Connect with us

Africa & Middle East

တူနီးရှားနိုင်ငံတွင် နိုင်ငံသားအားလုံး COVID-19 ကာကွယ်ဆေးအခမဲ့ ရရှိမည်ဟုဆို

တူနီးရှားနိုင်ငံ တူးနစ်မြို့လယ်ရှိ ဘတ်စ်ကားမှတ်တိုင်တစ်ခုတွင် နှာခေါင်းစည်းတပ်ဆင်ထားသူများကို တွေ့ရစဉ် (ဆင်ဟွာ)

တူးနစ်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တူနီးရှားနိုင်ငံသားအားလုံးအတွက် COVID-19 ကာကွယ်ဆေးများ အခမဲ့ရရှိမည်ဖြစ်ကြောင်း Pasteur Institute ၏ ညွှန်ကြားရေးမှူးချုပ် Hechmi Louzir က ဒီဇင်ဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

ပထမဆုံး COVID-19 ကာကွယ်ဆေးများကို နာတာရှည်ရောဂါခံစားနေရသူများ၊ သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် သတ်မှတ်ထားကြောင်း Louzir က Tunis Afrique Presse သို့ ပြောခဲ့သည်။ ကာကွယ်ဆေးထိုးနှံခြင်းကို မဖြစ်မနေ လုပ်ဆောင်ရမည်ဟု မသတ်မှတ်ထားကြောင်း ဖြည့်စွက်ပြောခဲ့သည်။

တူနီးရှားနိုင်ငံအနေဖြင့် အမေရိကန်ဆေးဝါးကုမ္ပဏီ Pfizer မှ COVID-19 ကာကွယ်ဆေး ၂ သန်း သိုမှီးထားပြီးဖြစ်ကြောင်း ကျန်းမာရေးတာဝန်ရှိသူများက အတည်ပြုပြောခဲ့သည်။အထက်ပါ ကာကွယ်ဆေး တစ်လုံးလျှင် အမေရိကန် ၇ ဒေါ်လာနှုန်းဖြင့် ရရှိရန် သဘောတူလက်မှတ် ရေးထိုးထားကြောင်း တူနီးရှားကျန်းမာရေးဝန်ကြီးဌာနက ထပ်လောင်းပြောကြားခဲ့သည်။

တူနီးရှားနိုင်ငံတွင် ဒီဇင်ဘာ ၁၅ ရက် ညပိုင်း၌ COVID-19 ကူးစက်ခံရသူအသစ် ၁,၄၈၃ ဦး ရှိပြီး စုစုပေါင်းအတည်ပြုလူနာ ၁၁၃,၂၄၁ ဦး အထိ မြင့်တက်လာကြောင်း သတင်းဖော်ပြခဲ့သည်။ တူနီးရှားနိုင်ငံတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေအနေဖြင့် ၃,၉၅၆ ဦးရှိလာပြီဖြစ်ကြောင်း ဝန်ကြီးဌာနက ကြေညာချက်၌ ပြောခဲ့သည်။ (Xinhua)

—————————————-
(English Version)

Tunisia says COVID-19 vaccines to be free for citizens

TUNIS, Dec. 15 (Xinhua) — The COVID-19 vaccines will be free for all Tunisian citizens, Hechmi Louzir, director general of the Pasteur Institute of Tunis, said on Tuesday. Louzir told Tunis Afrique Presse that the first doses of COVID-19 vaccine will be allocated to those suffering from chronic diseases, the elderly, and health workers, adding that the vaccination will not be mandatory.

The health official affirmed that his country has already reserved 2 million doses of COVID-19 vaccines from the American pharmaceutical company Pfizer.
The Tunisian Ministry of Health has signed an agreement to obtain the above-mentioned vaccines at a price of seven U.S. dollars per dose.

On Tuesday night, Tunisia reported 1,483 new COVID-19 cases, raising its total number of infections to 113,241. The death toll from the virus rose by 41 to 3,956 in the North African country, the ministry said in a statement. Enditem

People wearing face masks wait at a bus station in the center of Tunis, Tunisia, Oct. 30, 2020. Tunisian Health Ministry on Friday reported 3,751 new COVID-19 cases, raising the total number of infections to 58,029. Tunisia has tightened precautionary measures amid a rapid spread of COVID-19 across the country, according to a statement released by the government on Thursday. (Photo by Adel Ezzine/Xinhua)