Connect with us

Science & Technology

တရုတ် နိုင်ငံ၌ ဂျာမန် ဓာတု ကုမ္ပဏီကြီး BASF က စက်ရုံသစ်များ တည်ဆောက်မည်

တရုတ်နိုင်ငံရှိ စက်ရုံ လုပ်ငန်းခွင် တစ်ခုအား တွေ့ ရစဉ်(ဆင်ဟွာ)

ကွမ်ကျိုး ၊ မေ ၂၂ ရက်(ဆင်ဟွာ)

ဂျာမန် ဓာတုကုမ္ပဏီကြီး BASF က စက်ရုံသစ် နှစ်ရုံအား တရုတ် နိုင်ငံ တောင်ပိုင်း ကျန့်ကျန်း (Zhanjiang) မြို ့၏ Verbund ဓာတုပစ္စည်းများ ထုတ်လုပ်သော နေရာ၌ တည်ဆောက်ရန် စီစဉ်ထားကြောင်း မေ ၂၁ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ စက်ရုံသစ် နှစ်ရုံတွင် စက်ရုံ တစ်ရုံမှာ ပလတ်စတစ် ဒြပ်ပေါင်း ပြုလုပ်ခြင်း အတွက် ဖြစ်ပြီး နောက်ထပ် စက်ရုံ တစ်ရုံမှာ သာမို ပလက်စတစ် ပိုလီယူရီသိန်း(TPU) ထုတ်လုပ်ရန် အတွက် ဖြစ်ကြောင်း ၊ စက်ရုံ များအား ၂၀၂၂ ခုနှစ်တွင် လည်ပတ်နိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။

ထိုပလတ်စတစ် ဒြပ်ပေါင်း ပြုလုပ်မည့် စက်ရုံသစ်က BASF ပလတ်စတစ် ဒြပ်ပေါင်းများ နှစ်စဉ် တန် ၆၀,၀၀၀ ထောက်ပံ့နိုင်ရန် မျှော်လင့်ကြောင်း သိရသည်။

တရုတ် နိုင်ငံ ကျန့်ကျန်းမြို ့၌ စီစဉ်ခဲ့သည့် Verbund နေရာသည် BASF ၏ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှု ဖြစ်လာမည် ဖြစ်ကာ အပြီးသတ်ချိန်တွင် အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံ အထိ ရှိမည်ဟု ခန့်မှန်း ထားကြောင်း သိရသည်။

BASF ၏ Greater China က အကြီးအကဲ နှင့် ဥက္ကဋ္ဌ ဖြစ်သူ Stephan Kothrade က တရုတ် နိုင်ငံ တောင်ပိုင်း ဈေးကွက် အတွက် ဓာတုထုတ်ကုန်များကို ထောက်ပံ့နေကြောင်း နှင့် ၎င်း၏ ကုမ္ပဏီသည် ထုတ်လုပ်မှု နေရာ အသစ်မှာ စွမ်းဆောင်နိုင်ရည် လိုအပ်သည်ဟု အလွန် ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ဒေသ အသီးသီး နှင့် နိုင်ငံများတွင် ပြည်တွင်း ထုတ်လုပ်မှု စွမ်းရည်များ ထူထောင်ရန် BASF အနေဖြင့် အမြဲတမ်း မဟာဗျူဟာများ ချမှတ်ခဲ့ကြောင်း ၊ ထိုကြောင့် မိမိတို့၏ ဖောက်သည်များ အတွက် အရည်အသွေး မြင့်မားသော ထုတ်ကုန်များအား ထောက်ပံ့နိုင်သည်ဟု ၎င်းက ပြောကြားခဲ့သည်။(Xinhua)