Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံတွင် Sinovac ၏ COVID-19 ကာကွယ်ဆေး အရေးပေါ်သုံးစွဲခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ် ဆူရာဘာယာမြို့တွင် တရုတ်နိုင်ငံ ဇီဝဆေးဝါးကုမ္ပဏီ Sinovac Biotech မှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးပါဝင်သော သေတ္တာကို တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

အင်ဒိုနီးရှားနိုင်ငံတွင် ဇန်နဝါရီ ၁၃ ရက်၌ COVID-19 ကာကွယ်ဆေးထိုးနှံရန် စတင်စီစဉ် ဆောင်ရွက်မည်ဖြစ်သောကြောင့် အစားအစာနှင့် ဆေးဝါးအာဏာပိုင်အဖွဲ့ BPOM က Sinovac ကုမ္ပဏီ၏ COVID-19 ကာကွယ်ဆေးကို အရေးပေါ်သုံးစွဲခွင့်ပြုလိုက်ကြောင်း ဇန်နဝါရီ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

က Padjadjaran တက္ကသိုလ်တွင် အဆင့် ၃ စမ်းသပ်မှု ပြုလုပ်ခဲ့ပြီးဖြစ်သည့် တရုတ်ဇီဝဆေးဝါးကုမ္ပဏီ Sinovac Biotech က ထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေးသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ဘေးကင်းသော စံနှုန်းများနှင့်ကိုက်ညီကြောင်း BPOM အကြီးအကဲ Penny Lukito က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
ဘေးကင်းသော အချက်အလက်များအရ ၎င်းရလဒ်များသည် အင်ဒိုနီးရှား၊ ဘရာဇီးနှင့် တူရကီ စသည့်နိုင်ငံများတွင် ပြုလုပ်ခဲ့သည့် အနည်းငယ်မှ အလယ်အလတ်အထိ ဘေးထွက်ဆိုးကျိုးဖြစ်ရပ်သာရှိခဲ့ပြီး ယေဘုယျအားဖြင့် ဘေးကင်းစိတ်ချမှုရှိသော လက်တွေ့စမ်းသပ်မှုအဆင့် ၃ မှ ရရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

Sinovac ကုမ္ပဏီမှ ဆေးအလုံးပေါင်း ၁၅ သန်းစာ ကုန်ကြမ်းပစ္စည်းများကို ဇန်နဝါရီ ၁၂ ရက်တွင် လက်ခံရရှိမည်ဖြစ်ကြောင်း အင်ဒိုနီးရှား ကျန်းမာရေးဝန်ကြီး Budi Gunadi Sadikin က ဇန်နဝါရီ ၁၁ ရက်က ပြောခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံတွင် ဇန်နဝါရီ ၁၁ ရက် မွန်းလွဲပိုင်းအထိ COVID-19 ကူးစက်ခံရကြောင်း အတည်ပြုလူနာဦးရေ ၈၀၀,၀၀၀ ရှိပြီး ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ကြောင့် နိုင်ငံတစ်ဝန်း လူပေါင်း၂၄,၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာန အဆိုအရ သိရသည်။ (Xinhua)

…………………………………………
(English Version)

Indonesia issues emergency use authorization for Sinovac COVID-19 vaccine

The COVID-19 vaccine produced by the Chinese biopharmaceutical company Sinovac Biotech met the safety standards set by the World Health Organization.
JAKARTA, Jan. 12 (Xinhua) — Indonesia’s food and drug authority BPOM on Monday issued the emergency use authorization for Sinovac’s COVID-19 vaccine as the country will begin administering doses of COVID-19 vaccine on Wednesday.

At a press conference, BPOM chief Penny Lukito said that the COVID-19 vaccine produced by the Chinese biopharmaceutical company Sinovac Biotech, which had been tested in the phase 3 at Padjadjaran University, met the safety standards set by the World Health Organization.

The evaluation results of the supporting safety data obtained from the third phase of clinical studies in Indonesia, Brazil and Turkey are overall safe with the incidence of mild to moderate side effects, she said.

Indonesian Health Minister Budi Gunadi Sadikin said Monday that the 15 million doses of the raw materials from Sinovac will be received on Tuesday.
As of Monday afternoon, there have been more than 800,000 confirmed cases of COVID-19 reported in Indonesia. The coronavirus epidemic has claimed more than 24,000 lives across the archipelago, according to the Health Ministry.■

A health worker unloads a box containing COVID-19 vaccines made by the Chinese biopharmaceutical company Sinovac Biotech in Surabaya, East Java, Indonesia, Jan. 4, 2021. (Photo by Surya Betha/Xinhua)