ငှက်ပျောသီးကျွေးနေသည်ကို ၂၀၁၈ ခုနှစ် မတ် ၂၃ ရက်က တွေ့ရစဉ််(ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၈ ရက်(ဆင်ဟွာ)

အာဖရိကကြွက်ကြီးမျိုးဖြစ်သည် မက်ဂါဝါ(Magawa)သည် ပြီးခဲ့သည့် (၅)နှစ်ကြာကာလ ကမ္ဘောဒီယားတွင် မြေမြှုပ်မိုင်းအပါအဝင် ဖောက်ခွဲရေးပစ္စည်း တစ်ရာကျော်ကို ရှာဖွေပေးနိုင်ခဲ့ပြီး ဇွန် ၆ ရက်တွင် စစ်တပ်မှ အနားယူခဲ့ကြောင်း သိသည်။မက်ဂါဝါသည် ကျန်းမာရေးကောင်းမွန်သော်လည်း စစ်တပ်မှအနားယူရမည့်အသက်ရွယ်ရောက်နေပြီဖြစ်ကြောင်း ၎င်းအားတာဝန်ယူလေ့ကျင့်စောင့်ရှောက်မှုပေးနေသည့် ဘယ်လ်ဂျီယမ်APOPOသုတေသနဌာနက ပြောကြားခဲ့သည်ဟု အေပီ သတင်းဌာန၏ ဇွန် ၅ ရက် သတင်းများအရ သိရသည်။ သူ့၏သွားလာလှုပ်ရှားမှုများ သိသိသာသာစတင်နှေးကွေးလာကြောင်း၊ စစ်တပ်မှအနားယူရမည့် အချိန်ဖြစ်ကြောင်း APOPOသုတေသနဌာနက ဆိုသည်။

တန်ဇန်းနီးယားနိုင်ငံ Morogoroပြည်နယ်တွင် APOPOသုတေသနဌာနမှ ဝန်ထမ်းများက ကြွက်ကလေးအား မိုင်းရှာဖွေတတ်စေရန် လေ့ကျင့်ပေးနေသည်ကို ၂၀၁၈ ခုနှစ် မတ် ၂၃ ရက်က တွေ့ရစဉ််(ဆင်ဟွာ)

အဆိုပါ သုတေသနဌာန၏ ထုတ်ပြန်ထားသည့် ကိန်းဂဏန်းများအရ မက်ဂါဝါ(Magawa)သည် မြေမြှုပ်မိုင်း (၇၁)လုံးနှင့် အခြား ဖောက်ခွဲရေးပစ္စည်း(၃၈)လုံးကို အနံ့ခံရှာဖွေပေးခဲ့ကြောင်း သိရသည်။ သူ့၏ကြိုးပမ်းမှုကြောင့် ကမ္ဘောဒီးယားနိုင်ငံတွင် စတုရန်းမီတာ (၁၄၁,၀၀၀)ကျော် ဘောလုံးကွင်း(၂၀)ကွင်းစာရှိသည့် မြေနေရာအကျယ်အဝန်းတွင် မြေမြှုပ်မိုင်းနှင့်ဖောက်ခွဲရေးပစ္စည်းများကို ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

တန်ဇန်းနီးယားနိုင်ငံ Morogoroပြည်နယ်တွင် မိုင်းရှာဖွေတတ်ရန် လေ့ကျင့်နေသည့် ကြွက်ကလေးတစ်ကောင်ကို ၂၀၁၈ ခုနှစ် မတ် ၂၃ ရက်က တွေ့ရစဉ််(ဆင်ဟွာ)

ရွပ်ရွပ်ချွန်ချွန်တာဝန်ထမ်းဆောင်မှုကြောင့် မက်ဂါဝါသည် ပြီးခဲ့သည့်နှစ်က ဗြိတိန်၏နာမကျန်းသောတိရစ္ဆာန်လေးများပြည်သူ့ဆေးခန်း(PDSA)၏ ရွှေတံဆိပ်ဆုနှင့် “သူရဲကောင်းကြွက်”ဟူသော အမည်ကို ရရှိခဲ့သည်။ ပရဟိတအသင်းဖြစ်သည့် (PDSA)သည် ၁၉၄၃ ခုနှစ်မှစ၍ တိရစ္ဆာန်လေးများအား ရွှေတံဆိပ်ဆုများ ချီးမြှင့်ခဲ့ရာ မက်ဂါဝါသည် ယင်းဆုကို ရရှိသည့် ပထမဆုံး ကြွက်အမျိုးအစား ဖြစ်ကြောင်း သိရသည်။

မက်ဂါဝါသည် ၂၀၁၄ ခုနှစ်က တန်ဇန်းနီးယားနိုင်ငံတွင် မွေးဖွားခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ကမ္ဘောဒီယားနိုင်ငံ ဆီယမ်ရိမြို့သို့ လာရောက်၍ မိုင်းရှင်းလင်းရေးတာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။ တပ်မှအနားယူပြီးနောက် မက်ဂါဝါသည် မူလနေထိုင်ရာလှောင်အိမ်အတွင်းမှာ ယခင်ကဲ့သို့ အနားယူမည်ဖြစ်ပြီး အချိန်မှန်လေ့ကျင့်ခန်းနှင့်ကျန်းမာရေးစစ်ဆေးမှုများကိုလုပ်ဆောင်သွားမည်ဖြစ်သော်လည်း မိုင်းရှင်းလင်းရေးလှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်တော့မည်မဟုတ်ကြောင်း သိရသည်။ မွေးမြူသည့်ဝန်ထမ်းများက မက်ဂါဝါကို ဟင်းသီးဟင်းရွက်၊ သစ်သီဝလံ၊ ငါးလေးခြောက်နှင့်ဗီတာမင်စသည့် အစားအစာနှင့်ဆေးဝါးများကို ပုံမှန်ကျွေးမွေး စောင့်ရှောက်ပေးမည်ဖြစ်ကြောင်း သိရသည်။

Gliresမျိုးနွယ် တိရစ္ဆာန်လေးများသည် အစားအသောက်ဆုပေးသည့်စနစ်ဖြင့် သတ်မှတ်သည့် အနံ့အသက်ကို အနံ့ခံရှာဖွေနိုင်ကြရာ အာဖရိကကြွက်ကြီးမျိုး(genus Cricetomys)သည် မိုင်းရှင်းလင်းရေးတွင် အသင့်တော်ဆုံးဖြစ်ကြောင်း သိရသည်။ အခြား ကြွက်အမျိုးအစားနှင့်ယှဉ်လျှင် ၎င်းတို့၏သက်တမ်းက ပိုရှည်ရာ (၈)နှစ်အထိနေထိုင်နိုင်ကြောင်း ၊ ခန္ဓာကိုယ်အရွယ်အစားသည် မိုင်းရှိရာနေရာများတွင် သွားလာလှုပ်ရှားရန် သင့်လျော်ပြီး ဖောက်ခွဲရေးပစ္စည်းများကို ကောင်းစွာ ရှာဖွေနိုင်ကြောင်း သိရသည်။ (Xinhua)
…………………………………………
(Chinese Version)

嗅探爆炸物逾百 “扫雷鼠”光荣退役

新华社北京6月6日电(记者袁原)“真川”是一只非洲巨颊囊鼠,过去5年在柬埔寨嗅探出包括地雷在内的逾百件爆炸物,如今光荣退役。
据美联社5日报道,负责训练并照顾“真川”的比利时阿波波研究机构说,尽管“真川”身体健康,但已经到了退役年龄。这家机构说,它的行动“明显开始慢下来”,是时候退役了。

阿波波研究机构提供的数据显示,“真川”共嗅探出71枚地雷和38件其他爆炸物。受益于它的努力,柬埔寨超过14.1万平方米土地得以清除地雷和爆炸物,相当于20个足球场那么大。

由于表现突出,“真川”去年获得英国“救助患病动物民众医务所”授予的金质奖章及“英雄鼠”称号。这家慈善组织自1943年以来向动物颁发金质奖章,“真川”是首只获得该奖章的鼠类。

“真川”2014年出生于坦桑尼亚,2016年来到柬埔寨暹粒扫雷。退役后,“真川”仍将居住在原来的笼子里,按照以往作息生活,定期锻炼和体检,但不会再到雷区活动。饲养人员还将照常给“真川”喂蔬菜、水果、小鱼干和维生素等食物和补品。

不少啮齿类动物能在食物奖励下嗅出指定气味,而非洲巨颊囊鼠最适合探雷。相比其他鼠类,它们寿命较长,能活到8岁左右,体形大小也适宜在雷区活动而不会引爆爆炸物。

图说1:2018年3月23日,在坦桑尼亚莫罗戈罗省,来自阿波波研究机构的工作人员在巨鼠正确识别地雷后喂食香蕉。(新华社记者李斯博摄)
图说2:2018年3月23日,在坦桑尼亚莫罗戈罗省,来自阿波波研究机构的工作人员在训练非洲巨颊囊鼠扫雷。(新华社记者李斯博摄)
图说3:2018年3月23日,在坦桑尼亚莫罗戈罗省,一只非洲巨颊囊鼠在接受扫雷训练。(新华社记者李斯博摄)