Connect with us

Asia

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဖန်နီမုန်တိုင်းကြောင့် လူသေဆုံးမှုများရှိ

ဖန်နီမုန်တိုင်း တိုက်ခတ်စဉ် ဒက်ကာမြို့ဆိပ်ကမ်း၌ခိုလှုံနေကြသောငါးဖမ်းလှေများ ကိုတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဒက်ကာ၊ မေ ၅ ရက်(ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းသို့ ဆိုင်ကလုန်းမုန်တိုင်း ဖန်နီ မေလ ၄ ရက်တွင်ဝင်ရောက်ခဲ့ပြီးနောက် ကမ်းရိုးတန်းဒေသများကိုအရှိန်ပြင်းစွာတိုက်ခိုက်ခဲ့ရာအနည်းဆုံးလူသုံးဦးသေဆုံးခဲ့ကြောင်း ဘင်္ဂလား ဒေ့ရှ်သဘာဝဘေးစီမံခန့်ခွဲရေးနှင့်ကယ်ဆယ်ရေးဝန်ကြီးဌာနဝန်ကြီး မာတတ်အူဒင်(Mahtab Uddin) က ဆင်ဟွာသတင်း ဌာနသို့ ပြောကြားခဲ့သည်။

မေလ ၄ ရက်အစောပိုင်းကဝင်ရောက်တိုက်ခိုက်ခဲ့သော ဖန်နီမုန်တိုင်းကြောင့်အနည်းဆုံး လူ ၆၃ ဦး လည်းဒဏ်ရာရခဲ့ကြောင်း သဘာဝဘေးစီမံခန့်ခွဲရေးနှင့်ကယ်ဆယ်ရေးဝန်ကြီးဌာန အတွင်းဝန် အမ်ဒီ ရှားကာမယ်လ် (Md Shah Kamal) ကလည်းပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း ဘီဂါဟတ်ခရိုင်တွင်ဖန်နီမုန်တိုင်းကြောင့်ရေလွှမ်းမိုးမှု များကိုတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း ဘီဂါဟတ်ခရိုင်အတွင်း ဖန်နီမုန်တိုင်းဒဏ်ကြောင့်ပျက် စီးသွားသော တမံတစ်ခုကို သဲအိတ်များချ၍ ပြုပြင်နေစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း ဘီဂါဟတ်ခရိုင်ကမ်းခြေတွင် ဖန်နီမုန်တိုင်းတိုက်ခတ်မှု ကြောင့် ရေလှိုင်းများမြင့်တက်လာစဉ်(ဓာတ်ပုံ-အင်တာနက်)

သို့ရာတွင် NTV ရုပ်မြင်သံကြားဌာနကမူ မုန်တိုင်းကြောင့်သေဆုံးသူ ခုနှစ်ယောက်ရှိကြောင်း၊အိမ်အ လုံးရေ ၁,၀၀၀ ခန့်လည်းပျက်စီးသွားခဲ့ကြောင်းပြောခဲ့သည်။တာဝန်ရှိသူများကလည်း ဖန်နီမုန်တိုင်း ကြောင့် အိမ်များပျက်စီး၊သစ်ပင်များလဲ၊ လျှပ်စစ်ဓါတ်အားနှင့်ဆက်သွယ်ရေးလိုင်းများပြတ်တောက် ကာ ရထား၊ကားလမ်းနှင့်လေကြောင်းပို့ဆောင်ရေးတို့ပါ ရပ်ဆိုင်းသွားကြောင်းပြောခဲ့သည်။

ရုပ်မြင်သံကြားပြသမှုများတွင် ကြီးမားစွာရေလွှမ်းမိုးနေသောကမ်းရိုးတန်းဒေသများ၌ လူထောင်ပေါင်း များစွာကိုရွှေ့ပြောင်းကယ်ဆယ်မှုများပြုလုပ်ပေးနေသည်ကိုတွေ့ကြရသည်။ဘင်္ဂလားဒေ့ရှ်နိုင်ငံမိုးလေ ဝသ ဦးစီးဌာနညွှန်ကြားရေးမှူး ရှမ်ဆတ်ဒင်အာမက်(Shamsuddin Ahmed) က ဖန်နီမုန်တိုင်းမှာအား ကောင်းသော လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ တစ်ဖြည်းဖြည်း အားလျော့ကျလျက်ရှိကြောင်း ပြောခဲ့သည်။

ငါးဖမ်းသင်္ဘောများ၊ဆွဲသင်္ဘောများနှင့်ပင်လယ်အတွင်းသွားလာနေသောရေကြောင်းယာဉ်မျာအားလုံး နောက်ထပ်သတိပေးချက် မထုတ်ပြန်မချင်းအကာအကွယ်ရှိရာ ကမ်းများသို့ရပ်နားခိုလှုံကြရန် အကြံ ပေးထားကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.